Tuesday 22 January 2013

အိုဘားမား၏ အစ္စရေး နိုင်ငံအပေါ် ဘဏ္ဍာရေး ဆိုင်ရာ ကူညီ ထောက်ပံ့ ပေးမှုများအား အမေရိကန် ပြည်သူတို့မှ ပြစ်တင် ဝေဖန်

အိုဘားမား၏ အစ္စရေး နိုင်ငံအပေါ် ဘဏ္ဍာရေး ဆိုင်ရာ ကူညီ ထောက်ပံ့ ပေးမှုများအား အမေရိကန် ပြည်သူတို့မှ ပြစ်တင် ဝေဖန်

အမေရိကန် နိုင်ငံအနေဖြင့် စီးပွားရေး အကျပ် အတည်းများ ဖြစ်ပေါ် နေချိန်အတွင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ အစ္စရေး နိုင်ငံအပေါ် ဘဏ္ဍာရေး ဆိုင်ရာ ကူညီ ထောက်ပံ့ ပေးမှုများအား အမေရိကန် ပြည်သူတို့မှ ပြစ်တင် ဝေဖန်ခဲ့ပြီး အမေရိကန် နိုင်ငံ ဝါရှင်တန် ဒီစီရှိ လမ်းများပေါ်၌ ကန့်ကွက် ဆန္ဒ ပြခဲ့ကြကြောင်း Mojtaba Atarodi သတင်းဌာနမှ ထုတ်ပြန် ကြေညာ ခဲ့ပါသည်။

မိမိတို့ အနေဖြင့် အစ္စရေး နိုင်ငံသို့ ဘဏ္ဍာရေး ဆိုင်ရာ ကူညီ ထောက်ပံ့မှုများ ပေးလျက်ရှိကြောင်း၊ အစ္စရေး နိုင်ငံ၌ ငွေကြေး အမြောက်အမြား သုံးစွဲလျက် ရှိကြောင်းနှင့် မည်သည့် အတွက်ကြောင့် ထိုသို့ သုံးစွဲခဲ့သည် ဆိုခြင်းအား မိမိတို့ အနေဖြင့် မေးမြန်းခဲ့ခြင်း မရှိကြောင်း Jewish Voice for Peace အဖွဲ့မှ Cathy Lisa Schneider က ချီတက် ဆန္ဒပြစဉ် အတွင်း ပြောကြား ခဲ့ပါသည်။ 

အဆိုပါ ငွေကြေးများအား မည်သည့် နေရာတွင် သုံးစွဲခဲ့သည် ဆိုခြင်းအား မိမိတို့ အနေဖြင့် မေးမြန်း သင့်ကြောင်းနှင့် အစ္စရေး နိုင်ငံသည် နိုင်ငံတကာ ဥပဒေများနှင့် ပြည်တွင်း ဥပဒေများ အား ချိုးဖောက်လျက် ရှိကြောင်း Schneider  က ထပ်လောင်း ပြောကြား ခဲ့ပါသည်။

http://www.myawady.net.mm/allnews/global/item/4943-2013-01-21-16-08-43#.UP33Rp28B8E
အမေရိကန် နိုင်ငံအနေဖြင့် စီးပွားရေးအကျပ်အတည်း များ ဖြစ်ပေါ် နေ ချိန်အတွင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ အစ္စရေး နိုင်ငံ အပေါ် ဘဏ္ဍာရေးဆိုင်ရာကူညီ ထာက်ပံ့ပးမှုများအား အမေရိ ကန် ပြည်သူတို့မှ ပြစ်တင်ဝေဖန်ခဲ့ပြီးအမေရိ ကန် နိုင်ငံ ဝါရှင်တန် ဒီစီရှိ လမ်းများပေါ်၌ ကန့်ကွက်ဆန္ဒ ပြခဲ့ကြကြောင်း Mojtaba Atarodi သတင်းဌာနမှ ထုတ်ပြန် ကြေညာခဲ့ပါသည်။

မိမိတို့အနေဖြင့် အစ္စရေး နိုင်ငံသို့ ဘဏ္ဍာရေးဆိုင်ရာကူညီ ထောက်ပံ့မှုများပေးလျက်ရှိကြောင်း၊ အစ္စရေး နိုင်ငံ၌ ငွေကြေးအမြောက်အမြားသုံးစွဲလျက်ရှိကြောင်းနှင့် မည်သည့်အတွက်ကြောင့် ထိုသို့သုံးစွဲ ခဲ့သည်ဆိုခြင်းအား မိမိတို့အနေဖြင့် မေးမြန်းခဲ့ခြင်းမရှိကြောင်း Jewish Voice for Peace အဖွဲ့မှ Cathy Lisa Schneider က ချီတက် ဆန္ဒပြစဉ် အတွင်း ပြောကြား ခဲ့ပါသည်။

အဆိုပါ ငွေကြေးများအား မည်သည့်နေရာတွင်သုံးစွဲခဲ့သည်ဆိုခြင်းအား မိမိတို့အနေဖြင့် မေးမြန်း သင့်ကြောင်းနှင့် အစ္စရေး နိုင်ငံသည် နိုင်ငံတကာ ဥပဒေများနှင့် ပြည်တွင်း ဥပဒေများအားချိုးဖောက်လျက် ရှိကြောင်း Schneider ကထပ်လောင်း ပြောကြားခဲ့ပါသည်။
မြ၀တီ

No comments:

Post a Comment