Tuesday 22 January 2013

ဆဲလ်ဖုန်းများ အသုံးပြုခြင်းက ဦးနှောက်၏ လုပ်ငန်းဆောင်တာကို သက်ရောက်မှု ဖြစ်ပေါ်စေနိုင်

ဆဲလ်ဖုန်းများ အသုံးပြုခြင်းက ဦးနှောက်၏ လုပ်ငန်းဆောင်တာကို သက်ရောက်မှု ဖြစ်ပေါ်စေနိုင်

လေ့လာချက် အသစ်တစ်ရပ်အရ မိနစ် ၅ဝ ကြာမျှ ဆဲလ်ဖုန်း ပြောဆို ခြင်းသည် ဦးနှောက်၏ ဂလူးကို့စ် မတ္တာဘော်လစ်ဇင်ကို တိုးပွားစေသည်ဟု ဆိုသည်။     

ကမ္ဘာတစ်ဝန်းလုံး၌ ဆဲလ်ဖုန်း အသုံးပြုသူ အရေအတွက် အလွန်များပြား လာပြီး လျှပ်စစ်သံလိုက် စက်ကွင်းများနှင့် ထိတွေ့ခြင်းက ဦးနှောက်၌ ဘေးဥပဒ် ဖြစ်စေနိုင်သော သက်ရောက်မှု ရှိသည်ဟုဆိုသည်။ ဆဲလ်ဖုန်းမှ ထုတ်လွှတ်သော ရေဒီယို ကြိမ်နှုန်းမြင့် လျှပ်စစ်သံလိုက် စက်ကွင်းများသည် ကင်ဆာဖြစ်စေနိုင်သော သက်ရောက်မှုပင် ရှိသည်ဟု ဆိုသည်။ 

အချို့သော လေ့လာချက်များ အရ ဆဲလ်ဖုန်း အသုံးပြုမှုနှင့် ဦးနှောက် အကျိတ် ဖြစ်ပွားမှုတို့အကြား ဆက်နွှယ်မှု မရှိဟု ဆိုသော်လည်း ယင်းမှာ အတိအကျ မပြောနိုင်သေးသော အနေအထား ရှိသည်ဟု ဆိုသည်။ အမေရိကန် အမျိုးသား ကျန်းမာရေးဌာနမှ နိုရာဗိုကိုး ဦးဆောင်သော သုတေသန အဖွဲ့သည် သုတေသန တစ်ရပ်ကို ပြုလုပ်ခဲ့ရာ ဆဲလ်ဖုန်း အသုံးပြုမှုက လူ၏ ဦးနှောက်တွင် နေရာကွက်၍ သက်ရောက်နိုင်သည်ဟု ဆိုသည်။ သူတို့သည် ၂၀၀၉ ခုနှစ် ဇန်နဝါရီ လ ၁ ရက်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ အတွင်း လူပေါင်း ၄၇ ဦးကို စမ်းသပ် သုတေသန ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref : Xinhua ( 23 .2.11)
Writing by NYM

ရတနာပုံ ကျန်းမာရေး

လေ့လာချက် အသစ်တစ်ရပ်အရ မိနစ် ၅ဝ ကြာမျှဆဲလ်ဖုန်း ပြော ဆို ခြင်းသည် ဦးနှောက်၏ ဂလူးကို့စ်မတ္တာဘော်လစ်ဇင်ကိုတိုးပွားစေ သည်ဟုဆိုသည်။   ကမ္ဘာတစ်ဝန်းလုံး၌ ဆဲလ်ဖုန်းအသုံးပြုသူ အရေ အတွက်အလွန်များပြားလာပြီး လျှပ်စစ်သံလိုက် စက်ကွင်းများနှင့် ထိတွေ့ခြင်းက ဦးနှောက်၌ ဘေးဥပဒ် ဖြစ်စေနိုင်သော သက်ရောက်မှုရှိ သည်ဟုဆိုသည်။ ဆဲလ်ဖုန်းမှထုတ်လွှတ်သော ရေဒီယိုကြိမ်နှုန်းမြင့် လျှပ်စစ်သံလိုက်စက်ကွင်းများသည် ကင်ဆာဖြစ်စေနိုင်သော သက်ရောက်မှုပင် ရှိသည်ဟု ဆိုသည်။

အချို့သောလေ့လာချက်များအရ ဆဲလ်ဖုန်းအသုံးပြုမှုနှင့် ဦးနှောက်အကျိတ်ဖြစ်ပွားမှုတို့အကြား ဆက်နွှယ် မှုမရှိဟုဆိုသော်လည်း ယင်းမှာအတိအကျ မပြောနိုင်သေးသောအနေအထား ရှိသည်ဟုဆိုသည်။ အမေရိ ကန် အမျိုးသား ကျန်းမာရေးဌာနမှ နိုရာဗိုကိုး ဦးဆောင်သော သုတေသနအဖွဲ့သည် သုတေသန တစ်ရပ်ကို ပြုလုပ်ခဲ့ရာ ဆဲလ်ဖုန်း အသုံးပြုမှုက လူ၏ ဦးနှောက်တွင် နေရာကွက်၍ သက်ရောက်နိုင်သည် ဟုဆိုသည်။ သူတို့သည် ၂၀၀၉ ခုနှစ် ဇန်နဝါရီ လ ၁ ရက်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ အတွင်း လူပေါင်း ၄၇ ဦးကို စမ်းသပ် သုတေသန ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Writing by NYM
ရတနာပုံ ကျန်းမာရေး

No comments:

Post a Comment