Tuesday 25 December 2012

Air Bagan လေယာဉ် ဟဲဟိုးလေဆိပ်အဆင်းတွင် ပျက်ကျမှုသတင်း

ယနေ့ နံနက် (၇ နာရီ ၃၀ မိနစ် အချိန်ခန့်) တွင် (W9-011) ရန်ကုန်-မန္တလေး- ဟဲဟိုး ခရီးစဉ် လေယာဉ်သည် ဟဲဟိုးလေယာဉ်ကွင်းသို့ ဆင်းသက်ချိန်တွင် အင်ဂျင်စက် ချို့ယွင်းမှုကြောင့် လေယာဉ်မှာ ၃ ပိုင်းကျိုးပြီး မီးလောင်ပျက်စီး သွားခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ခရီးစဉ်တွင် လိုက်ပါလာသော ဦးရေမှာ လေယာဉ်မှူး ၆ ဦး၊ ခရီးသည် ၆၅ ဦး၊ စုစုပေါင်း ၇၁ ဦးလိုက်ပါ ပျံသန်းလာကြောင်း သိရှိရ ပါသည်။ 

လေယာဉ်ပျက်စီးမှုတွင် လေယာဉ်ပေါ်မှ သေဆုံး ၁ ဦးနှင့်၊ လေယာဉ် ပျက်ကျမှုကြောင့် လမ်းပေါ်မှ ဆိုင်ကယ် ၁ စီးအား ဝင်ရောက်တိုက်မိရာ စီးနင်းလာသူ နှစ်ဦးအနက် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။ 

လက်ရှိအချိန်တွင် သေဆုံးသူဦးရေမှာ ၂ ဦး ဖြစ်ပြီး ဒဏ်ရာရ ခရီးသည် များအား ဆေးရုံသို့ ပို့ဆောင် ကုသလျက်ရှိကြောင်း သိရှိရပါသည်။ ကျန်ခရီးသည်များအား လေယာဉ်ကွင်းအနီး ဓမ္မာရုံတွင် ထားရှိကာ အောင်ပန်း တပ်မတော် ဆေးရုံ ကုတင် ၇၀၀ နှင့် နယ်မြေခံတပ်ရင်းမှ ဆေးတပ်ရင်းများမှ ဆေးကုသခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

လေယာဉ် မီးလောင် ပျက်စီးမှုများအား လေယာဉ်ဝန်ထမ်းများနှင့် တပ်မတော် သားများမှ မီးငြှိမ်းသတ်ခြင်းများ၊ ကယ်ဆယ်ရေး ဆောင်ရွက်ခြင်းများ ဆက်လက် လုပ်ဆောင်နေကြောင်း သတင်းရရှိရပါသည်။

 နောက်ဆုံး အခြေအနေနှင့် ဓါတ်ပုံသတင်းများအား အမြန်ဆက်လက် တင်ပြ သွားပါမည်။ယနေ့ နံနက် (၇ နာရီ ၃၀ မိနစ် အချိန်ခန့်) တွင် (W9-011) ရန်ကုန်-မန္တလေး- ဟဲဟိုးခရီးစဉ် လေယာဉ်သည် ဟဲဟိုးလေယာဉ်ကွင်းသို့ ဆင်းသက် ချိန်တွင် အင်ဂျင်စက် ချို့ယွင်းမှုကြောင့် လေယာဉ်မှာ ၃ ပိုင်းကျိုးပြီး မီးလောင်ပျက်စီး သွားခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါခရီးစဉ်တွင် လိုက်ပါလာသော ဦးရေမှာ လေယာဉ်မှူး ၆ ဦး၊ ခရီးသည် ၆၅ ဦး၊ စုစုပေါင်း ၇၁ ဦးလိုက်ပါ ပျံသန်းလာကြောင်း သိရှိရ ပါသည်။
လေယာဉ်ပျက်စီးမှုတွင် လေယာဉ်ပေါ်မှ သေဆုံး ၁ ဦးနှင့်၊ လေယာဉ် ပျက်ကျမှုကြောင့် လမ်းပေါ်မှ ဆိုင်ကယ် ၁ စီးအား ဝင်ရောက်တိုက်မိရာ စီးနင်းလာသူ နှစ်ဦးအနက် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိအချိန်တွင် သေဆုံးသူဦးရေမှာ ၂ ဦး ဖြစ်ပြီး ဒဏ်ရာရ ခရီးသည် များအား ဆေးရုံသို့ ပို့ဆောင် ကုသလျက်ရှိကြောင်း သိရှိရပါသည်။ ကျန်ခရီးသည်များအား လေယာဉ်ကွင်းအနီး ဓမ္မာရုံတွင် ထားရှိကာ အောင်ပန်း တပ်မတော် ဆေးရုံ ကုတင် ၇၀၀ နှင့် နယ်မြေခံ တပ်ရင်းမှ ဆေး တပ်ရင်း များမှ ဆေးကုသခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

လေယာဉ် မီးလောင် ပျက်စီးမှုများအား လေယာဉ်ဝန်ထမ်းများနှင့် တပ်မတော် သားများမှ မီးငြှိမ်း သတ်ခြင်းများ၊ ကယ်ဆယ်ရေး ဆောင်ရွက်ခြင်းများ ဆက်လက် လုပ်ဆောင်နေကြောင်း သတင်း ရရှိ ရပါ သည်။

နောက်ဆုံး အခြေအနေနှင့် ဓါတ်ပုံသတင်းများအား အမြန်ဆက်လက် တင်ပြ သွားပါမည်။

No comments:

Post a Comment