i Pad mini နဲ့ i Pad 4 ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက တစ်ပြိုင် နက်တည်း ဖြန့်ချိခဲ့ပါတယ်။ အခုတော့ နံပါတ် ၅ မြောက် iPad သို့ မဟုတ် iPad
5 ထွက်ရှိမယ်လို့ သတင်းထွက်နေပြန်ပြီ ဖြစ်ပါတယ်။ ( ပုံ မှာ ပြထားတာကတော့
Concept ဒီဇိုင်းမျှသာ ဖြစ်ပါတယ်။ Apple က လုပ်ထားတာ မဟုတ်ပါဘူး။)
သတင်းကတော့ ဂျပန်နိုင်ငံက ထွက်ရှိလာခြင်း ဖြစ်ပြီး အနောက်နိုင်ငံများ က ဘာသာပြန်တော့ နှစ်မျိုး ကွဲသွားရပါတယ်။ မူလ iPad 4 တုန်းက ၉.၄ မီလီမီတာ အထူရှိပြီး ယခုထွက်မယ့် နံပါတ် ၅ ကို ၇.၂ မီလီမီတာတို့လည်းကောင်း၊ ၂ မီလီမီတာလို့ လည်းကောင်း နှစ်မျိုးအသံထွက် နေပါတယ်။ Apple ကတော့ ဘာမှ တရားဝင်မကြေညာသေးပါဘူး။ သို့ပေမယ့် Apple အတွင်းလူများဆီက သတင်းလို့ ဆိုပါတယ်။
Superthin လို့ခေါ်တဲ့ တကယ့် အပါးတက အပါးဆုံး ထုတ်လုပ်မှာ ဖြစ်ပါ တယ်။ အဖြစ်နိုင်ဆုံးကတော့ ၇.၄ မီလီမီတာ ဖြစ်ပါတယ်။ Retina ကိုပဲ ပြန်သုံးမလား အခြား Display resolution ကိုရွေးမလားဆိုတာ လည်း ခန့်မှန်းနေကြဆဲ ဖြစ်ပါတယ်။ သို့ပေမ့ယ် နောက်ထွက်မယ့် iPad 5 ကတော့ အပါး ဆုံး ဖြစ် လာမယ်ဆိုတာတော့ သေချာကြောင်း သိရပါတယ်။
--
Ref: cnet.pocketlint.

No comments:
Post a Comment