Wednesday 9 October 2013

မြစ်ကြီးနားတွေ့ဆုံပွဲ ပထမနေ့၌ မတရားအသင်းပုဒ်မဖြင့်ကေအိုင်အို ဘက်မှ အရေးယူခံထားသူများ လွတ်မြောက်လာ

KIOနှင့် အစိုးရအဖွဲ့တွေ့ဆုံပွဲ သုံးရက်တာကာလအတွင်း၌ ခေါင်းစဉ်ငါးခုဖြင့် ဆွေးနွေးမှုများပြုလုပ် သွားမည် ဖြစ်သော်လည်း အောက်တိုဘာ(၈)ရက် ပထမနေ့၌ ခေါင်းစဉ်တစ်ခုသာ ဆွေးနွေးနိုင် သည်ဟု ဆွေးနွေးပွဲ တက်ရောက်သူများထံမှ သိရှိရသည်။
“တိုးတက်ဖြစ်ထွန်းမှုများဆိုတဲ့ ခေါင်းစဉ်နဲ့ စောင့်ကြည့်လေလာရေးအဖွဲ့ဖွဲ့စည်းရေးဆိုတဲ့ ခေါင်းစဉ်နှစ်ခု ဒုတိယခေါင်းစဉ်ကတော့ မပြီးခဲ့ဘူး ပထမခေါင်းစဉ်တော့ပြီးသွားတယ်” ဟု ပြည်ထောင်စုငြိမ်း ချမ်းေ ရး ဖော်ေ ဆာင်ရေး လုပ်ငန်းကော်မတီ၊ နည်းပညာ အထောက်အကူပြုအဖွဲ့မှ ဦးလှမောင်ရွှေက ပြောသည်။

စောင့်ကြည့်လေ့လာရေးအဖွဲ့ ဖွဲ့စည်းရေးဆိုသည့်ခေါင်းစဉ်အား အောက်တိုဘာ(၉)ရက်နေ့ တွေ့ဆုံမှု၌ ဆက်လက်ဆွေးနွေး သွားမည်ဟု သိရသည်။

နှစ်ဘက်အဖွဲ့အစည်းများ၏ တိုးတက်ဖြစ်ထွန်းမှုများ ခေါင်းစဉ်အောက်တွင် ၀န်ကြီးဦးအောင်မင်း၏ ပြော စကားမျာအရ KIO ဖက် မှလူများကို မတရားသင်းနှင့်ဆက်သွယ်မှုပုဒ်မများအရဖမ်းဆီးမှု ပုဒ်မ-၁၇(၁)နှင့် ၁၇(၂)များမှ ပြန်လွှတ်ပေးနိုင်ခဲ့ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားမှုများမှလျော့ကျလာသည်ကို တွေ့ရကြောင်း ဦးလှမောင်ရွှေက ဆိုသည်။

“KIO နဲ့ပတ်သက်တဲ့ ပုဒ်မ ၁၇(၁) နဲ့(၂)အရ ဖမ်းထားတဲ့လူက ကျန်တောင် မကျန်တော့ဘူး ဒါဖြစ်ပေါ် တိုးတက်မှုပဲ၊ ပြီးတော့ ပြောတာဆိုရင် တိုက်ပွဲကြီးတစ်ကြိမ်ဖြစ်ခဲ့တယ်၊ ကျန်တဲ့တိုက်ပွဲငယ် ထိတွေ့မှု ၂၉ ကြိမ်ရှိခဲ့တာ အဲ့ဒါမှန်တယ် အရင်တုန်းက တစ်နေ့ကို တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်လောက်ဖြစ်တဲ့ တိုက်ပွဲတွေ ထက်စာရင် ဒါအများကြီးကို လျှော့ချနိုင်တဲ့ဟာကို ထောက် ပြတာ” ဟု ဦးလှမောင်ရွှေ က ပြောသည်။

KIOနှင့် အစိုးရအဖွဲ့ ၂၀၁၃ မေ(၃၀)ရက်နေ့က တွေ့ဆုံဆွေးခဲ့ပြီး သဘောတူညီချက် ထားရှိခဲ့သည် အချက်များအနက် အချို့အချက်များကိုသာ အောင်မြင်အောင်ပြုလုပ်နိုင်ပြီး အချို့အချက်များမှာ ကျေးနပ် အားရဖွယ်မရှိဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲမှ ဦးဆန်းအောင် က ပြောသည်။

“နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ ထိပ်ဆုံးကပါတဲ့ဟာတော့ ဘာမှမလုပ်နိုင်သေးဘူးပေါ့ ဘာမှရှေ့မတိုး နိုင်သေး ဘူး၊ အစိုးရလည်း နိုင်ငံ ရေးဆွေးနွေးပွဲကတော့ အဲ့ဒါစကားဟတာ မကြားသေးဘူးပြီးရင် Technical Team ဖွဲ့ပြီး မြစ်ကြီးနားမှာ ရုံးထိုင်မယ်၊ ဆိုတာ ကတော့ လုပ်ပြီးသားပေါ့ ပြီးရင် ရှေ့တန်းမှာဖြစ် နေတဲ့ကိစ္စပေါ့ တပ်တွေရဲ့ ကိစ္စတွေကို ညှိုနှိုင်းပြီးမှ အတက်နိုင်ဆုံး အတော်အတန် လျှော့နိုင်တဲ့ အနေ အထားတော့ ရောက်နေပြီပေါ့၊ ဒါပေမဲ့ အားရတဲ့အနေအထားတော့ မတွေ့ရသေးဘူးပေါ့ ” ဟု ဦးဆန်းအောင်က ပြောသည်။

သုံးရက်တာတွေ့ဆုံပွဲ၌ နှစ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံလျှင် ဆွေးနွေးသွားမည့် ခေါင်းစဉ်ငါးခုမှာ (၁) အဖွဲ့ နှစ်ဖွဲ့၏ ဆွေးနွေးမှု ဖြစ်ပေါ်တိုးတက်မှုများ၊(၂) IDP(ပြည်တွင်းစစ်ပြေးဒုက္ခသည်များ)ကိစ္စ၊ (၃) တပ်ပိုင်းဆိုင်ရာကိစ္စ၊ (၄) နိုင်ငံရေး၊ (၅) အထွေထွေ ကိစ္စရပ်များ ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ေ ထာင် စု ၀န်ကြီး ဦးအောင်းမင်းအပါအ၀င် အစိုးရစစ်တပ်မှ တာဝန်ရှိသူများ၊ KIO မှ တာဝန်ရှိသူ များ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့ တက်ရောက်ခဲ့ကြသည်။ KIOနှင့် အစိုးရ အဖွဲ့ ငြိမ်းချမ်းရေး တွေ့ဆုံပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ အောက်တိုဘာ (၈)ရက်နေ့မှ (၁၀)ရက်နေ့ ထိ ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အောက်တိုဘာဘ(၈)ရက်နေ့က လွတ်မြောက်လာေ သာ နိုင်ငံရေးအကျဉ်း သားများမှာ အင်းစိန်ထောင်မှ(၁)ဦး၊ ကလေးထောင်မှ (၄)ဦး၊ ဗန်းမော်ထောင်မှ (၇)ဦး၊ ခန္တီးထောင်(၁)ဦး၊ ကသာထောင်(၁)ဦး၊ ကျိုင်းတုံထောင်(၆)ဦး၊ လားရှိုး ထောင်(၁၅)ဦး၊ မိတ္ထီလာထောင်(၄)ဦး၊ မိုင်းဆက် ထောင်(၂)ဦး၊ မြောင်းမြထောင်(၁)ဦး၊ မြစ်ကြီးနား ထောင်(၁)ဦး၊ သီပေါထောင်(၁၁)ဦး၊ တောင်ကြီးထောင်(၁)ဦးနှင့် မော်လမြိုင်ထောင်မှ(၁)ဦးစသည်ဖြင့် စုစုပေါင်း(၅၆)ဦး လွတ်ငြိမ်းချမ်းသာ ခွင့်ရရှိခဲ့သည်။

လွတ်မြောက်လာသည့်အမှုများ၌ မတရားအသင်း ပုဒ်မ-၁၇(၁)၊ ၁၇(၂) အမှုများကြောင်းနှင့် တိုင်းရင်း သား ဒေသများမှ မတရား အသင်းဖွဲ့ဆိုင်ရာပုဒ်မဖြင့် တရားစွဲခံထားရသူများ လွတ်မြောက်မှု များကြောင်းနှင့် ကချင်နှင့် ရှမ်းတိုင်းရင်းသား အများစု ပါဝင် သလို တပ်မတော်အရာရှိဟောင်းတစ်ဦး ပါဝင်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်ထံမှ သိရသည်

KN

No comments:

Post a Comment