Wednesday 22 August 2012

တူရကီ ကားဗုံးပေါက်ကွဲမှု ၎င်းတို့နှင့်မသက်ဆိုင်ကြောင်း PKK အဖွဲ့ပြောကြား

တူရကီနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုသည် မိမိတို့နှင့် မသက်ဆိုင်ကြောင်း PKK သူပုန်အဖွဲ့က ပြောကြားလိုက်သည်။ PKK (ကာဒစ်ရှ် အလုပ်သမား ပါတီ) သူပုန်များသည် ယခင်က တူရကီ အစိုးရ စစ်တပ်ကို ချောင်းမြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသော်လည်း ယခု တစ်ကြိမ် ကားဗုံးပေါက်ကွဲမှုတွင်မူ တာဝန်မ ရှိကြောင်း ငြင်းဆန်ခဲ့သည်။

တူရကီနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုသည် မိမိတို့နှင့် မသက်ဆိုင်ကြောင်း PKK သူပုန်အဖွဲ့က ပြောကြားလိုက်သည်။ PKK (ကာဒစ်ရှ် အလုပ်သမား ပါတီ) သူပုန်များသည် ယခင်က တူရကီ အစိုးရ စစ်တပ်ကို ချောင်းမြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ် ကားဗုံးပေါက်ကွဲမှုတွင်မူ တာဝန်မရှိကြောင်း ငြင်းဆန်ခဲ့သည်။ ဂါဇီယန်တပ်တွင် ဘတ်စ်ကား မှတ်တိုင်အနီး ရပ်ထားသော ကားတစ်စင်းကို အဝေးထိန်း စနစ်ဖြင့် ဗုံးခွဲခဲ့ရာ လူ(၉)ဦး သေဆုံးပြီး (၆၈)ဦး ဒဏ်ရာများ ရရှိခဲ့သည်။
တူရကီ ဒုတိယ ဝန်ကြီးချုပ် ဘီဆာအတ္တလေက ဒဏ်ရာရသူများအနက် (၄)ဦးသည် အခြေအနေ ဆိုးရွားကြောင်း သတင်းထောက်များအား ပြောဆိုခဲ့သည်။ အစောပိုင်းက PKKသည် ဆီးရီးယားနှင့် နယ်စပ်အနီးတွင် ဖြစ်ပွားသော ဗုံးခွဲမှုကို ကြိုးကိုင်သည်ဟု သတင်းများက ဖော်ပြခဲ့သော်လည်း ယခုအခါ သူပုန်အဖွဲ့က ငြင်းချက်ထုတ်ခဲ့သည်။ "ကျွန်တော်တို့ အဖွဲ့ဟာ ဒီတိုက်ခိုက်မှုမှာ ဘာမှ မလုပ်ခဲ့ပါဘူး။ ရှင်းရှင်းလင်းလင်း ပြောချင်တာက ကျွန်တော်တို့ဟာ အရပ်သားတွေကို ဘယ်တော့မှ ပစ်မှတ်မထား ဘူး"ဟု PKKမှ တာဝန်ခံ တစ်ဦးက ပြောကြားခဲ့သည်။
ယခုဖြစ်ရပ်သည် တူရကီ စစ်လေယာဉ် တစ်စင်းကို ပစ်ချခဲ့သဖြင့် ဆီးရီးယားနှင့် တင်းမာနေသော ဆက်ဆံရေးကို ပိုမို ဆိုးရွားလာစေခဲ့သည်။ PKKသည် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ တူရကီမှ ခွဲထွက်ပြီး အရှေ့တောင်ပိုင်း ဒေသတွင် သီးခြား တိုင်းရင်းသား နိုင်ငံတစ်ခု ထူထောင်ရန် ဖြစ်သည်။ (၁၉၈၄)ခုနှစ်ကတည်းက စတင် ထူထောင်သော PKKနှင့် အစိုးရတပ်များကြား တိုက်ခိုက်မှုများကြောင့် ထိုစဉ်ကတည်းက ယနေ့အချိန်ထိ လူပေါင်း လေးသောင်းကျော် သေဆုံးခဲ့ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment