Monday 7 January 2013

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုပေးပွဲ အခမ်းအနား ယနေ့ည ကျင်းပမည်

Photo: ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုပေးပွဲ အခမ်းအနား ယနေ့ည
ကျင်းပမည်
Monday, January 07, 2013

ကမ္ဘာပေါ်တွင် ဘောလုံးသမားတို့၏ အမြင့်ဆုံးဆုတံဆိပ်ဖြစ်သော ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)မှ ပေးအပ်သည့် ၂၀၁၂ ရွှေဘောလုံးဆု
ပေးပွဲ အခမ်းအနားကို ယနေ့ညတွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ အခမ်းအနားတွင် တစ်နှစ်တာ အမျိုးသား/အမျိုးသမီး အကောင်း
ဆုံးဆု၊ တစ်နှစ်တာ အမျိုးသား/အမျိုးသမီး နည်းပြ အကောင်းဆုံးဆု၊ အသန့်
ရှင်းဆုံးဆု စသည်တို့အပြင် ကမ္ဘာ့အကောင်းဆုံး ပရော်ဖက်ရှင်နယ်ကစား
သမား ၁၁ ဦး ရွေးချယ်ပွဲကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဘာစီလိုနာမှ တောင်ပံကစားသမား မက်ဆီ၊ ကွင်းလယ်ကစားသမား အင်နီယေစတာနှင့် ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ရော်နယ်ဒို
တို့အား ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုအတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်မှ ဆန်ကာတင် ရွေးချယ်ထားကြောင်း သိရသည်။

မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ဖာဂူဆန်က ယခုနှစ် ကမ္ဘာ့ အ
ကောင်းဆုံး ဘောလုံးသမားဆု အတွက် ရော်နယ်ဒိုကို ရရှိစေလိုကြောင်း
ပြောကြားခဲ့သည်။

“ရော်နယ်ဒိုဟာ ဒီနှစ်အတွက် အထိုက်တန်ဆုံးသူပါ။ သူဟာ နည်းစနစ်ပိုင်းမှာလည်းကောင်းမွန်သလို၊ တည်ကန်ဘောတွေ၊ ပင်နယ်တီတွေကိုလည်း အကောင်းဆုံးအဆုံးသတ် ဂိုးတွေအဖြစ်
သွင်းပေးနိုင်ပါတယ်။ ပြီးတော့ သူဟာ အသင်းကိုလည်း အကောင်းဆုံး ဦးဆောင်နိုင်သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ သူသာ ကမ္ဘာ့အကောင်းဆုံး ဖြစ်သင့်ပါတယ်” ဟု ဖာဂူဆန်က ပြောကြားသည်။

ရော်နယ်ဒိုသည် မန်ချက်စတာ ယူနိုက်တက်အသင်းတွင်၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် နှင့် ဥရောပ ချန်ပီယံလိဂ် ဖလား ၁ ကြိမ် အပြင် အခြားဆုဖလား ၆ ခုလည်း ရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့သူဖြစ်သည်။

ဘာစီလိုနာအသင်းနည်းပြဟောင်း ဂွါဒီယိုလာက တောင်ပံကစားသမား မက်ဆီသာလျှင် ၂၀၁၂ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုကို ရထိုက်သည်ဟု ဟောကိန်းထုတ်ခဲ့သည်။

“မိုက်ကယ်ဂျော်ဒန်က ဘက်စကတ်ဘောမှာထင်ရှားကျော်ကြားပြီး
အောင်မြင်သလို မက်ဆီကလည်း ဘောလုံးအားကစားမှာ သမိုင်းဝင်ကစားသမား တစ်ဦးပါပဲ။ သူတို့လို လူမျိုးတွေက ရှားပါတယ်။ မက်ဆီဟာ ဘယ်သူနဲ့မှ မတူအောင် ပါရမီရှင်တစ်ယောက်
ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် မက်ဆီပဲ 
ဒီဆုကို ရထိုက်ပါတယ်” ဟု ဂွါဒီယိုလာက ပြောကြားသည်။

