Monday 7 January 2013

Standard Chartered ဘဏ် မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်မည်

Photo: Standard Chartered ဘဏ် မြန်မာနိုင်ငံသို့ ပြန်လည်
ဝင်ရောက်မည်
Monday, January 07, 2013

၁၈၆၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံးဘဏ်ခွဲဖွင့်လှစ်ခဲ့ပြီး နိုင်ငံပေါင်း ၇၀ ကျော်တွင် ဘဏ်ခွဲပေါင်း ၁၇၀၀ ဖွင့်လှစ်ထားသော Standard Chartered နိုင်ငံတကာဘဏ်ကြီးသည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည်။

Standard Chartered ဘဏ်ရုံးခွဲ ပြန်လည်ဖွင့်လှစ်နိုင်ရေး မြန်မာနိုင်ငံ ဗဟိုဘဏ်က လိုင်စင်ချပေးရေး အလျှင်အမြန် ခွင့်ပြုပေးလိုက်၍ အားရ၀မ်းသာဖြစ်မိကြောင်းနှင့် မြန်မာနိုင်ငံမှ ပေါ်ထွက်လာသော အခွင့်အရေးသစ်များကို ဆွတ်ယူနိုင်ရေး ကြိုးပမ်းနေသော ၎င်းတို့၏ ဖောက်သည်များကို ဘဏ်၏ ကမ္ဘာလုံးဆိုင်ရာကွန်ရက်နှင့် ချိတ်ဆက်ပံ့ပိုးပေးနိုင်ရန် မျှော်လင့်ပါသည်ဟု အဆိုပါ ဘဏ်၏ အာရှရုံးအမှုဆောင်အရာရှိချုပ် ဂျက်စပယ်ဘင်ဒရာက ပြောကြားသည်။

၁၉၆၃ ခုနှစ်တွင်ဘဏ်လုပ်ငန်းများ ပြည်သူပိုင်လုပ်ခဲ့ပြီးနောက် မြန်မာ
ဈေးကွက်အတွင်းမှ ထွက်ခွာသွားခဲ့သော Standard Chartered ဘဏ်သည် ၁၉၉၅-၂၀၀၄ တွင်လည်း မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်
လုပ်ကိုင်ခဲ့သည်။ 

ဘဏ်၏ ကိုယ်စားလှယ်ရုံးအား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့၌ ဖွင့်လှစ်သွားမည်ဖြစ်သည်။ အဆိုပါ ဘဏ်သည် အခြားအာဆီယံနိုင်ငံ ကိုးနိုင်ငံတွင်လည်း ဘဏ်လုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်နေပြီဖြစ်သည်။

7Day News Journal
၁၈၆၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံးဘဏ်ခွဲဖွင့်လှစ်ခဲ့ပြီး နိုင်ငံပေါင်း ၇၀ ကျော်တွင် ဘဏ်ခွဲပေါင်း ၁၇၀၀ ဖွင့်လှစ်ထားသော Standard Chartered နိုင်ငံတကာဘဏ်ကြီးသည် မြန်မာနိုင်ငံတွင် ကိုယ်စား လှယ်ရုံးခွဲ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည်။
Standard Chartered ဘဏ်ရုံးခွဲ ပြန်လည်ဖွင့်လှစ်နိုင်ရေး မြန်မာနိုင်ငံ ဗဟိုဘဏ်က လိုင်စင်ချပေးရေး အလျှင်အမြန် ခွင့်ပြုပေးလိုက်၍ အားရ၀မ်းသာဖြစ်မိကြောင်းနှင့် မြန်မာနိုင်ငံမှ ပေါ်ထွက်လာသော အခွင့် အရေးသစ်များကို ဆွတ်ယူနိုင်ရေး ကြိုးပမ်းနေသော ၎င်းတို့၏ ဖောက်သည်များကို ဘဏ်၏ ကမ္ဘာ လုံးဆိုင်ရာကွန်ရက်နှင့် ချိတ်ဆက်ပံ့ပိုးပေးနိုင်ရန် မျှော်လင့်ပါသည်ဟု အဆိုပါ ဘဏ်၏အာရှ ရုံး အမှုဆောင်အရာရှိချုပ် ဂျက်စပယ်ဘင်ဒရာက ပြောကြားသည်။

၁၉၆၃ ခုနှစ်တွင်ဘဏ်လုပ်ငန်းများ ပြည်သူပိုင်လုပ်ခဲ့ပြီးနောက် မြန်မာဈေးကွက်အတွင်းမှ ထွက်ခွာ သွားခဲ့သော Standard Chartered ဘဏ်သည် ၁၉၉၅-၂၀၀၄ တွင်လည်း မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။
ဘဏ်၏ ကိုယ်စားလှယ်ရုံးအား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့၌ ဖွင့်လှစ် သွားမည်ဖြစ် သည်။ အဆိုပါ ဘဏ်သည် အခြားအာဆီယံနိုင်ငံ ကိုးနိုင်ငံတွင်လည်း ဘဏ်လုပ်ငန်းများ ဖွင့်လှစ် လုပ်ကိုင်နေပြီဖြစ်သည်။

7Day News Journal

No comments:

Post a Comment