
ဗြိတိန်နိုင်ငံရှိ ရဲခွေးများအနက် ဗစ်စကိုဂျာမန်သိုးထိန်းခွေးသည်
၂၀၁၂ တစ်နှစ်ကာလအတွင်း ဒုစရိုက်သမား ၁၂၄ဦးကို ဖမ်းဆီးပေးနိုင်ခဲ့ကာ
ဗြိတိန်တစ်နှစ်တာ အကောင်းဆုံး တိရိစ္ဆာန်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရ သည်။
အသက်လေးနှစ် အရွယ်ရှိဗစ်စကိုသည် ၁၈လသားအရွယ် ၌ ဗြိတိန် နိုင်ငံသို့ရောက်ရှိခဲ့ပြီး ဗြိတိန်ရဲတပ်ဖွဲ့၏သင်ကြား မှုအောက် တွင်
တဖြည်းဖြည်းထင်ပေါ်လာခဲ့သည်။ ဗစ်စကိုသည် ဥာဏ်ရည်ဖွံ့ဖြိုးမှုနှုန်းမှာ
အံ့မခန်းတိုးတက်လာပြီး မှုခင်းဖြစ်ပွားရာ နေရာများတွင်
တရားခံများကိုရဲဝံ့စွာ လိုက်လံဖမ်းဆီးခြင်း၊ ပျောက်ဆုံးနေသော ကလေး ငယ်များကိုကူညီရှာဖွေပေးခြင်း မျက်မမြင်များကို ကူညီကာလမ်းဖြတ်ကူးပေးခြင်းစသည့်
လူမှုအကျိုးပြု လုပ်ငန်းများကိုစနစ်တကျ လုပ်ဆောင်နိုင်သည်။ ထို့ပြင်၂၀၁၃
ဗြိတိန်နိုင်ငံ၏ အကောင်းဆုံးတိရစ္ဆာန် ထူးချွန်ဆုကို ရရှိရန် အတွက်
ရေပန်းစားလျက်ရှိကြောင်း သိရှိရသည်။
SMG

ဗြိတိန်နိုင်ငံရှိ ရဲခွေးများအနက် ဗစ်စကိုဂျာမန်သိုးထိန်းခွေးသည် ၂၀၁၂ တစ်နှစ်ကာလအတွင်း ဒုစရိုက်သမား ၁၂၄ဦးကို ဖမ်းဆီးပေးနိုင်ခဲ့ကာ ဗြိတိန်တစ်နှစ်တာ အကောင်းဆုံး တိရိစ္ဆာန်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရ သည်။ အသက်လေးနှစ် အရွယ်ရှိဗစ်စကိုသည် ၁၈လသားအရွယ် ၌ ဗြိတိန် နိုင်ငံသို့ရောက်ရှိခဲ့ပြီး ဗြိတိန်ရဲတပ်ဖွဲ့၏သင်ကြား မှုအောက် တွင် တဖြည်းဖြည်းထင်ပေါ်လာခဲ့သည်။ ဗစ်စကိုသည် ဥာဏ်ရည်ဖွံ့ဖြိုးမှုနှုန်းမှာ အံ့မခန်းတိုးတက်လာပြီး မှုခင်းဖြစ်ပွားရာ နေရာများတွင် တရားခံများကိုရဲဝံ့စွာ လိုက်လံဖမ်းဆီးခြင်း၊ ပျောက်ဆုံးနေသော ကလေး ငယ်များကိုကူညီရှာဖွေပေးခြင်း မျက်မမြင်များကို ကူညီကာလမ်းဖြတ်ကူးပေးခြင်းစသည့် လူမှုအကျိုးပြု လုပ်ငန်းများကိုစနစ်တကျ လုပ်ဆောင်နိုင်သည်။ ထို့ပြင်၂၀၁၃ ဗြိတိန်နိုင်ငံ၏ အကောင်းဆုံးတိရစ္ဆာန် ထူးချွန်ဆုကို ရရှိရန် အတွက် ရေပန်းစားလျက်ရှိကြောင်း သိရှိရသည်။
SMG
No comments:
Post a Comment