Tuesday 25 December 2012

တောင်ကိုရီးယား နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး သမ္မတ ပါ့ခ်ဂွမ်ဟေးနှင့် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ

တောင်ကိုရီးယား နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး သမ္မတ 
ပါ့ခ်ဂွမ်ဟေးနှင့် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ
Tuesday, December 25, 2012

တောင်ကိုရီးယား နိုင်ငံ၌ ဒီဇင်ဘာ ၁၉ ရက်က ကျင်းပခဲ့သည့် သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရ ဆေနူရီ ပါတီမှ ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သူ ပါခ့်ဂွမ်ဟေး အနိုင်ရရှိ ခဲ့ပြီးနောက် နိုင်ငံ၏ ပထမဆုံး သော အမျိုးသမီး သမ္မတ ဖြစ်လာခဲ့သည်။

အသက် ၆ဝ နှစ် အရွယ်ရှိ ပါ့ခ်သည် နိုင်ငံ့ ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သည့် ပါ့ခ်ချုံဟီး၏ သမီးဖြစ်သည်။ ရေတွက်ပြီး မဲ အရေအတွက် ၉၄ ဒသမ ၅ ရာခိုင်နှုန်း အနက် ထောက်ခံမဲ ၅၁ ဒသမ ၇ ရာခိုင်နှုန်းဖြင့် အနိုင် ရရှိခဲ့ခြင်း ဖြစ်သည်။

ပါ့ခ်သည် အာရှ၏ စတုတ္ထ အကြီးဆုံး စီးပွားရေး အင်အားကြီး နိုင်ငံ၏ သမ္မတ အဖြစ် လက်ရှိ သမ္မတ အီမြောင်ဘတ်၏ နေရာတွင် လာမည့်နှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် စတင် တာဝန် ထမ်းဆောင်မည်
ဖြစ်သည်။ ရွေးကောက်ပွဲတွင် အနိုင် ရရှိပြီးနောက် ထောက်ခံ သူများအား မိန့်ခွန်း ပြောကြားရာတွင် သူမ အနေဖြင့် တောင်ကိုရီးယား ပြည်သူများ၏ အသက်မွေး ဝမ်းကျောင်း ဖူလုံမှု ရှိစေရန် ဦးစားပေး လုပ်ဆောင် မည်ဟု ကတိကဝတ် ပြုခဲ့ပြီး ယင်းကတိ အတိုင်း လုပ်ဆောင်သွားမည်ဟု ပါ့ခ်က ပြောကြား ထားသည်။ ကျွမ်းကျင်သူ များ၏ အဆိုအရ ပါ့ခ်သည်
နှေးကွေးလျက် ရှိသည့် နိုင်ငံ၏ စီးပွားရေး တိုးတက်မှု၊ ခေါင်ခိုက် လျက်ရှိသော လူမှု ဖူလုံရေး အသုံး စရိတ်များ၊ အလုပ်အကိုင် ဖန်တီးရေး၊ မြောက်ကိုရီးယား အရေး စသည့် ကိစ္စရပ်များကို ရင်ဆိုင် ဖြေရှင်းရမည် ဖြစ်သည်။

မြောက်ကိုရီးယား အရေးနှင့် စပ်လျဉ်း၍ တောင်ကိုရီးယား အစိုးရသစ် အနေဖြင့် တားဆီးရေးနှင့် ဆက်ဆံမှု တိုးမြှင့်ရေး စသည့် ကွဲပြားသည့် မူဝါဒ နှစ်ရပ်ကို ချမှတ် ကျင့်သုံး သွားမည် ဖြစ်ပြီး လက်ရှိ သမ္မတ အီမြောင်ဘတ် အစိုးရက ရပ်တန့်ထားသည့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ များကို မြောက်ကိုရီး ယားအား ပြန်လည် ပေးအပ်ရန် ဆန္ဒရှိကြောင်း ပါ့ခ်က အရိပ်အမြွက် ပြောကြားခဲ့သည်။ သို့ရာတွင် အာဏာရ ဆေနူရီ ပါတီ အတွင်းရှိ အယူအဆ တင်းမာသူများနှင့် မကြာမီက ပစ်လွှတ်ခဲ့သည့် တာဝေးပစ် ဒုံးပျံ အစီ အစဉ်ကြောင့် မြောက်ကိုရီးယား အစိုးရကို ပြစ်ဒဏ် ချမှတ်ရန် စီစဉ်နေသော နိုင်ငံတကာ အသိုက် အဝန်းကြောင့် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် လာစေရန် ကြိုးပမ်းလုပ်ဆောင် ရာတွင် ပါ့ခ် အနေဖြင့် ကန့်သတ်မှုများနှင့် ကြုံတွေ့ရဖွယ် ရှိသည်ဟု လေ့လာသူ များက ပြောကြားထား သည်။

