Wednesday 22 August 2012

မြေယာသိမ်းခံရမှု မွန်ပါတီ အကောင်အထည်ဖော်တော့မည်

မွန်ပြည်နယ်ရှိ တနင်္သာရီတိုင်း ရေဖြူမြို့နယ် အတွင်း မြို့နယ်တ ချို့နှင့်  ဖြစ်ပွားနေ သည့် မြေယာ သိမ်းဆည်းမှု ကိစ္စနှင့် ပတ်သက်ပြီး မွန်နိုင်ငံရေး ပါတီတို့က အကောင် အထည်ဖော် ဆောင် ရွက် တော့ မည်ဖြစ်သည်။လက်ရှိ ကျိုက်မရော မြို့နယ်အတွင်း ဇေကမ္ဘာ ကုမ္ပဏီမှ ဘိလပ်မြေစက်ရုံတည်ေ ဆာက်ရန် အတွက် ဒေသခံတို့၏ လယ်ယာ ခြံမြေများကို လျော်ကြေးအနည်းငယ်သာပေးပြီး သိမ်းဆည်းနေ မှုနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်း ရေတပ် တည်ဆောက် ရန် မြေသိမ်းဆည်း မည့်ကိစ္စတို့ကို ၈၈ ကျောင်းသားခေါင်းဆောင်တို့နှင့် ပူးပေါင်းပြီးလုပ်ဆောင်သွားမည်ဟု မွန်ဒီမိုကရေစီပါတီ ဗဟို အလုပ်မှုဆောင် နိုင်စိုး မြင့်က ပြောသည်။မွန်ပါတီနှစ်ပါတီ ဖြစ်သည့် မွန်ဒီမို ကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ခေါင်းဆောင်တို့က ၈၈ ကျောင်းသားခေါင်းဆောင် တို့နှင့် သြဂုတ်လ ၁၄ရက်နေ့တွင် တွေ့ဆုံခဲ့ကြပြီး လူ့အခွင့်အရေး အထူးသဖြင့် မွန်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် လယ်ယာမြေသိမ်း ဆည်းခံရမှုကိစ္စတို့ကို အကောင်အထည်ဖော် ပူးပေါင်း လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြသည်။
“ကျနော်တို့ ၈၈ခေါင်းဆောင်တွေနဲ့တွေ့တော့ အဓိက ဆွေးနွေးဖြစ်တာက အခွင့်အရေးကိစ္စပေါ့နော်။ အဲဒါတွေကို အတူတကွ လှုပ်ရှား သွားမယ်။ ပြီးတော့ မြေသိမ်းတဲ့ကိစ္စ။ အဲဒါတွေကိုလည်း အကောင်အထည်ဖော်သွားမယ်”ဟု နိုင်စိုးမြင့်က ပြောသည်။
ကျိုက်မရော၊ ရေး၊ သံဖြူဇရပ်နှင့် ရေဖြူမြို့နယ်က မြေသိမ်းဆည်းမှုကိစ္စကို စုံစမ်းသွားမည်ဖြစ်ပြီး ရရှိလာသည့် အချက်အလက်များကို ၈၈ ကျောင်းသားခေါင်းဆောင်တို့နှင့် ထပ်မံ ဆွေးနွေးသွားမည်ဟု လည်း သူက ဆက်ပြောသည်။
မွန်ပြည်နယ် ရေး၊ သံဖြူဇရပ်၊ ကျိုက်မရောမြို့နယ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်၌ တပ်အသစ် ချထားရန်နှင့် တပ်တွင်း စီးပွားရေးအ တွက် မြေယာသိမ်းမှုသည် ၂ဝဝဝ-၂ဝဝ၅ ခုနှစ်ကာလအတွင်း အဆိုးဆုံး အခြေအနေဖြစ်ပြီး ၂ဝ၁၁ခုနှစ်အထိ မြေဧကပေါင်း ၂ဝ,ဝဝ၀ ကျော် သိမ်းဆည်းခဲ့သည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM ၏ စာရင်းအရ သိရသည်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကျွဲသုံးညီမကျွန်းပေါ်ရှိ ရာဘာခြံပိုင်ရှင် အိမ်ထောင်စုပေါင်း ၂၄၀ခန့်၏ မြေဧက ၁,၀၀၀ကို နယ်မြေခံရေ တပ် တပ်ရင်းအမှတ်(၄၃)က ၂၀၁၀ခုနှစ်၊ ဒီဇင်ဘာလမှစ၍ လျော်ကြေးပေးဆောင်ခြင်းမရှိပဲ သိမ်းဆည်းခဲ့ပြီး ၎င်းကျွန်းနှင့် အနီးတဝိုက်ရှိ အခြားသော ခြံမြေဧကပေါင်း ၃,၀၀၀ခန့်ကိုလည်း သိမ်းဆည်းရန်ရှိသည်ဟု ၂၀၁၁ခုနှစ်ထုတ် HURFOM ၏ “ပြည်သူတို့၏ မြေယာများ အား အစိုးရရေတပ်မှ အဓမ္မသိမ်းဆည်းခြင်း” (Burma’s Navy Attacks Civilians’ Livelihood)အမည်ရှိ အစီရင်ခံစာ၌ ဖော်ပြထားသည်။

No comments:

Post a Comment