Tuesday 22 January 2013

ရန်ကုန်မြို့တော်၏ ယာဉ်ကြောပိတ်ဆို့မှုများကို စနစ်သစ်ဖြင့်စတင်ရှင်းလင်းမည်

Photo: ရန်ကုန်မြို့တော်၏ ယာဉ်ကြောပိတ်ဆို့မှုများကို စနစ်သစ်ဖြင့်စတင်ရှင်းလင်းမည်
Tuesday, January 22, 2013

ရန်ကုန်မြို့တော်အတွင်းယာဉ်   ကျောပိတ်ဆို့မှုများကို လေ့လာ သုံးသပ်ပြီး ယနေ့မှစ၍ ၀န်ထမ်း များတိုးချဲ့၍ စီမံချက်များချမှတ် ကာ စနစ်သစ်ဖြင့် စတင်ရှင်းလင်း မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်ကျောပိတ်ဆို့ မှုရှင်းလင်းရေးအတွက် နိုင်ငံတော်  သမ္မတ၏လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်အများပြည်သူသယ်ယူ
ပို့ ဆောင်ရေးအာဏာကိုင်အဖွဲ့(yangon City Public Transport Authority) ကို ဖွဲ့စည်းထား ပြီး ယင်းအဖွဲ့၏အတွင်းရေးမှူး ဦးလှအောင် (ဥက္ကဋ္ဌ-မော်တော် ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေး ကော်မတီ)က ဇန်န၀ါရီ (၂၂) ရက် နံနက်ပိုင်းက မြို့တော်ခန်းမ၌ ကျင်းပသော သတင်းနှင့် မီဒီယာ ရှင်းလင်းပွဲ၌ပြောကြားရာတွင် “ယာဉ်စဉ်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသူအချိုရဲ့ သတိတရား လက်လွတ်ပြီး မဆင်မခြင်ပြုလုပ်
ခြင်းကြောင့် ယာဉ်မောင်းသူနဲ့ ပြည်သူလူထုအများစု ထိခိုက်ခံ စားနေရမှုများကို ကျွန်တော်တို့ တဆင့်ပြီး တဆင့်ပြေလည်အောင်
ဖြေရှင်းဆောင်ရွက်သွားမှာပါ ကာလကြာရှည်စွာဖြစ်ပေါ်လာခဲ့  တဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်း  ကမ်းမလိုက်နာမှုများကို ပြည်သူလူထုရော၊ စည်းကမ်းထိန်းသိမ်း  သူရေ၊ မီဒီယာများရော ပူးပေါင်း 
ဆောင်ရွက်မှသာလျှင် အောင်မြင်  မှာဖြစ်ပါတယ်”ဟုပြောကြားခဲ့သည်။ 

