မြန်မာ့ ဆက်သွယ်ရေးမှယခင်ကချထားပေးသည့် ၁၅သိန်းတန်ဆင်း ကတ်များကိုယခုထွက်ရှိလာမည့် 3G စနစ်သုံးဖုန်းများ ထွက်ပေါ် လာချိန် တွင်ယင်းဖုန်းများနှင့် လဲလှယ်ပေးမည်ဟုသတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ၁၅ သိန်းတန်ဖုန်းများသည် 2.5 G အဆင့်မှာ သာကျန် ရစ်ခဲ့ မည့် ဖုန်းများဖြစ်ပြီး ဆက်လက်ထွက်ပေါ်လာမည့် 3G စနစ်ကို မရ ရှိပါ။ ယင်းကဲ့သို့  မရရှိနိုင်တော့သည့် အတွက် 2G ဖုန်းများနှင့် 3G ဖုန်း စနစ် သို့ ပြောင်းလဲပေးရန် စီစဉ်ခြင်းသာဖြစ်ကြောင်း အွန်လိုင်း စာမျက်နှာ ၏တစ်ချို့ တွင်သိရသည်။
ပြည်တွင်းအသုံးပြုလျက်ရှိသောဖုန်းများမှာ ယခုလက်ရှိ အသုံးပြု လျက်ရှိသောဖုန်းများမှာ WCDMA / CDMA 800 မှလွဲ၍ ကျန်ဖုန်းများမှာ2G Network အဆင့် သာရှိသောဖုန်းများဖြစ်ပြီး အင်တာ နက်အမြန်နှန်းမှာ လည်းလေးလံလျက်ရှိနေကြောင်း အသုံးပြုသူများ၏ပြောချက်အရသိရသည်။
အင်တာနက်လိုင်းနှေးကွေး မူများသာမက မိုဘိုင်းလ်ဒေတာကောက်ခံမှု များပါ ကြီးမြင့်နေခြင်းကြောင့် မိုဘိုင်းလ် ဖုန်းဖြင့် အင်တာနက်သုံးစွဲ သူများအခက်တွေ့ လျက်ရှိသည်။
လာမည့်လ အနည်းငယ်တွင်ရောင်းချပေးတော့ မည်ဖြစ်သည့် 3G စနစ် ဖုန်းများကို ပြည်ပကုမ္မဏီများဖြစ်သည့် ZTE ၊ Huawei ကုမ္မဏီများနှင့်ပါ ပူးပေါင်းဆောင် ရွက်မည်ဟုသိရသည့်အတွက် မိုဘိုင်းလ်အင် တာနက်လိုင်း များပိုမိုကောင်းမွန်နိုင်ကြောင်း MPT မှ တာဝန် ရှိသူတစ်ဦး၏ပြောပြချက်အရ သိရပါသည်။
Myanmar Digital Life Journal

No comments:
Post a Comment