Monday 7 January 2013

တရားမ၀င်ကုန်သွယ်မှု လျှော့ချရန် Mobile Teamအဖွဲ့မှ ဆောင်ရွက်နေ

 
မြန်မာနယ်စပ်ကုန်သွယ်ရေး စခန်းဂိတ်များအား လျှော့ချပြီးနောက် ပြည်ပ၌နိုင်ငံများနှင့်ကုန်စည် ကူးသန်းရောင်းဝယ်ရာတွင် တရားမ၀င် တင်သွင်းမှု၊ တင်ပို့မှုများ များပြားလာသည့်အတွက် ပင်လယ်ရေကြောင်းကုန်သွယ် ကဏ္ဍအား ထိခိုက်မှုများရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။

“ တချို့သော ကုန်သည်လုပ်ငန်းရှင်တွေကတော့ တရားမ၀င်ကုန်သွယ် မှုလုပ်ငန်းတွေ ဆောင်ရွက် လာတာကြောင့် တရားမ၀င်ကုန်သွယ်မှု လုပ်ငန်းတွေ ကြီးထွားလာတယ် ကြီးထွားလာတဲ့အခါ ကျတော့ ပုံမှန်ပင်လယ်ရေကြောင်းတွေက သွင်းနေတဲ့ ကုန်ပစ္စည်းတွေက ပင်လယ်ဆိပ်ကမ်း ကနေ မလာတော့ ဘဲနဲ့ မြ၀တီလမ်းကြောင်း ကနေပြီးတော့ တရားမ၀င်တင်သွင်းလာတယ်၊ ဒီနယ်စပ်ကနေ တရားမ၀င် ကုန်သွယ်မှုတွေဟာ ပင်လယ်ရေကြောင်းကုန်သွယ်မှုတွေကိုပါ ထိခိုက်လာတဲ့ အနေ အထားမျိုး ကျွန်တော် တို့ တွေ့ရှိရပါတယ်။” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန မှညွှန်ကြားရေး မှူးချုပ် ဦးခင်မောင်လေး ပြောသည်။
( မြစ်မခ )
  Myit Makha Mediagroup

No comments:

Post a Comment