ယာဉ်စည်းကမ်းမလိုက်နာ မှုကြောင့် ယာဉ်ကျောပိတ်ဆို့မှု များသော
နေရာများမှာ မရမ်း ကုန်းမြို့နယ်ချော်တွင်းကုန်းမီးပွိုင့်  ဗဟန်းမြို့နယ်
ရွှေဂုံတိုင်မီးပွိုင့်နှင့် ဦးထောင်ဘိုအ၀ိုင်း၊ ကာမာရွတ် မြို့နယ် လှည်းတန်း
မီးပွိုင့်နှင့် ဟံသာဝတီအ၀ိုင်း၊ စမ်းချောင်းမြို့ နယ်မြေနီကုန်းမီးပွိုင့်၊ တာမွေမြို့ နယ်တာမွေအ၀ိုင်းတို့ဖြစ်ကြရာ ယင်းနေရာများကို အဆိုပါအဖွဲ့ က ဦးဆောင်ကာဝန်ထမ်းများတိုး ချဲ့၍ ဦးစားပေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထို့အတူစည်း ကမ်းမဲ့ရပ်နားထားသော ယာဉ်များ  ကိုလည်း ရှင်းလင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယနေ့မှစ၍ တစ်ပတ်တာအချိန်ကို ပညာပေး  ကာလသတ်မှတ်ဆောင်ရွက်ပြီး
နောက်ပိုင်းတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဥပဒေများဖြင့် ထိရောက်စွာအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသတင်းနှင့် မီဒီယာရှင်းလင်းပွဲသို့ရန်ကုန်မြို့တော်အများ ပြည်သူ
သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌဦးကြည်သိန်း၊ အတွင်းရေးမှူးဦးလှအောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံယာဉ် ထိန်းရဲတပ်ဖွဲ့ဒုတပ်ဖွဲ့ခွဲမှူးရဲမှူးဦး သာဌေး၊ ရန်ကုန်မြို့တော်စည်ပင်  သာယာရေးကော်မတီလမ်းတံတား  ဌာနဒုတိယဌာမှူးဦးစည်သူလွင်၊ သတင်းနှင့် စာနယ်ဇင်းများမှ ပုဂ်္ဂိုလ်များတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မိုးမြင့်ဆွေ
The Hot News
ရန်ကုန်မြို့တော်အတွင်းယာဉ် ကျောပိတ်ဆို့မှုများကို လေ့လာသုံးသပ် ပြီးယနေ့မှစ၍ ၀န်ထမ်းများတိုးချဲ့၍ စီမံချက်များချမှတ်ကာ စနစ် သစ်ဖြင့် စတင်ရှင်းလင်း မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်ကျောပိတ်ဆို့ မှုရှင်းလင်းရေးအတွက် နိုင်ငံတော် သမ္မတ၏လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့ တော် အများပြည်သူသယ်ယူပို့ ဆောင်ရေးအာဏာကိုင်အဖွဲ့(yangon City Public Transport Authority) ကို ဖွဲ့စည်းထားပြီး ယင်းအဖွဲ့၏အတွင်းရေးမှူး ဦးလှအောင် (ဥက္ကဋ္ဌ-မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ) က ဇန်န၀ါရီ (၂၂) ရက် နံနက်ပိုင်းက မြို့တော်ခန်းမ၌ ကျင်းပသော သတင်းနှင့် မီဒီယာ ရှင်းလင်းပွဲ၌ပြောကြားရာတွင် “ယာဉ်စဉ်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသူအချိုရဲ့ သတိတရား လက်လွတ်ပြီး မဆင်မခြင်ပြုလုပ်ခြင်းကြောင့် ယာဉ်မောင်းသူနဲ့ ပြည်သူလူထုအများစု ထိခိုက်ခံစားနေရမှု များကို ကျွန်တော်တို့ တဆင့်ပြီးတဆင့်ပြေလည်အောင်ဖြေရှင်းဆောင်ရွက်သွားမှာပါ ကာလကြာရှည် စွာဖြစ်ပေါ်လာခဲ့တဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာမှုများကို ပြည်သူလူထုရော၊ စည်းကမ်း ထိန်း သိမ်းသူရေ၊ မီဒီယာများရော ပူးပေါင်း ဆောင်ရွက်မှသာလျှင် အောင်မြင်မှာဖြစ်ပါတယ်”ဟုပြောကြားခဲ့ သည်။

ယာဉ်စည်းကမ်းမလိုက်နာ မှုကြောင့် ယာဉ်ကျောပိတ်ဆို့မှု များသောနေရာများမှာ မရမ်း ကုန်းမြို့ နယ်ချော် တွင်းကုန်းမီးပွိုင့် ဗဟန်းမြို့နယ်ရွှေဂုံတိုင်မီးပွိုင့်နှင့် ဦးထောင်ဘိုအ၀ိုင်း၊ ကာမာရွတ်မြို့နယ်လှည်းတန်း မီးပွိုင့်နှင့် ဟံသာဝတီအ၀ိုင်း၊ စမ်းချောင်းမြို့ နယ်မြေနီကုန်းမီးပွိုင့်၊ တာမွေမြို့ နယ်တာမွေ အ၀ိုင်း တို့ဖြစ်ကြရာ ယင်းနေရာများကို အဆိုပါအဖွဲ့က ဦးဆောင်ကာဝန်ထမ်းများတိုးချဲ့၍ ဦးစားပေးဆောင် ရွက်သွား မည်ဖြစ်ကြောင်း၊ ထို့အတူစည်း ကမ်းမဲ့ရပ်နားထားသော ယာဉ်များကိုလည်း ရှင်းလင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ယနေ့မှစ၍ တစ်ပတ်တာအချိန်ကို ပညာပေးကာလ သတ်မှတ်ဆောင်ရွက် ပြီး နောက်ပိုင်းတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဥပဒေများဖြင့် ထိရောက်စွာအရေးယူဆောင်ရွက် သွား မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသတင်းနှင့် မီဒီယာရှင်းလင်းပွဲသို့ရန်ကုန်မြို့တော်အများ ပြည်သူ သယ်ယူပို့ဆောင်ရေးအာဏာပိုင် အဖွဲ့ဥက္ကဋ္ဌဦးကြည်သိန်း၊ အတွင်းရေးမှူးဦးလှအောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံယာဉ် ထိန်းရဲ တပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူးရဲမှူးဦး သာဌေး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီလမ်းတံတား ဌာန ဒုတိယ ဌာမှူးဦးစည်သူလွင်၊ သတင်းနှင့် စာနယ်ဇင်းများမှ ပုဂ်္ဂိုလ်များတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

The Hot News

No comments:

Post a Comment