ရုရှား နိုင်ငံ၏ စတုတ္ထမြောက် ပဉ္စမမျိုးဆက် တိုက်လေယာဉ်၏ ခရီးဝေး စမ်းသပ် ပျံသန်းမှုသည် လွန်ခဲ့သော ရက်သတ္တပတ် အတွင်းက ပြီးဆုံး ခဲ့ကြောင်း သိရှိရပါသည်။
ဆူခွိုင်းကုမ္ပဏီမှ တည်ဆောက်သော ရေဒါ ရှောင်ကွင်း နိုင်သည့်ပဉ္စမမျိုးဆက် PAK-FA T-50-4 တိုက်လေယာဉ်သည် ရုရှားအရှေ့ဖျားပိုင်းမှ စတင်ပျံသန်းခဲ့ပြီး မော်စကိုမြို့အနီးရှိ Zhukovsky လေယာဉ် ကွင်း၌ ဆင်းသက်ခဲ့ကြောင်း သိရှိရပါသည်။ T-50-4 တိုက်လေယာဉ် အနေဖြင့် အကွာအဝေး ၇,ဝဝဝ ကီလိုမီတာ ပျံသန်းမှု ပြုလုပ်ခဲ့ကြောင်း ရုရှား ဒုတိယဝန်ကြီးချုပ် ရိုကိုဇင်က ပြောကြားခဲ့ပါသည်။ အိန္ဒိယ နိုင်ငံသည် ၎င်း၏ လေတပ်အတွက် ခေတ်မီတိုက်လေယာဉ်များထုတ်လုပ်ရာတွင် ရုရှားနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။
မြ၀တီ
No comments:
Post a Comment