Monday 7 January 2013

ချဲလ်ဆီးသို့ ရောက်လာသော ဒမ်ဘာဘ

ချဲလ်ဆီး တိုက်စစ်မှူးသစ် ဒမ်ဘာဘသည် ၎င်းအနေဖြင့် နယူးကာဆယ်မှ ချန်ပီယံလိဂ် ချန်ပီယံ အသင်း သို့ ပြောင်းရွှေ့ရန် အလွယ်တကူပင် ဆုံးဖြတ် နိုင် ခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဆီနီဂေါ တိုက်စစ် မှူးသည် ပေါင် ၇.၅ သန်းဖြင့် ချဲလ်ဆီးသို့
ရောက်လာခဲ့ပြီး အသင်းနှင့် ၃ နှစ်ခွဲ စာချုပ်ကို ချုပ်ဆို နိုင်ခဲ့သည်။ အသက် ၂၇ နှစ်အရွယ်ရှိ ဒမ်ဘာဘ သည် ချဲလ်ဆီး အသင်းတွင် ကျောနံပါတ် ၂၉ ဂျာစီကို ၀တ်ဆင်ကာ ယနေ့ ဆောက်သင်တန် အသင်းနှင့် အဝေး ကွင်း FA ဖလားပွဲစဉ်တွင် ပါဝင်မည် ဖြစ်သည်။ ဒမ်ဘာဘက ချန်ပီယံလိဂ် ဖလားကို ရဖူးသည့် အသင်းကို ပြောင်းရန် အလွယ်တကူ ဆုံးဖြတ်နိုင်ခဲ့ကြောင်း ၊ ချဲလ်ဆီး အသင်းမှာ အစဉ်အလာ ကောင်းသည့် အတိတ်သမိုင်းကြောင်း ရှိသည့် ကလပ် အသင်းဖြစ်နေ၍ မိမိ အတွက်လည်း ဆုံးဖြတ်ရ မခက်ခဲကြောင်း ၊ ချဲလ်ဆီးနှင့် နယူးကာဆယ်တို့သည် အသင်းကောင်း များ ဖြစ်သော်လည်း ကစားသမားကောင်းများစွာကို ပိုင်ဆိုင်ထားခြင်းက မိမိ၏ ရွေးချယ်မှု တစ် ခုဖြစ် ကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment