Tuesday 22 January 2013

ငွေဆောင် ဆီးဂိမ်းအတွက် ကြိုပြင်ကြပြီ

Photo: ငွေဆောင် ဆီးဂိမ်းအတွက် ကြိုပြင်ကြပြီ
Tuesday, January 22, 2013

လာမည့် ဒီဇင်ဘာလအတွင်းတွင် ကျင်းပပြုလုပ်တော့မည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအမီ ငွေဆောင်ကမ်းခြေဒေသမှ ဟိုတယ်နှင့် တည်းခိုခန်းများ အဆင့်မြှင့်တင်ခြင်း ၊ အသစ်တည်ဆောက်ခြင်းလုပ်ငန်းများပြုလုပ်လျှက်
ရှိကြောင်း သိရှိရသည်။

“အခုရှိနေတဲ့ ဟိုတယ်တွေအပြင် ထပ်ပြီး ဟိုတယ်(၁၆)လုံးကို ဆီးဂိမ်းအမီ အသစ်တည်ဆောက် နေတာပါ။ ဒီဟိုတယ်တွေ တည်ဆောက်ပြီးစီး
သွားရင်တော့ နိုင်ငံခြားသားတွေ အဆင့်မီတည်းခိုနိုင်တဲ့ ဟိုတယ်တွေ ပိုများလာမှာ ဖြစ်ပါတယ်။ လူဦးရေ လည်း ပိုမိုတည်းခိုနိုင်မှာဖြစ်ပြီး ဒီမှာ အဆင့်မီတဲ့ သာမာန်တည်းခိုခန်းတွေလည်း ရှိပါတယ်။” ဟု ငွေဆောင်
မြို့နယ်ခွဲ စည်ပင်သာယာရေးဦးစီးဌာနမှ ဦးဝင်းထွဋ်လွင်က ပြောသည်။

လက်ရှိအချိန်တွင် ငွေဆောင်ကမ်းခြေ၌ ဟိုတယ်ပေါင်း(၂၀)ကျော် တည်ဆောက်ဖွင့်လှစ်ထားပြီး အခန်းပေါင်း(၈၀၀)ကျော်ရှိကာ လူဦးရေ(၁၈၀၀)ကျော် တည်းခိုနိုင်ကြောင်း သိရသည်။

ထပ်မံတည်ဆောက်မည့် ဟိုတယ် (၁၆)လုံးတွင် အခန်းပေါင်း(၆၈၀)
ရှိကာ လူဦးရေ (၁၄၈၀)ဦးခန့် တည်းခိုနိုင်မည်   ဖြစ်သောကြောင့် ထပ်မံတည်ဆောက်နေသည့်ဟိုတယ်များ ပြီးစီးပါက လူဦးရေ (၃၃၀၀)ခန့် တပြိုင်နက် တည်းခိုနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ငွေဆောင်ကမ်းခြေသည် ချောင်းသာကမ်းခြေထက် နိုင်ငံခြားသား ခရီးသွားများ သုံးဆ ပိုမို လာရောက်သော ကမ်းခြေဖြစ်ပြီး ယခုခရီးသွားရာသီတွင် နိုင်ငံခြားခရီးသည်များ ပိုမို လာရောက် နေကြ၍ ဂျပန်လူမျိုးအများဆုံးလာရောက်ကြောင်း   ငွေဆောင်ဟိုတယ်ဇုန်မှ သိရှိရသည်။

“ နိုင်ငံတကာမှာ ဒီကမ်းခြေထက် အများကြီးသာတဲ့ ကမ်းခြေတွေရှိတယ်။ သဲကအစပေါ့ မွမွလေးတွေ ဒီကလောက် မကြမ်းဘူး။ ဘာကြောင့် ဒီကမ်းခြေကိုကြိုက်ကြလဲဆိုတော့ သဘာဝအတိုင်း မြင်ခွင့်ရတာ ဒီမှာပဲ ရှိတယ်လေ နောက်ပြီး သူတို့က သဘာဝ ရှုခင်းတွေကို ကြိုက်နှစ်သက်ကြတော့ ဒီကိုလာကြတာပေါ့” ဟု ငွေဆောင်
ဟိုတယ်ဇုန်ဥက္ကဌ ဦးသော်ဇင်က ပြောသည်။

သဘာဝတရားအားလက်တွေ့ ခံစားလိုမှုကြောင့် လာရောက်ကြသော
နိုင်ငံခြားသားများသည် ငွေဆောင်ကမ်းခြေတွင် တစ်ညသာ တည်းခိုလေ့ရှိကြပြီး အနီးအနားရှိ ရွာများသို့ သွားရောက်ကာ တံငါသည်များနှင့် ငါးအတူတူဖမ်းခြင်းနှင့် ငါးများကို အတူတူ
ကင်စားလေ့ရှိခြင်းတို့ ပြုလုပ်လေ့ ရှိကြောင်း ၄င်းက ဆက်ပြောသည်။

