
ကုန်တင်သင်္ဘော အတွင်း ကျောက်ပြား များနှင့်အတူ သစ် သား သေတ္တာ ၅ ခုအတွင်း လျှို့ဝှက် သယ်ဆောင် လာသော တန်ချိန် ၁ ဒသမ ၃ တန်ရှိသော အဆိုပါ ဆင်စွယ် အပိုင်းအစ ၇၇၉ ခုကို ဇန်နဝါရီ ၃ ရက်က ဖမ်းဆီး ရမိခဲ့ကြောင်း အကောက်ခွန် ဌာနက ပြောကြားခဲ့သည်။
အဆိုပါ ဆင်စွယ်များသည် ခန့်မှန်းခြေအားဖြင့် ဟောင်ကောင် ဒေါ်လာ ၁ဝ ဒသမ ၆ သန်း ရှိကြောင်း သိရသည်။ မလေးရှား နိုင်ငံကို ဖြတ်ကျော်၍ အဆိုပါ ဆင်စွယ်များအား သယ်ဆောင် လာသော်လည်း မည်သည့် နေရာသို့ ဦးတည် သွားမည် ဆိုခြင်းနှင့် စပ်လျဉ်း၍ ပြောဆိုရန် အကောက်ခွန် ဌာနက ငြင်း ဆိုလျက် ရှိပြီး ယခုချိန်ထိ ဖမ်းဆီးမှု ပြုလုပ်ခြင်း မရှိသေးကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment