Wednesday 22 August 2012

ဈေးကွက်မပိတ်မီ ဘရာဇီးလ်တိုက်စစ်အတွဲကို ခေါ်ယူနိုင်ရန် တော့တင်ဟမ်ကြိုးပမ်း

တော့တင်ဟမ် ဟော့စပါး အသင်းသည် ဈေးကွက်မပိတ်မီ ဘရာဇီးလ် တိုက်စစ်အတွဲသစ်ကို ခေါ်ယူနိုင်ရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။ ယူကရိန်း ချန်ပီယံ ရှက်တာဒိုးနက်ခ် အသင်းမှ ကွင်းလယ်တိုက်စစ်သမား ဝီလျံကို စပါးက ပေါင်စတာလင် သန်း(၂၀)ဖြင့် ခေါ်ယူနိုင်ရန် ကြိုးပမ်းမှုမှာ အထမြောက် အောင်မြင်ရန် နီးစပ်နေကြောင်း သတင်းများက ဆိုသည်။
 
(ရှက်တာဒိုးနက်ခ် ကွင်းလယ်တိုက်စစ်သမား ဝီလျံ [အင်္ကျီလိမ္မော်ရောင်နှင့်])


တော့တင်ဟမ် ဟော့စပါး အသင်းသည် ဈေးကွက်မပိတ်မီ ဘရာဇီးလ် တိုက်စစ်အတွဲသစ်ကို ခေါ်ယူနိုင်ရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။ ယူကရိန်း ချန်ပီယံ ရှက်တာဒိုးနက်ခ် အသင်းမှ ကွင်းလယ်တိုက်စစ်သမား ဝီလျံကို စပါးက ပေါင်စတာလင် သန်း(၂၀)ဖြင့် ခေါ်ယူနိုင်ရန် ကြိုးပမ်းမှုမှာ အထမြောက် အောင်မြင်ရန် နီးစပ်နေကြောင်း သတင်းများက ဆိုသည်။
စပါးမန်နေဂျာ အန်ဒရီဗီးလက်စ် ဘိုအာ့စ်သည် ၎င်းချယ်လ်ဆီးကို ကိုင်တွယ်နေစဉ် အတောအတွင်း ကတည်းက အသက်(၂၄)နှစ်ရှိ ဝီလျံအား မျက်စိကျနေခဲ့ခြင်း ဖြစ်သည်။ ချယ်လ်ဆီးသည် ဘရာဇီးလ် လူငယ် အော်စကာကို စာချုပ်ခေါ်ယူခဲ့သည့်နောက် ဝီလျံအပေါ် အာရုံကျမှု လျော့နည်းသွားခဲ့သည်။ စပါးသည် အိုလံပစ်တွင် ဂိုးသွင်းဘုရင် ဖြစ်ခဲ့သည့် ဘရာဇီးလ် တိုက်စစ်မှူး လီယန်ဒရို ဒိုင်မီယိုကိုလည်း အင်တာနေစီယွန်နယ်လ် အသင်းထံမှ ခေါ်ယူရန် ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်သည်။



(ဘရာဇီးလ်တိုက်စစ်မှူး ဒိုင်မီယို [အင်္ကျီအပြာရောင်နှင့်])

စပါးသည် ပြီးခဲ့သည့် ရာသီက အငှားလာကစားပြီး ခြေစွမ်းပြနိုင်ခဲ့သည့် တိုဂိုလက်ရွေးစင် အီမန်နျူရယ်လ် အဒီဘာယောအား မန်ချက်စတာ စီးတီးထံမှ ပေါင်စတာလင် (၅)သန်းဖြင့် အပြီးသတ် ခေါ်ယူ ထားပြီး ဖြစ်သော်လည်း ဒိုင်မီယိုကိုပါ ချိတ်ဆက်နေခြင်း ဖြစ်သည်။ ဘိုအာ့စ် အနေဖြင့် အဓိက ကွင်းလယ်လူ လူကာမိုဒရစ်အား ဆုံးရှုံးရန် အခြေအနေ များပြားလာသည့်နောက် ဝီလျံနှင့် ဒိုင်မီယိုတို့ အား ပြန်လည် ဝယ်ယူရန် စီစဉ်လာခြင်းဟု သိရှိရသည်။

No comments:

Post a Comment