Wednesday 22 August 2012

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီအဖြစ် Apple Inc. ရပ်တည်

apple Apple Inc. ၏ ရှယ်ယာဈေးနှုန်းမှာ တနင်္လာနေ့က စံချိန်တင်ပမာဏသို့ ရောက်ရှိခဲ့ပြီးနောက် ယခုအခါ Apple သည် ဈေးကွက်တန်ဖိုး ၆၂၃ ဒသမ ၅ ဘီလျံဖြင့် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်လာခဲ့သည်။ Apple ၏ ရှယ်ယာဈေးနှုန်း မှာ တနင်္လာနေ့က ၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရှယ်ယာတစ်ခု လျှင် ၆၆၅ ဒသမ ၁၅ ဒေါ်လာဖြစ်သည်။
Apple Inc. ၏ ရှယ်ယာဈေးနှုန်းမှာ တနင်္လာနေ့က စံချိန်တင်ပမာဏသို့ ရောက်ရှိခဲ့ပြီးနောက် ယခုအခါ Apple သည် ဈေးကွက်တန်ဖိုး ၆၂၃ ဒသမ ၅ ဘီလျံဖြင့် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံးကုမ္ပဏီ ဖြစ်လာခဲ့သည်။ Apple ၏ ရှယ်ယာဈေးနှုန်းမှာ တနင်္လာနေ့က ၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရှယ်ယာတစ်ခုလျှင် ၆၆၅ ဒသမ ၁၅ ဒေါ်လာဖြစ်သည်။

Apple ၏ ထုတ်ကုန်သစ်များဖြစ်သော iPhone 5, iPad Mini တို့ကို လာမည့် စက်တင်ဘာ ၁၂ ရက်တွင် စတင်မိတ်ဆက်မည့် သတင်းများကြောင့်လည်း ရင်းနှီးမြှုပ်နှံသူများက Apple ရှယ်ယာများအပေါ် အထူးစိတ်ဝင်စားလာကြခြင်း ဖြစ်သည်။ Apple သည် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးမား ဆုံး ဖြစ်လာခဲ့သော်လည်း စတော့ဈေးကွက် သမိုင်းတစ်လျှောက် တန်ဖိုးအကြီးမားဆုံး စံချိန်တင်ခဲ့သော IBM ၏ ပမာဏကို မမီနိုင်သေးချေ။ IBM ကုမ္ပဏီသည် ၁၉၆၇ ခုနှစ်က ဈေးကွက်တန်ဖိုး ၁ ဒသမ ၃ ထရီလီယံဖြင့် သမိုင်းတွင်စံချိန်တင်ထားနိုင်ခဲ့ကြောင်း RT News တွင် ဖော်ပြသည်။

No comments:

Post a Comment