Wednesday 9 October 2013

တရုတ်က ၂၀၂၀ ပြည့်နှစ် မတိုင်မီ ထိုင်ဝမ်ကို ကျူးကျော်နိုင်သည့် စွမ်းရည်ပိုင်ဆိုင်ထားကြောင်း ထိုင်ဝမ်စစ်တပ် ထုတ်ပြန်

Photo: တရုတ်က ၂၀၂၀ ပြည့်နှစ် မတိုင်မီ ထိုင်ဝမ်ကို ကျူးကျော်နိုင်သည့် စွမ်းရည်ပိုင်ဆိုင်ထားကြောင်း ထိုင်ဝမ်စစ်တပ် ထုတ်ပြန်
Wednesday, October 9, 2013

တရုတ်သည် ပြီးခဲ့သည့် ၁၀ စုနှစ် နှစ်ခုအတွင်း စစ်ရေးအင်အား တိုးချဲ့မှု ပြုလုပ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် မရောက်မီ ထိုင်ဝမ်ကို ကျူးကျော်နိုင်သည့် စွမ်းရည် ပိုင်ဆိုင်လာမည်ဖြစ်ကြောင်း ထိုင်ဝမ်စစ်တပ်က အောက်တိုဘာ ၈ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်သည်။ ပြီးခဲ့သော နှစ် ၂၀ အတွင်း တရုတ်၏ စစ်ရေးအသုံးစရိတ်သည် နှစ်စဉ်ပျမ်းမျှ ဂဏန်းနှစ်လုံးစာ တိုးတက်ခဲ့ကြောင်း ထိုင်ဝမ်၏ ၂၀၁၃ ခုနှစ် အမျိုးသား ကာကွယ်ရေး အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

တရုတ်သည် စစ်ရေးအင်အား တိုးချဲ့မှုအပြင် လက်နက်များကို သုတေသန ပြုလုပ်မှုနှင့် ထုတ်လုပ်မှုမှာလည်း အလွန်အမင်း တိုးတက်ခဲ့သဖြင့် ထိုင်ဝမ်အတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုဖြစ်ကြောင်း ယင်းအစီရင်ခံစာက ဆိုသည်။ တရုတ်တွင် ပြည်တွင်းထုတ်နှင့် ရုရှားမှ ၀ယ်ယူခဲ့သော လက်နက်သစ်များတွင် နျူစွမ်းအင်သုံးနှင့် သမားရိုးကျ ရေငုပ်သင်္ဘောများ၊ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ၊ ရေဒါပျောက် တိုက်လေယာဉ်များ၊ လေကြောင်းကာကွယ်ရေး ဒုံးခွင်းစနစ်များ ပါဝင်ကြောင်း ထိုင်ဝမ်က ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် မတိုင်မီ ထိုင်ဝမ်မဟာမိတ်များက ထိုင်ဝမ်ဘက်မှ အကူအညီပေးလျှင်ပင် တရုတ်ကွန်မြူနစ်က ၀င်ရောက်ကျူးကျော်နိုင်သည့် စွမ်းရည် ပိုင်ဆိုင်ထားကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ တရုတ်သည် ထိုင်ဝမ်ကို အနည်းဆုံး ပဲ့ထိန်းဒုံးကျည် ၁၆၀၀ ဖြင့် ချိန်ရွယ်ထားကြောင်း စစ်ရေးသုတေသီများက ဆိုသည်။ ၁၉၄၉ ခုနှစ်တွင် ပြည်တွင်းစစ် အပြီး၌ တရုတ်နှင့် ထိုင်ဝမ်တို့ တစ်နိုင်ငံစီ ကွဲသွားခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

ဇန်န၀ါရီလ အတွင်းက စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်လုပ် အမ်-၆၀ တင့်ကားများကို မောင်းနှင်လေ့ကျင့်နေသော ထိုင်ဝမ်စစ်သားများ (Photo:AFP)
ဇန်န၀ါရီလ အတွင်းက စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်လုပ် အမ်-၆၀ တင့်ကားများကို မောင်းနှင်လေ့ကျင့်နေသော ထိုင်ဝမ်စစ်သားများ (Photo:AFP)


တရုတ်သည် ပြီးခဲ့သည့် ၁၀ စုနှစ် နှစ်ခုအတွင်း စစ်ရေးအင်အား တိုးချဲ့မှု ပြုလုပ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် မရောက်မီ ထိုင်ဝမ်ကို ကျူးကျော်နိုင်သည့် စွမ်းရည် ပိုင်ဆိုင်လာမည်ဖြစ်ကြောင်း ထိုင်ဝမ်စစ်တပ်က အောက်တိုဘာ ၈ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်သည်။ ပြီးခဲ့သော နှစ် ၂၀ အတွင်း တရုတ်၏ စစ်ရေးအသုံးစရိတ်သည် နှစ်စဉ်ပျမ်းမျှ ဂဏန်းနှစ်လုံးစာ တိုးတက်ခဲ့ကြောင်း ထိုင်ဝမ်၏ ၂၀၁၃ ခုနှစ် အမျိုးသား ကာကွယ်ရေး အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

တရုတ်သည် စစ်ရေးအင်အား တိုးချဲ့မှုအပြင် လက်နက်များကို သုတေသန ပြုလုပ်မှုနှင့် ထုတ်လုပ်မှုမှာလည်း အလွန်အမင်း တိုးတက်ခဲ့သဖြင့် ထိုင်ဝမ်အတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုဖြစ်ကြောင်း ယင်းအစီရင်ခံစာက ဆိုသည်။ တရုတ်တွင် ပြည်တွင်းထုတ်နှင့် ရုရှားမှ ၀ယ်ယူခဲ့သော လက်နက်သစ်များတွင် နျူစွမ်းအင်သုံးနှင့် သမားရိုးကျ ရေငုပ်သင်္ဘောများ၊ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ၊ ရေဒါပျောက် တိုက်လေယာဉ်များ၊ လေကြောင်းကာကွယ်ရေး ဒုံးခွင်းစနစ်များ ပါဝင်ကြောင်း ထိုင်ဝမ်က ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် မတိုင်မီ ထိုင်ဝမ်မဟာမိတ်များက ထိုင်ဝမ်ဘက်မှ အကူအညီပေးလျှင်ပင် တရုတ်ကွန်မြူနစ်က ၀င်ရောက် ကျူးကျော်နိုင် သည့် စွမ်းရည် ပိုင်ဆိုင်ထားကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ တရုတ်သည် ထိုင်ဝမ်ကို အနည်းဆုံး ပဲ့ထိန်းဒုံးကျည် ၁၆၀၀ ဖြင့် ချိန်ရွယ်ထားကြောင်း စစ်ရေးသုတေသီများက ဆိုသည်။ ၁၉၄၉ ခုနှစ်တွင် ပြည်တွင်းစစ် အပြီး၌ တရုတ်နှင့် ထိုင်ဝမ်တို့ တစ်နိုင်ငံစီ ကွဲသွားခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment