Monday 7 January 2013

မဟာမြတ်မုနိဘုရားကြီးအတွင်းမှ အစောင့်ကြေးရုပ်များ ထိန်းသိမ်းရန် လိုအပ်

မဟာမြတ်မုနိဘုရားကြီးအတွင်းမှ အစောင့်ကြေးရုပ်များ ထိန်းသိမ်းရန် လိုအပ်
-------------------------------------------------------------------
ကျော်မင်း (စစ်တွေ)၊ ဇန်နဝါရီလ (၇) ရက်၊ ၂၀၁၃ ခုနှစ်။
-------------------------------------------------------------------
မန္တလေးမြို့တွင် ကိန်းဝပ်စံပါယ်တော်မူလျက်ရှိသော မဟာမြတ်မုနိဘုရားကြီးအတွင်းမှ အစောင့်ကြေးရုပ်များအား ပြုပြင် ထိန်းသိမ်းရန် လိုအပ်နေကြောင်း  ဇန်နဝါရီလ (၆) ရက်နေ့ နေ့စွဲဖြင့် ထုတ်ဝေသော နိုင်ငံပိုင် သတင်းစာဖြစ်သည့် ကြေးမုံသတင်းစာ၌ နီငြိမ်း (အညာတက္ကသိုလ်) မှ ရေးသားဖော်ပြခဲ့သည်။

အဆိုပါ သတင်း၌ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီးကို မြတ်စွာဘုရား ကိုယ်တော်တိုင် ရင်ငွေ့လှုံ၍ ရခိုင်ဘုရင် သူရိယစန္ဒအား ကိုးကွယ်ရန် ပေးအပ်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ၁၁၄၆ ခုနှစ်တွင် ဘိုးတော်ဘုရား၏ သားတော် အိမ်ရှေ့ဥပရာဇာသည် ရခိုင်ပြည်ကို ချီတက်တိုက်ခိုက်ပြီး ဤဘုရားကြီးကို မြို့ဟောင်း တောင်ကုတ်လမ်းမှ တဆင့် အမရပူရသို့ ပင့်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း စသဖြင့် ဖော်ပြပါရှိသည်။

၎င်းအပြင် ဘုရားကြီးကို အမရပူရမြို့၌ ထားရှိ ကိုးကွယ်ပြီး နောင်တွင် မန္တလေးတောင်ပြင်သို့ ပို့ဆောင်လျက် ကိန်းဝပ်တော်မူခဲ့ကြောင်း၊ ဘုရားကြီးအနီး မဟာရာမ် တံတိုင်းအတွင်း အစောင့်အရှောက်အဖြစ် ယိုးဒယားကြေးရုပ်၊ ခြင်္သေ့ရုပ်၊ ဘီးလူးရုပ်နှင့် ဧရာဝဏ်ဆင်ရုပ်ကြီးများကို တောင်ငူဘုရင့်နောင်ခေတ်ကပင် ထားရှိခဲ့ကြောင်းနှင့် ယခုအခါ ကျန်နေသော အစောင့်ကြေးရုပ်များကို ကလေးသူငယ်များက ချက်နိုက်ခြင်း၊ ခြေနှင့် လက်များကို ပွတ်သပ် ဆော့ကစားခြင်းများ ပြုကြသောကြောင့် အစောင့်ကြေးရုပ်အချို့ ပျက်စီးစပြုနေပြီး ဖြစ်ပြီး ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ရေးသား ဖော်ပြထားသည်။
မန္တလေးမြို့တွင် ကိန်းဝပ်စံပါယ်တော်မူလျက်ရှိသော မဟာမြတ် မုနိ ဘုရားကြီး အတွင်းမှ အစောင့်ကြေးရုပ်များအား ပြုပြင် ထိန်းသိမ်းရန် လိုအပ်နေကြောင်း ဇန်နဝါရီလ (၆) ရက်နေ့ နေ့စွဲဖြင့် ထုတ်ဝေသော နိုင်ငံပိုင် သတင်း စာဖြစ် သည့် ကြေးမုံသတင်းစာ၌ နီငြိမ်း (အညာတက္ကသိုလ်) မှ ရေးသားဖော်ပြ ခဲ့သည်။
အဆိုပါ သတင်း၌ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီးကို မြတ်စွာဘုရား ကိုယ်တော်တိုင် ရင်ငွေ့လှုံ၍ ရခိုင်ဘုရင် သူရိယစန္ဒအား ကိုးကွယ် ရန် ပေးအပ် ထားခဲ့ခြင်းဖြစ်ကြောင်း၊ ၁၁၄၆ ခုနှစ်တွင် ဘိုးတော်ဘုရား၏ သားတော် အိမ်ရှေ့ ဥပရာဇာသည် ရခိုင်ပြည်ကို ချီတက်တိုက်ခိုက်ပြီး ဤဘုရားကြီးကို မြို့ဟောင်း တောင်ကုတ်လမ်းမှတဆင့် အမရပူရသို့ ပင့်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စသဖြင့် ဖော်ပြ ပါရှိသည်။
၎င်းအပြင် ဘုရားကြီးကို အမရပူရမြို့၌ ထားရှိ ကိုးကွယ်ပြီး နောင်တွင် မန္တလေးတောင်ပြင်သို့ ပို့ဆောင်လျက် ကိန်းဝပ်တော်မူခဲ့ကြောင်း၊ ဘုရားကြီးအနီး မဟာရာမ် တံတိုင်းအတွင်း အစောင့် အရှောက် အဖြစ် ယိုးဒယားကြေးရုပ်၊ ခြင်္သေ့ရုပ်၊ ဘီးလူးရုပ်နှင့် ဧရာဝဏ်ဆင်ရုပ်ကြီး များကို တောင်ငူ ဘုရင့်နောင်ခေတ်ကပင် ထားရှိခဲ့ကြောင်းနှင့် ယခုအခါ ကျန်နေသော အစောင့်ကြေးရုပ်များကို ကလေး သူငယ်များက ချက်နိုက်ခြင်း၊ ခြေနှင့်လက်များကို ပွတ်သပ်ဆော့ကစားခြင်း များ ပြု ကြသောကြောင့် အစောင့်ကြေးရုပ်အချို့ ပျက်စီးစပြုနေပြီး ဖြစ်ပြီး ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ရေး သား ဖော်ပြထားသည်။

No comments:

Post a Comment