Monday 7 January 2013

အိန္ဒိယကာကွယ်ရေးဝန်ကြီး ယခုလအတွင်း လာရောက်လည်ပတ်မည်

Photo: အိန္ဒိယကာကွယ်ရေးဝန်ကြီး ယခုလအတွင်း လာရောက်လည်ပတ်မည်
Monday, January 07, 2013 

မြန်မာနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်
နိုင်ရေး အတွက် အိန္ဒိယကာကွယ်ရေးဝန်ကြီး  A K Antony လာမည့်
ရက်သတ္တပတ်အနည်းငယ်အတွင်း လာရောက်လည်ပတ်မည်ဖြစ်ကြောင်း Press Trust of India ကရေးသားဖော်ပြသည်။

မစ္စတာ A K Antony သည် ဇန်နဝါရီလ ၂၂ ရက်မှ ၂၃ ရက်နေ့အထိ
မြန်မာနိုင်ငံသို့လာရောက်လည်ပတ်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း မြန်မာ စစ်တပ်အတွက် အရည်အသွေးတည်ဆောက်မှုဆိုင်ရာ ပူးပေါင်း လုပ်ဆောင်မှုများပြုလုပ်ရန် ဆွေးနွေးမည်ဖြစ်သည်ဟု အိန္ဒိယအစိုးရ အရာရှိကြီးများက ပြောကြားသည်။

မြန်မာလေတပ်မှ အရာရှိများကို ရုရှားနိုင်ငံလုပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် အိန္ဒိယလေတပ်က လေ့ကျင့်သင်ကြားပေးမှုများ တိုးမြှင့်ပြုလုပ်မည်ဟု မျှော်လင့်ရကြောင်း၊ မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်
များကို အိန္ဒိယရှိ စစ်တက္ကသိုလ်နှင့် အခြားသော အင်စတီကျုများသို့
ခေါ်ယူလေ့ကျင့်သင်ကြားပေးရန် သဘောတူညီချက်များ ပြုလုပ် လာမည်ဟုလည်း ခန့်မှန်းရကြောင်း ၎င်းတို့က ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် လတ်တလောနှစ်များအတွင်း မြန်မာနိုင်ငံနှင့် စေ့စပ် ညှိနှိုင်းမှုများ တိုးမြှင့်လုပ်ဆောင်လာသည်။ မကြာသေးခင်ကလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆယ်လမန်ကူးရှစ်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သေးသည်။ အိန္ဒိယ-မြန်မာနှစ်နိုင်ငံသည် ကီလို
မီတာ ၁၆၀၀ ရှည်လျားသော နယ်နမိတ်ချင်းထိစပ်လျက်ရှိပြီး နယ်စပ်
ဒေသရေးရာ စီမံခန့်ခွဲမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်ရန်လည်း ပြင်ဆင်လျက်ရှိသည်။

MTG
ကိုးကား - Bernama
The Myanma Age မြန်မာနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများ မြှင့်တင်နိုင်ရေး အတွက် အိန္ဒိယကာကွယ်ရေးဝန်ကြီး A K Antony လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း လာရောက် လည်ပတ် မည်ဖြစ်ကြောင်း Press Trust of India ကရေး သားဖော်ပြ သည်။
မစ္စတာ A K Antony သည် ဇန်နဝါရီလ ၂၂ ရက်မှ ၂၃ ရက်နေ့ အထိ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်မည်ဖြစ်ပြီး ခရီးစဉ် အတွင်း မြန်မာ စစ်တပ်အတွက် အရည်အသွေးတည်ဆောက်မှုဆိုင်ရာ ပူးပေါင်း လုပ်ဆောင်မှုများပြုလုပ်ရန် ဆွေးနွေးမည်ဖြစ်သည်ဟု အိန္ဒိယအစိုးရ အရာရှိကြီး များက ပြောကြားသည်။

မြန်မာလေတပ်မှ အရာရှိများကို ရုရှားနိုင်ငံလုပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် အိန္ဒိယလေ တပ်က လေ့ကျင့်သင်ကြားပေးမှုများ တိုးမြှင့်ပြုလုပ်မည်ဟု မျှော်လင့်ရကြောင်း၊ မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်
များကို အိန္ဒိယရှိ စစ်တက္ကသိုလ်နှင့် အခြားသော အင်စတီကျုများသို့ခေါ်ယူလေ့ကျင့်သင်ကြားပေးရန် သဘောတူညီချက်များ ပြုလုပ် လာမည်ဟုလည်း ခန့်မှန်းရကြောင်း ၎င်းတို့က ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် လတ်တလောနှစ်များအတွင်း မြန်မာနိုင်ငံနှင့် စေ့စပ် ညှိနှိုင်းမှုများ တိုးမြှင့် လုပ်ဆောင် လာသည်။ မကြာသေးခင်ကလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆယ်လမန်ကူးရှစ် သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သေးသည်။ အိန္ဒိယ-မြန်မာနှစ်နိုင်ငံသည် ကီလိုမီတာ ၁၆၀၀ ရှည်လျားသော နယ်နမိတ် ချင်းထိစပ်လျက်ရှိပြီး နယ်စပ်ဒေသရေးရာ စီမံခန့်ခွဲမှုများနှင့် ပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့် လုပ်ဆောင်ရန်လည်း ပြင်ဆင်လျက်ရှိသည်။

MTG
ကိုးကား - Bernama
The Myanma Age

No comments:

Post a Comment