Monday 7 January 2013

မိုဘိုင်းတယ်လီဖုန်းလိုင်းများ လေးရက်ကြာ မိနစ်အနည်းငယ်စီ ပြတ်တောက်မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်း တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းများ ပြုလုပ်မည်ဖြစ်သောကြောင့် ဇန်န၀ါရီ ၆ ရက်မှ ၁၁ ရက်ထိ မိုဘိုင်းဖုန်းလိုင်းများ ဆက်သွယ်မှု မိနစ်အနည်းငယ်စီ ပြတ်တောက် မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

မိုဘိုင်းဖုန်းလိုင်း အင်အားတိုးချဲ့ တပ်ဆင်ခြင်းလုပ်ငန်းတွင် ရန်ကုန်မြို့ RNC,SGSN,CG စနစ် မျာ ပြောင်းလဲတပ်ဆင်ခြင်း၊ Hardware/Software အဆင့်တိုးမြှင့်ခြင်းနှင့် SMS Gateway ပြောင်း လဲခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေးရက်ကြာ ပြတ်တောက်မှုသည် နံနက် ၂ နာရီမှ စတင်ပြီး ၁၅ မိနစ်နှင့် နာရီဝက်ခန့်စီ လိုင်းပြတ်တောက်မည်ဟု သိရသည်။
"မနက်ပိုင်းလိုင်းပြတ်တာတော့ သိသိသာသာထိခိုက်မူ မရှိပါဘူး။ နေ့ခင်းဘက်အချိန်တွေဆိုရင်တော့ နာရီ ၀က်ပဲဖြစ်ဖြစ် လုပ်ငန်းတွေသာမက အခြားအရေးကြီး ဆက်သွယ်မှုတွေပါ ထိခိုက်နိုင်ပါတယ်" ဟု မိုဘိုင်းဖုန်းသုံးစွဲသူ အမျိုးသမီးတစ်ဦးက ဆိုသည်။       
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် 3G UMTS လိုင်းအင်အား ၁၂၆၀၀၀၀ တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်း များကို ဆက်တိုက်ဆောင်ရွက်နေကြောင်း သိရသည်။

No comments:

Post a Comment