Monday 7 January 2013

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတတ်ရေး ပါတီ သဘောထား ကြေညာချက်



   ယခုအချိန်တွင် တပ်မတော်နှင့် ကေအိုင် အို၊ ကေအိုင်အေတို့အကြား တိုက်ပွဲ ဖြစ်ပွားနေ သည်မှာ နှစ်နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်ပါသည်။ ထိုစစ် ပွဲ များကြောင့် ဒေသခံရှမ်း၊ ကချင်ပြည်သူများ စစ်ဘေးရှောင် ဒုက္ခသည်များ အဖြစ်သို့ ရောက်ရှိ နေ ပါသည်။ မိမိတို့၏ ကျေးရွာ၊ အိုးအိမ်များကို စွန့်ပစ်၍ လုံခြုံမှုရှိရာ ဒေသများတွင် ဖြစ်သလို နေထိုင် စားသောက်ကြရပါသည်။ ကေအိုင်အေတပ်ဖွဲ့ဝင်များသည် မီးရထားလမ်းတံတားများကို ဖေါက်ခွဲဖျက် ဆီးခြင်း၊ ရှမ်းနီလူမျိုးများထံမှ ဆက်ကြေးများ ကောက်ခံခြင်း၊ စစ်သားများအဖြစ်အဓမ္မ စုဆောင်းခြင်း၊ တိုက်ပွဲများတွင် လူသားဒိုင်းအဖြစ်အသုံးချခြင်း၊ တပ်မတော်မှရှမ်းရွာသားများအပေါ် အထင်အမြင် လွဲမှားစေရန် ရှမ်းရွာများအနီး မိုင်းေ ထာင် ဖေါက်ခွဲခြင်း၊ ရှမ်းအမျိုးသမီးများအား မုဒိမ်းကျင့်ခြင်း စသည်ဖြင့် အနိုင်ကျင့် နှိပ်စက်လျှက်ရှိပါသည်။
ဤဒေသအတွင်းရှိ ရှမ်းနီ ပြည်သူများသည် မိမိတို့အပေါ် လူ့အခွင့်ရေးချိုးဖေါက်၍ အနိုင်ကျင့် ဗိုလ်ကျ နှိပ်စက် နေသော ကေအိုင်အေတို့၏ အပြုအမှုများအား စက်ဆုပ်ရွံရှာနေကြပြီ ဖြစ်ပါသည်။ ထို့ပြင်စစ်ပွဲများရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးအလျင် အမြန်ရရှိရန်သာဆန္ဒပြင်းပြ နေကြပါသည်။ သို့ဖြစ်ပါ၍ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုး တိုးတက်ရေးပါတီမှ အောက်ပါအတိုင်း ကြေညာချက်ထုတ်ပြန် လိုက်သည်။
(၁) ဤဒေသအတွင်း နေထိုင်ကြသော တိုင်းရင်းသားများအချင်းချင်း တစ်ဦးအပေါ် တစ်ဦး လူညွန့်ခူး ခေါင်းပုံ ဖြတ်ခြင်းကို လက်မခံပါ။
(၂) လက်နက်ဖြင့် အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးသော မည်သည့် အဖွဲ့အစည်း၏ လုပ်ရပ်ကိုမဆို ပြင်းထန်စွာ ရှုတ်ချသည်။
(၃) ကချင် ပြည်နယ်အတွင်း စစ်ပွဲများ အမြန်ဆုံးရပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးကြရန် တောင်းဆိုသည်။
(၄) ပြည်တွင်းစစ် ရပ်စဲရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဒေသခံ ရှမ်းနီ ပြည်သူများ၏ ပူးပေါင်းမှု မရရှိပါက အောင်မြင်နိုင်မည် မဟုတ်ဟု ယုံကြည် ကြသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ပါတီ

No comments:

Post a Comment