အဆိုပါ တရားခံ ခုနစ်ဦးအား အိန္ဒိယ ပြစ်မှုဆိုင်ရာ
ဥပဒေနှင့် ၁၉၉၄ ခုနှစ်ကချမှတ်ခဲ့သည့် လူသားများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများအား တရားမဝင် အစားထိုးကုသခြင်း ဆိုင်ရာ ဥပဒေများအရ ဖမ်းဆီးခဲ့ခြင်း
ဖြစ်ကြောင်း၊ ၎င်းအဖွဲ့အား ဖမ်းဆီးနိုင်ရန်အတွက် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့များဖွဲ့စည်း၍ လုပ်ဆောင်ခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ အကြီးအကဲတစ်ဦးက
ပြောကြား ခဲ့သည်။
အထူး စုံစမ်း
စစ်ဆေးရေး အဖွဲ့သည် ၎င်းကျောက်ကပ် အစားထိုး လုပ်ငန်းတွင် ပါဝင်ခဲ့သည့်
တရားမဝင် ဂိုဏ်းတစ်ခုမှ လူနှစ်ဦးအား ပုဂ္ဂလိက ဆေးရုံများမှ သိမ်းဆည်း ရမိသော
သတင်းအချက် အလက်နှင့် အထောက် အထားများ အရ ရှေးဦးစွာ ဖမ်းဆီး မိခဲ့ခြင်း
ဖြစ်သည်။
ထို့နောက် အထူး စုံစမ်းစစ်ဆေးရေး တပ်ဖွဲ့သည် ကျန်ရှိသော
တရားခံ ငါးဦးအား သဲလွန်စ များပေါ် အခြေခံ၍ နှစ်ဦးချင်းစီ စုံစမ်းမှုများ
ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၄ ရက်က ဖမ်းဆီး မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment