Monday 7 January 2013

ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန် ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံသို့ ပေးပို့စစ်ဆေးသွားမည်

ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ 
Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန် ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံသို့ ပေးပို့စစ်ဆေးသွားမည်
Monday, January 07, 2013 

၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန်
ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံသို့ ဆက်လက်ပေးပို့ စစ်ဆေးသွားမည်
ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းဆွေထွန်းက ဇန်န၀ါရီ ၆ ရက် နေ့က ပြောကြားသည်။

''မီးလောင်ပြင်ထဲကနေ ဆွဲထုတ်ထားရတော့ ပျက်စီးမှု အတိုင်းအတာ များတဲ့အပြင် စင်ကာပူနိုင်ငံက ပစ္စည်း မပြည့်စုံတာကြောင့် လက်မခံတာပါ။ ဇန်န၀ါရီ တတိယပတ်မှာ သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့မှာ ရှိတဲ့ Australian Transport Safety Bur-eau (ATSB) ကို ပေးပို့ပြီး ဆက်လက် စစ်ဆေးသွားမှာပါ'' ဟု ဦးဝင်းဆွေထွန်းက ဆိုသည်။

Black Box အား စစ်ဆေးရန် သြစတြေးလျနိုင်ငံသို့ ပေးပို့ရာတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များကိုယ်တိုင် သွားရောက်
ပေးပို့သွားမည်ဖြစ်ပြီး၊ စစ်ဆေးရာတွင်လည်း ကော်မရှင်အဖွဲ့ဝင်များ ကိုယ်တိုင်ပါဝင် စစ်ဆေးသွားမည်ဟု သိရသည်။

Black Box အား စစ်ဆေးရန် ကမ်းလှမ်းခဲ့သည့် စင်ကာပူနိုင်ငံနှင့် သြစတြေးလျနိုင်ငံများမှ ဌာနများမှာ အစိုးရဌာနများသာဖြစ်ပြီး၊ 
Black Box အား အစိုးရဌာန အချင်းချင်းသာ ချိတ်ဆက်၍ စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Black Box (လေယာဉ်ပျံသန်းမှု မှတ်တမ်းသေတ္တာ) မှာ လေယာဉ်
ပျံသန်းမှု အမြင့်၊ မြန်နှုန်း စသည့် လေယာဉ်နှင့် ပတ်သက်သည့် အချက်အလက်များအား မှတ်တမ်းတင်သော ကိရိယာဖြစ်ပြီး၊ အချိန်တစ်လ အထိ မှတ်တမ်းတင်နိုင်သည့် Flight Data Recorder (FDR) နှင့် Cockpit Voice Recorder (CVR) သည် လေယာဉ်မှူးနှင့် လေကြောင်းထိန်းသိမ်းရေး တာဝါ ဆက်သွယ်သော အသံများကို မှတ်တမ်းတင်ထားသော ကိရိယာဖြစ်သည်။

ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ် ပျံသန်းသော Air Bagan
လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ် သို့ ဆင်းသက်ချိန်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး၊ အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်
ပေါ်ပါ ခရီးသည် ၆၅ ဦးအနက် ဧည့်လမ်းညွှန် တစ်ဦးနှင့် မြေပြင်မှ ဆိုင်ကယ်သမားတစ်ဦး သေဆုံးခဲ့သည်။

Eleven Media Group ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန် ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံ သို့ ဆက်လက်ပေးပို့ စစ်ဆေးသွားမည်ဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းဆွေထွန်းက ဇန်န၀ါရီ ၆ ရက် နေ့က ပြောကြားသည်။

''မီးလောင်ပြင်ထဲကနေ ဆွဲထုတ်ထားရတော့ ပျက်စီးမှု အတိုင်းအတာ များတဲ့အပြင် စင်ကာပူနိုင်ငံက ပစ္စည်း မပြည့်စုံတာကြောင့် လက်မခံတာပါ။ ဇန်န၀ါရီ တတိယပတ်မှာ သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့မှာ ရှိတဲ့ Australian Transport Safety Bur-eau (ATSB) ကို ပေးပို့ပြီး ဆက်လက် စစ်ဆေးသွားမှာပါ'' ဟု ဦးဝင်းဆွေထွန်းက ဆိုသည်။

Black Box အား စစ်ဆေးရန် သြစတြေးလျနိုင်ငံသို့ ပေးပို့ရာတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် များကိုယ်တိုင် သွားရောက်ပေးပို့သွားမည်ဖြစ်ပြီး၊ စစ်ဆေးရာတွင်လည်း ကော်မရှင်အဖွဲ့ဝင်များ ကိုယ်တိုင် ပါဝင် စစ်ဆေးသွားမည်ဟု သိရသည်။

Black Box အား စစ်ဆေးရန် ကမ်းလှမ်းခဲ့သည့် စင်ကာပူနိုင်ငံနှင့် သြစတြေးလျနိုင်ငံများမှ ဌာနများမှာ အစိုးရဌာနများသာဖြစ်ပြီး၊ Black Box အား အစိုးရဌာန အချင်းချင်းသာ ချိတ်ဆက်၍ စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Black Box (လေယာဉ်ပျံသန်းမှု မှတ်တမ်းသေတ္တာ) မှာ လေယာဉ်ပျံသန်းမှု အမြင့်၊ မြန်နှုန်း စသည့် လေယာဉ်နှင့် ပတ်သက်သည့် အချက်အလက်များအား မှတ်တမ်းတင်သော ကိရိယာဖြစ်ပြီး၊ အချိန်တစ်လ အထိ မှတ်တမ်းတင်နိုင်သည့် Flight Data Recorder (FDR) နှင့် Cockpit Voice Recorder (CVR) သည် လေယာဉ်မှူးနှင့် လေကြောင်းထိန်းသိမ်းရေး တာဝါ ဆက်သွယ်သော အသံများကို မှတ်တမ်းတင်ထားသော ကိရိယာဖြစ်သည်။

ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ် ပျံသန်းသော Air Baganလေကြောင်း လိုင်းမှ လေယာဉ် တစ်စီးသည် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ် သို့ ဆင်းသက်ချိန်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး၊ အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် ၆၅ ဦးအနက် ဧည့်လမ်းညွှန် တစ်ဦးနှင့် မြေပြင်မှ ဆိုင်ကယ်သမားတစ်ဦး သေဆုံးခဲ့သည်။

Eleven Media Group

No comments:

Post a Comment