Tuesday 22 January 2013

အမေရိကန်တွင် ဖေ့စ်ဘွတ်ခ်သုံးသူချင်းဖေ့စ်ဘွတ်ခ်မှတစ်ဆင့် အင်တာနက်ဖြင့်အခမဲ့ဖုန်းခေါ်ဆိုနိုင်ပြီ၊ တစ်ကမ္ဘာလုံးသို့ ဖြန့်ကျက်နိုင်ရန်လည်းဆောင်ရွက်သွားမည်ဟုဖေ့စ်ဘွတ်ခ် ကြေညာ


အမေရိကန်နိုင်ငံရှိဖေ့စ်ဘွတ်ခ် သုံးသူများသည် ယခုအခါ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် အချင်းချင်းအင်တာ နက်ဖြင့်အခမဲ့ဖုန်းခေါ်ဆိုဆက်သွယ်နိုင်ကြပြီ ဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ အတွင်းအိုင်ဖုန်းသုံးသူများသာထိုစနစ်ကိုသုံးနိုင်ဦးမည်ဖြစ်ပြီးအန်းဒရွိုက်ဖုန်းများ၊ ဘလက်ဘယ်ရီဖုန်းများ တွင်ပါထိုစနစ်သုံးနိုင် အောင် အမြန်ဆုံးစီမံသွားမည်ဖြစ်သလို၊ ကမ္ဘာလုံးကဖေ့စ်ဘွတ်ခ်သုံးသူများပါ ဖေ့စ် ဘွတ်ခ် သုံးသူချင်းအင်တာနက်မှ အခမဲ့ဖုန်းခေါ်ဆိုနိုင်အာင် ဆက်လက်စီစဉ်သွားမည်ဖြစ် ကြောင်းဖေ့စ် ဘွတ်ခ်ကထုတ်ပြန် ပြောကြားလိုက်သည်။
ထိုသို့ ဖေ့စ်ဘွတ်ခ်သုံးသူချင်းဖေ့စ်ဘွတ်ခ်မှတစ်ဆင့် အင်တာနက် ဖြင့်အခမဲ့ဖုန်းခေါ်ဆိုနိုင်ရန် မိမိတို့၏ ဖုန်းတွင် Facebook Messengerအပလီကေးရှင်းကိုထည့်သွင်းထားရမည်ဖြစ်သည်။ အင်တာနက်ဖြင့် အခမဲ့ ဖုန်းခေါ်ဆိုလိုပါကFacebook Messengerအပလီကေးရှင်းဖြင့် မိမိခေါ်ဆိုလိုသူ၏အကောင့်သို့ဝင်ကာဖုန်းဖန်သားပြင်အပေါ်ညာဘက်ထောင့်ရှိ “i” ဟူသောနေရာကို နှိပ်ပြီး “Free Call” ကိုထပ်နှိပ်လိုက် ရုံဖြင့် ခေါ်ဆို နိုင်မည်ဖြစ်ကြောင်းသိရသည်။ ဖေ့စ်ဘွတ်ခ်ကိုဖုန်းဖြင့်သုံးသူချင်းသာခေါ်ဆိုနိုင်မည်ဖြစပြီး ကွန်ပျူတာနှင့် သုံးနေသူများကိုခေါ်လို့ ရနိုင်မည် မဟုတ်သလို၊ ဖုန်းနံပါတ်များကိုလည်းခေါ်ဆိုနိုင်မည် မဟုတ်။ ဖေ့စ်ဘွတ်ခ်အကောင့်ချင်းသာအင်တာနက်မှ အခမဲ့ဆက်သွယ် ခေါ်ဆိုနိုင် မည်ဖြစ်သည်။
ဖေ့စ်ဘွတ်ခ်သုံးသူချင်းအင် တာနက်မှတစ်ဆင့် အခမဲ့ဖုန်းခေါ်ဆိုနိုင်မည့် စနစ်ကိုတစ်ကမ္ဘာလုံးမှ ဖေ့စ် ဘွတ်ခ်သုံးသူများပါ အသုံးပြုနိုင်အောင်လည်းအမြန်ဆုံးစီမံသွားမည်ဟုဖေ့စ် ဘွတ်ခ်ကထုတ် ပြန်ပြော ကြားလိုက်သည်။

No comments:

Post a Comment