Wednesday 22 August 2012

Goddess of Democracy နဲ့ အမေရိကမှာ သွားတွေ့မယ့် မြန်မာ ၅ ဦး

အမေရိကန် အထက်လွှတ်တော် အောက်လွှတ်တော် နှစ်ရပ်ပေါင်း ချီးမြှင့်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆုကိုလက်ခံရယူဖို့ __

1. ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊
2. ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး နဲ့
3. နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူတို့ ၃ ယောက်စက်တင်ဘာလ ဒုတိယပါတ် အတွင်း အမေရိကန် နိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။

ဒီဆုကို အမေရိကန် လွှတ်တော်နှစ်ရပ်ပေါင်း ဖွဲ့စည်းထားတဲ့ National Endowment for Democracy NED က ပေးအပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဆုရသူတွေထဲမှာ ပြည်တွင်းက ၃ ယောက်အပြင်

4. မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင် နဲ့
5. US Campaign For Burma က ဦးအောင်ဒင် တို့လည်း ပါဝင်မှာဖြစ်ပါတယ်။ (DVB)

ဆု အနေနဲ့ ပေးအပ်တဲ့ အထိမ်းအမှတ် ရုပ်တု လေး သမိုင်းကလည်း အမိုက်စားပါ ..။ အံ့သြစရာ တရုတ် တိန်အန်မင် အရေးအခင်းမှာ တင့်ကား နဲ့ အဖြိုခံခဲ့ရတဲ့ တရုတ် အနုပညာ အကယ်ဒမီက ဆန္ဒပြကျောင်းသား
တွေ တည်ဆောက်တဲ့ Goddess of Democracy ရုပ်တု ပုံစံကို ပွားယူပြီး 1991 က စလို့ National Endowment for Democracy ဆု ရုပ်တုလေးတွေ အနေနဲ့ နှစ်စဉ် ပေးအပ်ခဲ့တာဖြစ်ပါတယ် ..။

No comments:

Post a Comment