အလားတူ ငွေဆောင်ကမ်းခြေမှ မိုင်(၃၀)သာကွာဝေးပြီး (၂)နာရီခန့်သာ ခရီးသွားရောက်နိုင်သော ပုသိမ်မြို့တွင်လည်း   နိုင်ငံခြားခရီးသွား
ဝင်ရောက်မှု များပြားနေပြီး ဆီးဂိမ်းပြိုင်ပွဲအမီ ဟိုတယ် တည်း ခိုခန်းများကို ကြိုတင်ပြင်ဆင်နေကြောင်း ပုသိမ်မြို့နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“အခုပုသိမ်မှာက ဟိုတယ်(၇)လုံးရယ် ၊ မိုတယ်နဲ့အင်း (၄၅)လုံးရှိနေပြီး အဲ့ဒီအထဲက ဟိုတယ် အဆင့်တိုးပြီး တည်ဆောက်နေတဲ့ Guest House (၅)ခုရှိပါတယ်။ ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်းမှာ လည်း ငွေဆောင်ကို
နေ့ချင်းပြန် ကားတွေစီစဉ်ပေးထားမှာပါ” ဟု ပုသိမ်မြို့နယ် ဟိုတယ်လုပ်ငန်းရှင် များအသင်း ဥက္ကဌ ဦးဝင်းချိုက ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲတွင် ကမ္ဘာလှည့်နှင့် ဒေသတွင်းခရီးသွားများ သွားလာ
တည်းခိုနိုင်ရန်အတွက် ငွေဆောင်နှင့်ပုသိမ်တို့မှ လုပ်ငန်းရှင်များက
ပြင်ဆင်နေသော်လည်း မြေသိမ်းမှုပြသာနာများနှင့် ဒေသခံတို့၏ နစ်နာမှုများစွာကြုံတွေ့နေရချိန်တွင် နိုင်ငံစုံမှ အားကစားသမား များနှင့် ခရီးသွားများ၏ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ကို ပြုလုပ် ခြင်း မရှိသေးကြောင်း ပုသိမ်ဒေသခံများထံက သိရှိရသည်။

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆီးဂိမ်းပြိုင်ပွဲကို
မြန်မာနိုင်ငံသည် အိမ်ရှင် အဖြစ် လာမည့် ဒီဇင်ဘာလ (၁၁)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပုသိမ်မြို့နယ် ၊ ငွေဆောင်ကမ်းခြေ ၌ လှေလှော်ရွက်တိုက်ပြိုင်ပွဲ ၊ သဲသောင်ပြင် ဘော်လီဘော နှင့် သဲသောင်
ပြင် ဘောလုံးပြိုင်ပွဲများ ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မျိုးမင်းထွန်း (မြစ်မခ)
Myit Makha Mediagroup
လာမည့် ဒီဇင်ဘာလအတွင်းတွင် ကျင်းပပြုလုပ်တော့မည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအမီ ငွေဆောင်ကမ်းခြေဒေသမှ ဟိုတယ်နှင့် တည်းခိုခန်းများ အဆင့်မြှင့်တင်ခြင်း ၊ အသစ် တည်ဆောက်ခြင်း လုပ်ငန်းများပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။

“အခု ရှိနေတဲ့ ဟိုတယ်တွေအပြင် ထပ်ပြီးဟိုတယ်(၁၆)လုံးကို ဆီးဂိမ်းအမီ အသစ် တည်ဆောက် နေ တာပါ။ ဒီဟိုတယ်တွေ တည်ဆောက်ပြီးစီးသွားရင်တော့ နိုင်ငံခြားသားတွေ အဆင့်မီတည်းခိုနိုင်တဲ့ ဟို တယ်တွေ ပိုများလာမှာ ဖြစ်ပါတယ်။ လူဦးရေလည်း ပိုမိုတည်းခိုနိုင်မှာဖြစ်ပြီး ဒီမှာ အဆင့်မီတဲ့ သာမာန် တည်းခိုခန်းတွေလည်း ရှိပါတယ်။” ဟု ငွေဆောင်မြို့ နယ်ခွဲစည်ပင်သာယာရေးဦးစီးဌာနမှ ဦးဝင်းထွဋ်လွင် က ပြောသည်။

လက်ရှိအချိန်တွင် ငွေဆောင်ကမ်းခြေ၌ ဟိုတယ်ပေါင်း(၂၀)ကျော် တည်ဆောက်ဖွင့်လှစ်ထားပြီး အခန်းပေါင်း(၈၀၀)ကျော်ရှိကာ လူဦးရေ(၁၈၀၀)ကျော် တည်းခိုနိုင်ကြောင်း သိရသည်။

