Monday 7 January 2013

စံချိန်တင်ကြေး ပေါင်တစ်သန်းဖြင့် ဈေးကွက်ဝင်ခဲ့သည့် ဂျပန်နိုင်ငံမှ တူနာငါးကြီး
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဇန်နဝါရီ၅ ရက်က ပြုလုပ်သော လေလံပွဲ၌ Bluefin အမျိုးအစား တူနာငါးကြီး တစ်ကောင်ကို စံချိန်တင်ကြေး ပေါင် ၁ ဒသမ ဝ၉ သန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ 

၎င်းငါးကြီးသည် ယမန်နှစ်က အမြင့်ဆုံး စံချိန်တင်ခဲ့သော ငါးကြီး ဈေးနှုန်းထက် သုံးဆနီးပါးမျှ ပို၍ ဈေးမြင့်မား ခဲ့သည်။ အဆိုပါ ငါးကြီး၏ နူးညံ့ပြီး ပန်းသွေးရောင်နှင့် အနီရောင် ထနေသော အသားသည် ဆူရှီနှင့် ဆာရှီမီ ကဲ့သို့သော စားဖွယ်ရာများ ပြုလုပ်ရန် အကောင်း ဆုံးဖြစ်သည်။ အိုတိုရိုဟု ခေါ်ဆိုသော ၎င်းငါး၏ အကောင်းဆုံး အသား လွှာများအား ဂျပန် ဆူရှီ အရောင်းဆိုင်များ၌ တစ်ချပ်လျှင် ၁၄ ပေါင်(ယန်း ၂ဝဝဝ )ဖြင့် ရောင်းချနိုင်သည်။ အလေးချိန် ၂၂၂ ကီလိုဂရမ် ရှိသော ၎င်းငါးကြီးကို နိုင်ငံ၏ အရှေ့မြောက်ပိုင်း ကမ်းလွန်ပင် လယ် ပြင်မှ ဖမ်းမိခဲ့ခြင်း ဖြစ်ပြီး တို ကျိုမြို့ရှိ Tsukiji ငါးဈေး၌ ပြုလုပ်သည့် တစ်နှစ်တာ၏ ပထမဆုံးသော လေလံပွဲ၌ ရောင်းချ ခဲ့ခြင်းဖြစ်သည်။ 

တူနာငါး များသည် ဆူရှီ ပြုလုပ်ရာတွင် အကောင်းဆုံး ငါးများဖြစ်ပြီး ယခုအခါတွင် ကမ္ဘာတစ်ဝန်း၌ ဆူရှီစားသုံးသူ ဦးရေမှာ မြင့်မားလာလျက် ရှိရာ ၎င်းငါးများမှာ အလွန် ဈေးကွက်ဝင်လျက် ရှိ သည်။

http://www.myawady.net.mm/allnews/global/item/3736-2013-01-07-09-14-57
စံချိန်တင်ကြေး ပေါင်တစ်သန်းဖြင့် ဈေးကွက်ဝင်ခဲ့သည့် ဂျပန်နိုင်ငံမှ တူနာငါးကြီးဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဇန်နဝါရီ၅ ရက်က ပြု လုပ်သော လေလံပွဲ၌ Bluefin အမျိုးအစား တူနာငါးကြီး တစ်ကောင်ကို စံချိန်တင်ကြေး ပေါင် ၁ ဒသမ ဝ၉ သန်းဖြင့် ရောင်းချခဲ့ကြောင်း သိရ သည်။

၎င်းငါးကြီးသည် ယမန်နှစ်က အမြင့်ဆုံးစံချိန်တင်ခဲ့သော ငါးကြီး ဈေးနှုန်းထက် သုံးဆနီးပါးမျှ ပို၍ ဈေးမြင့်မားခဲ့သည်။ အဆိုပါ ငါးကြီး၏ နူညံ့ပြီး ပန်းသွေးရောင်နှင့် အနီရောင် ထနေသောအသားသည် ဆူရှီနှင့် ဆာရှီမီကဲ့သို့သော စားဖွယ်ရာများ ပြုလုပ်ရန် အကောင်းဆုံးဖြစ်သည်။ အိုတိုရိုဟု ခေါ်ဆိုသော ၎င်းငါး၏ အကောင်းဆုံး အသားလွှာများအား ဂျပန် ဆူရှီအရောင်းဆိုင်များ၌ တစ်ချပ်လျှင် ၁၄ ပေါင်(ယန်း ၂ဝဝဝ )ဖြင့် ရောင်းချနိုင်သည်။ အလေးချိန် ၂၂၂ ကီလိုဂရမ် ရှိသော ၎င်းငါးကြီးကို နိုင်ငံ၏ အရှေ့မြောက်ပိုင်း ကမ်းလွန်ပင် လယ် ပြင်မှ ဖမ်းမိခဲ့ခြင်း ဖြစ်ပြီး တို ကျိုမြို့ရှိ Tsukiji ငါးဈေး၌ ပြုလုပ်သည့် တစ်နှစ်တာ၏ ပထမဆုံးသော လေလံပွဲ၌ ရောင်းချ ခဲ့ခြင်းဖြစ်သည်။
တူနာငါး များသည် ဆူရှီ ပြုလုပ်ရာတွင် အကောင်းဆုံး ငါးများဖြစ်ပြီး ယခုအခါတွင် ကမ္ဘာတစ်ဝန်း၌ ဆူရှီစားသုံးသူ ဦးရေမှာ မြင့်မားလာလျက် ရှိရာ ၎င်းငါးများမှာ အလွန် ဈေးကွက်ဝင်လျက် ရှိ သည်။

No comments:

Post a Comment