Wednesday 22 August 2012

အဝလွန်ခြင်းနှင့်သွေးတိုးကြောင့် အသက်ကြီးလာချိန်တွင် မှတ်ဥာဏ်ဆုံးရှုံးပိုဖြစ်နိုင်

အဝလွန်ခြင်းနှင့် သွေးတိုးရောဂါများသည် အသက်အရွယ် ကြီးရင့်လာချိန်တွင် မှတ်ဥာဏ်ဆုံးရှုံးမှုကို ပိုမိုလျင်မြန် ဆိုးရွားစေကြောင်း သိရှိရသည်။ အသက်(၅၀)အထက် လူပုဂ္ဂိုလ်များတွင် သွေးတိုးနှင့် အဝလွန်သည့် အခြေအနေများ ရှိပါက မှတ်ဥာဏ် ပျက်သုဉ်းမှုသည် သာမန်ထက် လျင်မြန်လေ့ရှိကြောင်း သုတေသန စစ်တမ်းတစ်ခုက ဖော်ထုတ် တွေ့ရှိခဲ့သည်။

အဝလွန်ခြင်းနှင့် သွေးတိုးရောဂါများသည် အသက်အရွယ် ကြီးရင့်လာချိန်တွင် မှတ်ဥာဏ်ဆုံးရှုံးမှုကို ပိုမိုလျင်မြန် ဆိုးရွားစေကြောင်း သိရှိရသည်။ အသက်(၅၀)အထက် လူပုဂ္ဂိုလ်များတွင် သွေးတိုးနှင့် အဝလွန်သည့် အခြေအနေများ ရှိပါက မှတ်ဥာဏ် ပျက်သုဉ်းမှုသည် သာမန်ထက် လျင်မြန်လေ့ရှိကြောင်း သုတေသန စစ်တမ်းတစ်ခုက ဖော်ထုတ် တွေ့ရှိခဲ့သည်။




မှတ်ဥာဏ် ယိုယွင်းမှု လျင်မြန်လာခြင်းအပြင် သိစိတ်နှင့် တုံ့ပြန်နိုင်စွမ်းအားများလည်း ချွတ်ယွင်း လာနိုင်ကြောင်း ပညာရှင်များက ဆိုသည်။ သုတေသီများက သက်လတ်ပိုင်းတွင် အဝလွန်ခဲ့သူများသည် အသက်အရွယ် အိုမင်းလာချိန်တွင် ဦးနှောက် လုပ်ဆောင်မှုများ ချို့တဲ့ဖောက်ပြန်မှုကို သာမန်ထက် ပိုမို ထိစပ်ခံစားရကြောင်း အထောက်အထားများ ဖော်ထုတ် တွေ့ရှိလာခဲ့သည်။
အသက်အရွယ် ကြီးရင့်သူများကို ခန္ဓာကိုယ် အချိုးအစားအလိုက် မှတ်ဥာဏ် ယိုယွင်းမှုနှင့် ချိန်ထိုး လေ့လာခဲ့ရာ အဝဆုံးသော သူများသည် သာမန်ထက် မှတ်ဥာဏ် ဆုံးရှုံးမှု (၂၂.၅) ရာခိုင်နှုန်း ပိုမိုများပြားကြောင်း ပြင်သစ် ဆေးပညာ သုတေသန ဌာနမှ ပညာရှင်များက ပြောကြားခဲ့သည်။ ၎င်းတို့သည် ပျမ်းမျှအသက် (၅၀)မျှရှိသူ (၆၄၀၁)ဦး၏ ကျန်းမာရေး မှတ်တမ်းများကို ခြေရာခံ စီစစ်ပြီး ယခုသုတေသန ရလဒ်ကို ကောက်ချက်ဆွဲခဲ့ခြင်း ဖြစ်သည်။



သုတေသီများက သွေးဖိအား များပြားခြင်း၊ ကောင်းမွန်သည့် ကိုလက်စထရော ပမာဏ လျော့နည်းနေခြင်း၊ ခန္ဓာကိုယ်တွင် သကြားဓာတ် များပြားနေခြင်းများသည် မှတ်ဥာဏ် ဆုံးရှုံးမှုနှင့် ဆက်နွယ်နေကြောင်း ရှင်းလင်း ပြောဆိုသွားသည်။ ပညာရှင်များသည် စေတနာအလျှောက် ပါဝင်စမ်းသပ်ခံရန် ကူညီခဲ့သူများ၏ မှတ်ဥာဏ်နှင့် စိတ်ကူးဥာဏ် ထိုးထွင်းမှု စွမ်းရည်တို့ကို (၁၀)နှစ်ကြာ ကာလအတွင်း (၃)ကြိမ်တိုင် စာရင်းပြုစု လေ့လာခဲ့သည်။
ထို့နောက်တွင် အဝလွန်ခြင်းနှင့် သွေးတိုးခြင်းတို့သည် လူတစ်ဦး၏ ဥာဏ်ရည်ဥာဏ်သွေးဆိုင်ရာ စွမ်းရည်ကို လှုံ့ဆော်ပေးသည့် ဇီဝကမ္မ ဖြစ်စဉ်များအား ဟန့်တားနှောင့် ယှက်နိုင်ကြောင်း ဖော်ထုတ် တွေ့ ရှိခဲ့သည်။ ယခုစစ်တမ်းတွင် ပါဝင်လေ့လာခဲ့သော အာရုံကြောဆိုင်ရာ သုတေသီ အာချနာဆင်မာနော့စ်က "ခုတွေ့ရှိချက်ကို ပိုပြီး ခိုင်ခိုင်မာမာ အတည်ပြုဖို့ နောက်ထပ် သုတေသန လုပ်ငန်းတွေတော့ လိုအပ်နေတုန်းပါ။ အဓိက အချက်ကတော့ ဒီလိုမျိုး ဇီဝကမ္မ ဖြစ်စဉ်တွေကို ထိခိုက်သက်ရောက်ဖို့ အချိန် ဘယ်လောက်အတွင်းမှာ ဖြစ်လာနိုင်သလဲ ဆိုတာမျိုးကို ကျွန်တော်တို့ သိချင်ပါသေးတယ်"ဟု ပြောကြား သွားခဲ့သည်။

No comments:

Post a Comment