ထပ်မံတည်ဆောက်မည့် ဟိုတယ် (၁၆)လုံးတွင် အခန်းပေါင်း(၆၈၀)ရှိကာ လူဦးရေ (၁၄၈၀)ဦးခန့် တည်း ခိုနိုင်မည် ဖြစ်သောကြောင့် ထပ်မံတည်ဆောက်နေသည့်ဟိုတယ်များ ပြီးစီးပါက လူဦးရေ (၃၃၀၀)ခန့် တပြိုင်နက် တည်းခိုနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ငွေဆောင်ကမ်းခြေသည် ချောင်းသာကမ်းခြေထက် နိုင်ငံခြားသားခရီးသွားများသုံးဆ ပိုမိုလာရောက်သော ကမ်းခြေဖြစ်ပြီး ယခုခရီးသွားရာသီတွင် နိုင်ငံခြားခရီးသည်များ ပိုမိုလာရောက် နေကြ၍ ဂျပန်လူမျိုးအများ ဆုံးလာရောက်ကြောင်း ငွေဆောင်ဟိုတယ်ဇုန်မှ သိရှိရသည်။

“ နိုင်ငံတကာမှာ ဒီကမ်းခြေထက် အများကြီးသာတဲ့ ကမ်းခြေတွေရှိတယ်။ သဲကအစပေါ့ မွမွလေးတွေ ဒီကလောက် မကြမ်းဘူး။ ဘာကြောင့် ဒီကမ်းခြေကိုကြိုက်ကြလဲဆိုတော့ သဘာဝအတိုင်း မြင်ခွင့်ရတာ ဒီမှာပဲ ရှိတယ်လေ နောက်ပြီး သူတို့က သဘာဝ ရှုခင်းတွေကို ကြိုက်နှစ်သက်ကြတော့ ဒီကိုလာကြ တာပေါ့” ဟု ငွေဆောင်ဟိုတယ်ဇုန်ဥက္ကဌ ဦးသော်ဇင်က ပြောသည်။

သဘာဝတရားအားလက်တွေ့ ခံစားလိုမှုကြောင့် လာရောက်ကြသောနိုင်ငံခြား သားများ သည် ငွေဆောင် ကမ်းခြေတွင် တစ်ညသာ တည်းခိုလေ့ရှိကြပြီး အနီးအနားရှိ ရွာများသို့ သွားရောက်ကာ တံငါသည်များနှင့် ငါးအတူတူဖမ်းခြင်းနှင့် ငါးများကို အတူတူကင်စားလေ့ရှိခြင်းတို့ ပြုလုပ်လေ့ရှိကြောင်း ၄င်းကဆက်ပြော သည်။

အလားတူ ငွေဆောင်ကမ်းခြေမှ မိုင်(၃၀)သာကွာဝေးပြီး (၂)နာရီခန့်သာ ခရီးသွားရောက်နိုင်သော ပုသိမ် မြို့တွင်လည်း နိုင်ငံခြားခရီးသွားဝင်ရောက်မှု များပြားနေပြီး ဆီးဂိမ်းပြိုင်ပွဲအမီ ဟိုတယ်တည်းခိုခန်းများကို ကြိုတင်ပြင်ဆင်နေကြောင်း ပုသိမ်မြို့နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“အခုပုသိမ်မှာက ဟိုတယ်(၇)လုံးရယ် ၊ မိုတယ်နဲ့အင်း (၄၅)လုံးရှိနေပြီး အဲ့ဒီအထဲက ဟိုတယ် အဆင့် တိုးပြီးတည်ဆောက်နေတဲ့ Guest House (၅)ခုရှိပါတယ်။ ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်းမှာ လည်း ငွေဆောင်ကိုနေ့ချင်းပြန် ကားတွေစီစဉ်ပေးထားမှာပါ” ဟု ပုသိမ်မြို့နယ် ဟိုတယ်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးဝင်းချိုက ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲတွင် ကမ္ဘာလှည့်နှင့် ဒေသတွင်းခရီးသွားများ သွားလာတည်းခိုနိုင်ရန် အတွက် ငွေဆောင်နှင့် ပုသိမ်တို့မှ လုပ်ငန်းရှင်များကပြင်ဆင်နေသော်လည်း မြေသိမ်းမှုပြသာနာများနှင့် ဒေသခံတို့၏ နစ်နာ မှုများစွာကြုံတွေ့နေရချိန်တွင် နိုင်ငံစုံမှ အားကစားသမားများနှင့် ခရီးသွားများ၏လုံခြုံရေးအတွက် ကြို တင်ပြင်ဆင်မှုများကို ပြုလုပ် ခြင်းမရှိသေးကြောင်း ပုသိမ်ဒေသခံများထံကသိရှိရသည်။

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆီးဂိမ်းပြိုင်ပွဲကိုမြန်မာနိုင်ငံသည် အိမ်ရှင်အဖြစ် လာမည့် ဒီဇင်ဘာလ (၁၁)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပုသိမ်မြို့နယ် ၊ ငွေဆောင် ကမ်းခြေ ၌ လှေလှော်ရွက်တိုက်ပြိုင်ပွဲ ၊ သဲသောင်ပြင် ဘော်လီဘော နှင့် သဲသောင်ပြင် ဘောလုံးပြိုင်ပွဲများ ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

  (မြစ်မခ)
Myit Makha Mediagroup

No comments:

Post a Comment