တရုတ်နိုင်ငံ အရှေ့အလယ်ပိုင်း ဟူဘီပြည်နယ် ၀ူဟန်မြို့၌သန်ြးွကယ် သူဌေးဖြစ်သော်လည်း လမ်းသန့်ရှင်းရေး အလုပ်လုပ်ကိုင်နေသည့် တရုတ်အမျိုးသမီး တစ်ဦးသည် အသက်အရွယ် ကြီးရင့်လာသော်လည်း တရုတ်မြူနီစီပယ်၏ အငြိမ်းစားပင်စင်ကို ရယူလိုခြင်းမရှိဘဲ ၎င်း၏ လုပ်မြဲအလုပ်ကိုသာ ဆက်လက်လုပ်ကိုင်နိုင်ရန် တောင်းဆိုခဲ့ကြောင်း တရုတ်ပြည်တွင်းသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ အသက် ၅၃နှစ်အရွယ်ရှိ ယုယူဇန်းသည် လစာ အကျိုးအမြတ်ထက်ဂုဏ်သိက္ခာကြောင့် အလုပ်လက်မဲ့အခြေအနေကို ရောက်ရှိလိုခြင်းမရှိသောကြောင့် ယင်းသို့ ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယုယူဇန်းသည် ၁၃နှစ်သမီး အရွယ်မှစ၍ လယ်ယာ လုပ်ငန်း၊ အချက်အပြုတ်လုပ်ငန်း၊ ကုန်ကားဒရိုင်ဘာ၊ လမ်းသန့်ရှင်းရေး စသည့် အလုပ်များကို နှစ်ပေါင်း ၄၀ကျော် လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့သည့် ငါးနှစ်ခန့်က ၎င်း၏ ဘိုးဘွားပိုင်မြေကို အစိုးရက ဆင်းရဲသား အိမ်ရာ စီမံကိန်းအတွက်ဝယ်ယူခဲ့သဖြင့် အမေရိကန်ဒေါ်လာ တစ်သန်းခွဲခန့်ရရှိခဲ့ပြီး သန်ြးွကယ်သူဋ္ဌေးတစ်ဦး ဖြစ် လာခဲ့သည်။
သို့ရာတွင် ယုယူဇန်းသည်ငွေကြေးပိုင်ဆိုင်မှုထက် အလုပ်အကိုင်ကိုသာ ပိုမိုမက်မောတွယ်တာပြီး လမ်း သန့်ရှင်းရေးလုပ်ကိုင်သည့် ၁၄နှစ်တာကာလအတွင်း ၎င်း၏ဖခင်ဖြစ်သူနှင့် ယောက္ခမတို့၏ နာရေးအတွက် ခွင့်သုံးရက်သာယူခဲ့သည်မှအပ အလုပ်ချိန်နောက်ကျခြင်း၊ ဖျားနာခြင်းစသည်တို့မရှိခဲ့ကြောင်းခဲ့ကြောင်း သိရသည်။ စီးပွားရေးတိုးတက်လာသည်နှင့်အမျှ တရုတ်ပြည်ရှိ အလုပ်သမားများသည် အလုပ် လုပ်ချိန် လျော့နည်းလာပြီး အပျော်အပါးများ၌သာ ပိုမိုခုံမင်လာသဖြင့် ၎င်း၏သားဖြစ်သူနှင့် ယနေ့ခေတ် တရုတ်လူငယ်များ၏ အနာဂတ်အတွက် စိုးရိမ်ရကြောင်း ယင်းက မီဒီယာများကို ပြောကြားသွားခဲ့သည်။
SMG
No comments:
Post a Comment