အမျိုးသားများသည် ၎င်းတို့၏ ဘဝ တစ်လျှောက်လုံးတွင် လူနှစ်ဦးလျှင် တစ်ဦးမှာ
ကင်ဆာ ဖြစ်နိုင်သည့် အခွင့်အလမ်း ရှိနေသည်ဟု ဗြိတိန် ပညာရှင်များက
ခန့်မှန်းထားကြသည်။ယခင်က ကင်ဆာ ဖြစ်ပွားမှု နှုန်း သည် လူအယောက်
၁ဝဝ တွင် ၄၄ ဦး ရှိခဲ့ရာမှ ယခုအခါ လူ အယောက်၁ဝဝတွင် ၅ဝ ဦးထိ မြင့်တက်လာခဲ့ကြောင်း ကင်ဆာရော
ဂါ ဖြစ်ပွားမှု နှုန်းသည် မြင့်တက်လာခြင်းကြောင့်
လူတို့အသက်ရှည်ကြာ စွာ နေထိုင် နိုင်မှုအား သိသိသာသာ လျော့ကျ စေခဲ့သည်ဟု
ဗြိတိန်ကင်ဆာသုတေသနဌာနမှ ပြောကြားခဲ့သည်။လာမည့် ၁၅ နှစ်အတွင်း အမျိုးသားများအဖြစ်များသည့် ကင်ဆာ ရောဂါများမှာ
အူသိမ်အူမ ကင်ဆာ၊ ဆီးကျိတ် ကင်ဆာနှင့်အရေပြား ကင်ဆာ ရောဂါများ ဖြစ်သည်။
သို့သော်လည်း ရောဂါ စစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် ကုသမှုများ
ပြုလုပ်ခြင်းတို့ဖြင့် ကင်ဆာရောဂါ ဖြစ်ပွားလျက် အသက်ရှင်ရန်
အခွင့်အလမ်းများ ပိုမို ရရှိလာမည် ဖြစ်ကြောင်း သိရသည်။ ကင်ဆာရောဂါ ဖြစ်ပွားလျက် ဆက်လက် ရှင်သန် နေထိုင်နိုင်ရေး အတွက်
ရည်ရွယ်သည့် ဆေးပညာရပ်ဆိုင်ရာ တိုးတက်မှုများသည် လွန်ခဲ့သည့် နှစ် ၄ဝ ခန့်
ကတည်းက နှစ်ဆခန်း တိုးတက်ခဲ့သည်။
သုတေသန ပြုချက်များ အရ
ကင်ဆာရောဂါ ဖြစ်ပွားမှုသည် ဆက်လက် တိုးမြှင့်နိုင်ဖွယ် ရှိသည်ဟု ဗြိတိန်
နိုင်ငံမှ ကျွမ်းကျင် ပညာရှင်များက ယူဆလျက် ရှိသည်။
ဗြိတိန်
ကင်ဆာ သုတေသနဌာန၊ လန်ဒန် တက္ကသိုလ်နှင့် ကွင်းမယ်ရီရှိ ဝိုလ်ဖ်ဆွန် ရောဂါ
ကာကွယ်ရေး ဆေးပညာ တက္ကသိုလ်များသုတေသန ပညာရှင်အဖွဲ့သည် ဗြိတိန် နိုင်ငံ၏
လူဦးရေ စာရင်း၊ သေဆုံးမှု နှုန်းနှင့် ယခင် ကင်ဆာ ရောဂါဖြစ်ပွား
ခဲ့မှုနှုန်းများ အပေါ် အခြေခံ၍ လေ့လာခဲ့ရာ ဗြိတိန် နိုင်ငံတွင် ၂ဝ၁ဝ
ပြည့်နှစ်က ကင်ဆာရောဂါ ဖြစ်ပွားသူ ၃၂၄,ဝဝဝ ဦးရှိခဲ့ပြီး ၂ဝ၂၇ ခုနှစ်တွင်
ဗြိတိန်ပြည်သူ ၄၁၆,ဝဝဝ ခန့်မှာ ကင်ဆာ ရောဂါ ဖြစ်ပွား နိုင်သည်ဟု
ခန့်မှန်းရကြောင်း သုတေသန ပညာရှင်များက ကြိုတင်ခန့်မှန်း ပြောကြား ထားသည်။
No comments:
Post a Comment