Wednesday 22 August 2012

ဒေါ်အောင်ဆန်းစုကြည် မှ နည်းမျိုးစုံ သုံးပြီး နိုင်ငံသား ဖြစ်အောင် လုပ်ဆောင်တာကို ကာကွယ်ရေးဆွေးနွေးခဲ့

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ တရားဥပဒေ စိုးမိုးရေး နဲ့ တည်ငြိမ် အေးချမ်းရေး ဆိုင်ရာ လွှတ်တော် ကော်မတီဟာ ဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ ညနေပိုင်းမှာတွေ့ဆုံ ခဲ့ပါတယ်။
 

ဒီကနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ - မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူတွေ မမှန်ကန်တဲ့ နည်းမျိုးစုံ သုံးပြီး နိုင်ငံသား
ဖြစ်အောင် လုပ်ဆောင်တာကို ကာကွယ်ရေးနဲ့ စပ်လျဉ်းတဲ့ကိစ္စ အပါအဝင် တခြား ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့ပြင် ပြည်သူ့လွှတ်တော် စီးပွားရေးနဲ့ ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ က- မြန်မာ နိုင်ငံသားများ ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment