Wednesday 22 August 2012

လွှတ်တော်တာဝန်ရှိသူများနဲ့ ပြည်တွင်း NGO များ ဆွေးနွေးပွဲ

ဓာတ်ပုံ- Arkar Boh

ပြည်သူ့လွှတ်တော်မှ ဦးမောင်မောင်ဆွေ အပါအ၀င် လွှတ်တော်ရေးရာ ကော်မတီများ၊ ကော်မရှင်များ၊ ဌာန ဆိုင်ရာ တာဝန် ရှိသူ တချို့နှင့် မြန်မာနိုင်ငံတွင်းက NGO များဖြစ်ကြသည့် လူထု အခြေပြု လူ့အဖွဲ့အစည်းက သူတွေနဲ့တွေ့ဆုံဆွေးနွေးမှု တခု ကို ယနေ့ သြဂုတ်လ ၂၂ ရက် ညနေ ၅ နာရီ ခန့်က စတင်ပြီး နေပြည်တော်ရှိ၊ သင်္ဂဟ ဟော်တယ်၊ အစည်းအဝေးခမ်းမ တခုတွင် ကျင်းပ ပြုလုပ်ပါတယ်။

အစည်းအဝေးပွဲသို့ ပြည်တွင်းအခြေစိုက် လူထု အခြေပြုလူ့အဖွဲ့အစည်းတွေနဲ့ လွှတ်တော် တာဝန်ရှိသူ တွေ စုစုပေါင်း တက်ရောက်လာသူ ၇၀ ခန့် ရှိကြောင်း သိရပါတယ်။

အဆိုပါအစည်းအဝေးကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း တက်ရောက်နိုင်ခြင်း မရှိကြောင်း၊ ၄င်းအစား ဦးမောင်မောင်ဆွေက တက်ရောက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။


အစည်းအဝေး တက်ရောက်သူများထဲမှာ လွှတ်တော်အမတ်အချို့ အပြင် ပြည်တွင်း NGO တွေက ပုဂ္ဂိုလ်များနဲ့ နာရေးကူညီမှု အသင်းက ဆရာမ ဒေါ်သန်းမြင့်အောင်၊ ၈၈ မျိုး ဆက်ကျောင်းသားများ အဖွဲ့က ဦးကိုကိုကြီး အစရှိသူတွေလည်း ပါဝင်ပါတယ်။

ဆွေးနွေးပြောဆိုမှုများကို အသေးစိပ် မသိရသေးသော်လည်း လူထုအခြေပြု လူ့အဖွဲ့အစည်းများနှင့် အသွင် ကူးပြောင်းရေးကာလမှာ မြန်မာ့ ဒီမိုကရေစီ လူ့ဘောင်အတွက်အရေးကြီးမှုများကို ဆွေးနွေးကြောင်း သိရ ပါတယ်။

ဆွေးနွေးပွဲကို တခုတည်းသော ပြည်တွင်း ပုဂ္ဂလိက ရုပ်သံ ထုတ် လွှင့်မှု ကုမ္ပဏီ Skynet က ရိုက်ကူး မှတ်တမ်း တင်နေကြောင်းပါတဲ့။

No comments:

Post a Comment