ပြီးခဲ့သည့် ၃ နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆုကို 
ရရှိထားသည့် မက်ဆီသည် ၂၀၁၂ ခုနှစ်အတွင်း ဘာစီလိုနာအသင်းအတွက် တစ်ရာသီလုံးတွင် ၉၁ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ဆုအတွက် ရေပန်းစားနေသူဖြစ်သည်။

ဆန်ကာတင်စာရင်းတွင် ပါဝင်ခဲ့သော ဘာစီလိုနာအသင်း ကွင်းလယ်
ကစားသမား အင်နီယေစတာသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု တစ်ကြိမ်မှ မရရှိဖူးသေးသော်လည်း ပြီးခဲ့သည့် ဥရောပ အကောင်းဆုံး
ဘောလုံးသမားဆုကို ရော်နယ်ဒိုနှင့် မက်ဆီတို့အား ကျော်ဖြတ်ကာ ရယူနိုင်ခဲ့သည်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုပေးပွဲကို ၁၉၉၁ ခုနှစ်ကတည်းက စတင်ချီးမြှင့်ခဲ့ပြီး ဘရာဇီးနိုင်ငံမှ ကစားသမားများက ၈ ကြိမ်တိုင်
ရရှိထားကာ အများဆုံး စံချိန်တင်ထားသည်။

ပြီးခဲ့သည့် ၁၀ နှစ် ကမ္ဘာ့အကောင်းဆုံး ဆုရှင်များ
မက်ဆီ - အာဂျင်တီးနား (၂၀၁၁)
မက်ဆီ - အာဂျင်တီးနား (၂၀၁၀)
မက်ဆီ - အာဂျင်တီးနား (၂၀၀၉)
ရော်နယ်ဒို - ပေါ်တူဂီ (၂၀၀၈)
ကာကာ - ဘရာဇီး (၂၀၀၇)
ကမ်နာဗားရိုး - အီတလီ (၂၀၀၆)
ရော်နယ်ဒင်ဟို - ဘရာဇီး (၂၀၀၅)
ရော်နယ်ဒင်ဟို - ဘရာဇီး (၂၀၀၄)
ဇီဒန်း - ပြင်သစ် (၂၀၀၃)
ရော်နယ်ဒို - ဘရာဇီး (၂၀၀၂)

သက်နေဒီဇော်
Ref: BBC
The Myanma Age ကမ္ဘာပေါ်တွင် ဘောလုံးသမားတို့၏ အမြင့်ဆုံးဆုတံဆိပ်ဖြစ်သော ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)မှ ပေးအပ်သည့် ၂၀၁၂ ရွှေဘောလုံးဆု
ပေးပွဲ အခမ်းအနားကို ယနေ့ညတွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါ အခမ်းအနားတွင် တစ်နှစ်တာ အမျိုးသား/အမျိုးသမီး အကောင်း ဆုံးဆု၊ တစ်နှစ်တာ အမျိုးသား/အမျိုးသမီး နည်းပြ အကောင်းဆုံး ဆု၊ အသန့်ရှင်းဆုံးဆု စသည်တို့အပြင် ကမ္ဘာ့အကောင်းဆုံး ပရော်ဖက်ရှင်နယ်ကစားသမား ၁၁ ဦး ရွေးချယ်ပွဲကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဘာစီလိုနာမှ တောင်ပံကစားသမား မက်ဆီ၊ ကွင်းလယ်ကစားသမား အင်နီယေစတာနှင့် ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ရော်နယ်ဒိုတို့အား ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုအတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်မှ ဆန်ကာတင် ရွေးချယ်ထားကြောင်း သိရသည်။

မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ဖာဂူဆန်က ယခုနှစ် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု အတွက် ရော်နယ်ဒိုကို ရရှိစေလိုကြောင်းပြောကြားခဲ့သည်။

