Tuesday 25 September 2012

ကုလသမဂ္ဂ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ထံက အများကြီး မျှော်လင့်ထားကြောင်းပြောကြား

Tuesday, 25 September 2012

ကုလသမဂ္ဂ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ထံက အများကြီး မျှော်လင့်ထားကြောင်း၊ ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ပူးပေါင်းဆောင်ရွက်ရေး တွေကနေ မြန်မာနိုင်ငံ ကို ဦးေ ဆာင် သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ အကြီးအကဲ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

နယူးယောက်မြို့ကို သောကြာနေ့ကရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာဘန်ကီမွန်းက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ သောကြာနေ့ ညနေပိုင်းကလည်း နယူးယောက်မြို့ အခြေစိုက် အတ္တလန်တစ် ကောင်စီက ကျင်းပတဲ့ ဂုဏ်ပြု ညစာစားပွဲကို တက်ရောက်ခဲ့ပြီး အဲဒီအဖွဲ့က ချီးမြင့်တဲ့ ကမ္ဘာ့နိုင်ငံသားဆု Global Citizen Award ကို လက်ခံရယူခဲ့ပါတယ်။

ဒီ အခမ်းအနားမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Henry Kissinger ၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးဟောင်း Sadako Ogata နဲ့ လူသားချင်း စာနာမှု အကူအညီပေးသူ ဂီတပညာရှင် Quincy Jones တို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။
 
မူရင်းသတင်း-RFA

No comments:

Post a Comment