Wednesday 9 October 2013

အာ ဆီယံ ဥက္ကဋ္ဌရာထူး လက်ခံယူမည့် သမ္မတ ဦးသိန်းစိန်၏ ပြည်ပ ခရီးစဉ်တွင် ဇနီးဖြစ်သူ ပထမဆုံးအကြိမ် အဖြစ်လိုက်ပါ

Photo: အာ ဆီယံ ဥက္ကဋ္ဌရာထူး လက်ခံယူမည့် သမ္မတ ဦးသိန်းစိန်၏ ပြည်ပ ခရီးစဉ်တွင် ဇနီးဖြစ်သူ ပထမဆုံးအကြိမ် အဖြစ်လိုက်ပါ
Wednesday, October 9, 2013

နိုင်ငံ တော်သမ္မတဦးသိန်းစိန်၏ အာ ဆီယံ ဥက္ကဋ္ဌရာထူးလွှဲပြောင်းရယူ မည့် အာဆီယံထိပ်သီးအစည်း အဝေးခရီးစဉ်တွင် သမ္မတ၏ ပြည်ပ ခရီးစဉ်များတစ်လျှောက် လိုက်ပါ ခြင်းမရှိခဲ့သော ဇနီးဖြစ်သူ ဒေါ်ခင် ခင်ဝင်းသည် ပထမဆုံးအကြိမ် အဖြစ် နိုင်ငံတော်သမ္မတ၏ အာ ဆီယံထိပ်သီးအစည်းအဝေး ခရီး စဉ်တွင် လိုက်ပါသွားကြောင်း သိရ သည်။

''သမ္မတကြီးဦးသိန်းစိန်က ဒီအစည်းအဝေးမှာ အာဆီယံ ဥက္ကဋ္ဌရာထူးကို လွှဲပြောင်းလက်ခံ မှာဖြစ်ပါတယ်။ ဒါ့ကြောင့် သမ္မတ ကြီးဦးသိန်းစိန် ဇနီးဒေါ်ခင်ခင်ဝင်း က သမ္မတကြီးရဲ့ ပြည်ပခရီးစဉ် တွေထဲမှာ ပထမဆုံးအကြိမ်အဖြစ် လိုက်ပါသွားတာဖြစ်ပါတယ်''ဟု နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်း စိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့ ဦး ဆောင်သည့် ချစ်ကြည်ရေး ကိုယ် စားလှယ်အဖွဲ့သည် ဘရူနိုင်း ဒါ ရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန် မြို့၌ အောက်တိုဘာ ၉ရက်နှင့် ၁ဝရက်များတွင် ကျင်းပမည့် (၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်ရန် အောက်တိုဘာ ၈ရက်က ထွက်ခွာ သွားခဲ့ခြင်းဖြစ်သည်။

အာဆီယံထိပ်သီးအစည်း အဝေးသို့ အာဆီယံနိုင်ငံများအ ပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီး ယား၊ ရုရှား၊ အမေရိကန်နှင့် အိန္ဒိယ နိုင်ငံတို့ တက်ရောက်ကြမည်ဖြစ် ကြောင်း သိရသည်။

YangonMedia
နိုင်ငံ တော်သမ္မတဦးသိန်းစိန်၏ အာဆီယံ ဥက္ကဋ္ဌရာထူးလွှဲပြောင်းရယူမည့် အာဆီယံထိပ်သီးအစည်း အဝေးခရီးစဉ်တွင် သမ္မတ၏ ပြည်ပ ခရီးစဉ်များတစ်လျှောက် လိုက်ပါ ခြင်းမရှိခဲ့သော ဇနီးဖြစ်သူ ဒေါ်ခင် ခင်ဝင်းသည် ပထမဆုံးအကြိမ် အဖြစ် နိုင်ငံတော်သမ္မတ၏ အာ ဆီယံထိပ်သီးအစည်းအဝေး ခရီး စဉ်တွင် လိုက်ပါသွားကြောင်း သိရသည်။
''သမ္မတကြီးဦးသိန်းစိန်က ဒီအစည်းအဝေးမှာ အာဆီယံ ဥက္ကဋ္ဌရာထူးကို လွှဲပြောင်းလက်ခံ မှာဖြစ်ပါတယ်။ ဒါ့ကြောင့် သမ္မတ ကြီးဦးသိန်းစိန် ဇနီးဒေါ်ခင်ခင်ဝင်း က သမ္မတကြီးရဲ့ ပြည်ပခရီးစဉ် တွေထဲမှာ ပထမဆုံး အကြိမ်အဖြစ် လိုက်ပါသွားတာဖြစ်ပါတယ်''ဟု နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့ ဦး ဆောင်သည့် ချစ်ကြည်ရေး ကိုယ် စားလှယ် အဖွဲ့သည် ဘရူနိုင်း ဒါ ရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန် မြို့၌ အောက်တိုဘာ ၉ရက်နှင့် ၁ဝရက်များတွင် ကျင်းပမည့် (၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်ရန် အောက်တိုဘာ ၈ရက်က ထွက်ခွာ သွားခဲ့ခြင်းဖြစ်သည်။

အာဆီယံထိပ်သီးအစည်း အဝေးသို့ အာဆီယံနိုင်ငံများအ ပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီး ယား၊ ရုရှား၊ အမေရိကန်နှင့် အိန္ဒိယ နိုင်ငံတို့ တက်ရောက်ကြမည်ဖြစ် ကြောင်း သိရသည်။

YangonMedia

No comments:

Post a Comment