“ရော်နယ်ဒိုဟာ ဒီနှစ်အတွက် အထိုက်တန်ဆုံးသူပါ။ သူဟာ နည်းစနစ်ပိုင်းမှာလည်းကောင်းမွန်သလို၊ တည်ကန်ဘောတွေ၊ ပင်နယ်တီတွေကိုလည်း အကောင်းဆုံးအဆုံးသတ် ဂိုးတွေအဖြစ် သွင်းပေးနိုင် ပါတယ်။ ပြီးတော့ သူဟာ အသင်းကိုလည်း အကောင်းဆုံး ဦးဆောင်နိုင်သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ သူသာ ကမ္ဘာ့အကောင်းဆုံး ဖြစ်သင့်ပါတယ်” ဟု ဖာဂူဆန်က ပြောကြားသည်။

ရော်နယ်ဒိုသည် မန်ချက်စတာ ယူနိုက်တက်အသင်းတွင်၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် နှင့် ဥရောပ ချန်ပီယံလိဂ် ဖလား ၁ ကြိမ် အပြင် အခြားဆုဖလား ၆ ခုလည်း ရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့သူဖြစ်သည်။

ဘာစီလိုနာအသင်းနည်းပြဟောင်း ဂွါဒီယိုလာက တောင်ပံကစားသမား မက်ဆီသာလျှင် ၂၀၁၂ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုကို ရထိုက်သည်ဟု ဟောကိန်းထုတ်ခဲ့သည်။

“မိုက်ကယ်ဂျော်ဒန်က ဘက်စကတ်ဘောမှာထင်ရှားကျော်ကြားပြီးအောင်မြင်သလို မက်ဆီက လည်း ဘောလုံးအားကစားမှာ သမိုင်းဝင်ကစားသမား တစ်ဦးပါပဲ။ သူတို့လို လူမျိုးတွေက ရှားပါတယ်။ မက်ဆီ ဟာ ဘယ်သူနဲ့မှ မတူအောင် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် မက်ဆီပဲ ဒီဆုကို ရထိုက်ပါတယ်” ဟု ဂွါဒီယိုလာက ပြောကြားသည်။

ပြီးခဲ့သည့် ၃ နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆုကို ရရှိထားသည့် မက်ဆီသည် ၂၀၁၂ ခုနှစ်အတွင်း ဘာစီလိုနာအသင်းအတွက် တစ်ရာသီလုံးတွင် ၉၁ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ဆုအတွက် ရေပန်းစားနေသူဖြစ်သည်။

ဆန်ကာတင်စာရင်းတွင် ပါဝင်ခဲ့သော ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား အင်နီယေစတာသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု တစ်ကြိမ်မှ မရရှိဖူးသေးသော်လည်း ပြီးခဲ့သည့် ဥရောပ အကောင်းဆုံးဘောလုံးသမားဆုကို ရော်နယ်ဒိုနှင့် မက်ဆီတို့အား ကျော်ဖြတ်ကာ ရယူနိုင်ခဲ့သည်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုပေးပွဲကို ၁၉၉၁ ခုနှစ်ကတည်းက စတင်ချီးမြှင့်ခဲ့ပြီး ဘရာဇီးနိုင်ငံမှ ကစားသမားများက ၈ ကြိမ်တိုင်ရရှိထားကာ အများဆုံး စံချိန်တင်ထားသည်။

ပြီးခဲ့သည့် ၁၀ နှစ် ကမ္ဘာ့အကောင်းဆုံး ဆုရှင်များ
မက်ဆီ - အာဂျင်တီးနား (၂၀၁၁)
မက်ဆီ - အာဂျင်တီးနား (၂၀၁၀)
မက်ဆီ - အာဂျင်တီးနား (၂၀၀၉)
ရော်နယ်ဒို - ပေါ်တူဂီ (၂၀၀၈)
ကာကာ - ဘရာဇီး (၂၀၀၇)
ကမ်နာဗားရိုး - အီတလီ (၂၀၀၆)
ရော်နယ်ဒင်ဟို - ဘရာဇီး (၂၀၀၅)
ရော်နယ်ဒင်ဟို - ဘရာဇီး (၂၀၀၄)
ဇီဒန်း - ပြင်သစ် (၂၀၀၃)
ရော်နယ်ဒို - ဘရာဇီး (၂၀၀၂)

Ref: BBC
The Myanma Age

No comments:

Post a Comment