အမေရိကန်သမ္မတ ဘရက်ခ် ၊ အိုဘားမားဟာ တနင်္လာနေ့မှာ ပါလီမန်အဆောက်အဦးရဲ့ အရှေ့ဘက်မှာ လူထုရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ကျမ်
သမ္မတကျမ်းသစ္စာကျိန်ဆိုတဲ့ လီမန်လွှတ်တော် ခန်းမရဲ့ရှေ့ ပြည်သူ့ရင်ပြင်တဝိုက်မှာ နိုင်ငံတဝန်းက ပြည် သူလူထု ၈၀၀,၀၀၀ လောက် လာရောက်ကြည့်ရှုလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာဆိုရင် လွန်ခဲ့ တဲ့လေးနှစ်တုန်းက ပထမဆုံးအကြိမ်အဖြစ် အာဖရိကန်-အမေရိကန်နွယ်ဖွား လူမည်းတစ်ဦး သမ္မတ အဖြစ်ကျမ်းသစ္စာ ကျိန်ဆိုခဲ့စဉ်က တက်ရောက်ခဲ့တဲ့ လူပေါင်း နှစ်သန်း ရှိခဲ့တာနဲ့စာရင်တော့ ကွာခြားမှု ရှိနေပါလိမ့်မယ်။
မစ္စတာ ဘရက်ခ်အိုဘားမားရဲ့ တရားဝင်ကျမ်းသစ္စာကျိန်ဆိုတဲ့ သီးသန့်အခမ်းအနားကို တနင်္ဂနွေနေ့က သမ္မတအိမ်ဖြူတော်မှာ ကျင်းပခဲ့ပြီးပါပြီ။ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ဟာ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုရမှာ ဖြစ်ပါတယ်။ အခုနှစ်မှာ ဇန်နဝါရီလ ၂၀ ရက်နေ့ ဟာ တနင်္ဂနွေနေ့နဲ့ တိုက်ဆိုင်နေတာကြောင့် သမ္မတဟာအစဉ်အလာမပျက် လူထုရှေ့မှောက်ကျမ်းသစ္စာ ကျိန်ဆိုမှုကို ပါလီမန်အဆောက်အဦးရှေ့မှာ တနင်္လာနေ့ ထပ်မံပြုလုပ်နေတာပါ။
တနင်္လာနေ့ သမ္မတအဖြစ်လူထုရှေကျမ်းသစ္စာကျိန်ဆိုပွဲကို တရားသူကြီးချုပ်ဂျွန်ရောဘတ်က ကမ ကထပြု ဆောင်ရွက်ကျင်းပပေးပါတယ်။အခုတကြ
NLABR
No comments:
Post a Comment