သမ္မတ ရွေးကောက်ပွဲတွင် ပါ့ခ် အနိုင်ရရှိမှု အပေါ် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ချီးကျူး ပြောကြားခဲ့ပြီး တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စု တို့သည် စီးပွားရေးနှင့် လုံခြုံရေးတွင် အနီးကပ် ပူးပေါင်း လုပ်ဆောင်လျက် ရှိကြောင်း ဖော်ပြ ခဲ့သည်။

ပါ့ခ်ဂွမ်ဟေးသည် အိမ်ထောင်မရှိသူ လူလွတ်တစ်ဦး ဖြစ်ပြီး ဆိုးလ်မြို့တော်ရှိ ဆုန်ဂန်း တက္ကသိုလ်မှ အင်ဂျင် နီယာဘွဲ့၊ ထိုင်ဝမ်နိုင်ငံ မွန်းဝါဒ် တက္ကသိုလ်မှ စာပေနှင့် ပတ်သက်၍ ဂုဏ်ထူးဆောင် ဘွဲ့ကို ရရှိ ခဲ့သည်။

မြ၀တီတောင်ကိုရီးယား နိုင်ငံ၌ ဒီဇင်ဘာ ၁၉ ရက်ကကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် လက်ရှိ အာဏာရ ဆေနူရီ ပါတီမှ ကိုယ်စား လှယ်လောင်း တစ်ဦးဖြစ်သူ ပါခ့်ဂွမ်ဟေး အနိုင်ရရှိ ခဲ့ပြီးနောက် နိုင်ငံ၏ ပထမဆုံး သော အမျိုးသမီး သမ္မတ ဖြစ်လာခဲ့သည်။
အသက် ၆ဝ နှစ် အရွယ်ရှိ ပါ့ခ်သည် နိုင်ငံ့ ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သည့် ပါ့ခ်ချုံဟီး၏သမီးဖြစ်သည်။ ရေတွက်ပြီး မဲအရေ အတွက် ၉၄ ဒသမ ၅ ရာခိုင်နှုန်း အနက် ထောက်ခံမဲ ၅၁ ဒသမ ၇ ရာခိုင်နှုန်းဖြင့် အနိုင် ရရှိ ခဲ့ခြင်း ဖြစ် သည်။

ပါ့ခ်သည် အာရှ၏ စတုတ္ထအကြီးဆုံး စီးပွားရေးအင်အားကြီး နိုင်ငံ၏ သမ္မတအဖြစ် လက်ရှိသမ္မတ အီမြောင်ဘတ်၏ နေရာတွင်လာမည့်နှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင်စတင် တာဝန် ထမ်းဆောင် မည်ဖြစ် သည်။ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ထောက်ခံ သူများအား မိန့်ခွန်း ပြောကြားရာတွင် သူမ အနေဖြင့် တောင်ကိုရီးယား ပြည်သူများ၏ အသက်မွေး ဝမ်းကျောင်း ဖူလုံမှု ရှိစေရန် ဦးစားပေး လုပ်ဆောင် မည်ဟု ကတိကဝတ် ပြုခဲ့ပြီး ယင်းကတိ အတိုင်း လုပ်ဆောင်သွားမည်ဟု ပါ့ခ်က ပြောကြား ထားသည်။ ကျွမ်းကျင်သူ များ၏ အဆိုအရ ပါ့ခ်သည်
နှေးကွေးလျက်ရှိသည့် နိုင်ငံ၏ စီးပွားရေးတိုးတက်မှု၊ ခေါင်ခိုက်လျက်ရှိသော လူမှုဖူလုံရေးအသုံး စရိတ်များ၊ အလုပ်အကိုင်ဖန်တီးရေး၊ မြောက်ကိုရီးယားအရေးစသည့် ကိစ္စရပ်များကို ရင်ဆိုင်ဖြေရှင်း ရမည် ဖြစ်သည်။

မြောက်ကိုရီးယား အရေးနှင့်စပ်လျဉ်း၍ တောင်ကိုရီးယား အစိုးရသစ်အနေဖြင့် တားဆီးရေးနှင့် ဆက်ဆံမှု တိုးမြှင့်ရေးစသည့် ကွဲပြားသည့် မူဝါဒ နှစ်ရပ်ကို ချမှတ်ကျင့်သုံးသွားမည် ဖြစ်ပြီး လက်ရှိ သမ္မတ အီမြောင်ဘတ် အစိုးရက ရပ်တန့်ထားသည့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ များကို မြောက်ကိုရီး ယားအား ပြန်လည် ပေးအပ်ရန် ဆန္ဒရှိကြောင်း ပါ့ခ်က အရိပ်အမြွက် ပြောကြားခဲ့သည်။ သို့ရာတွင် အာဏာရ ဆေနူရီ ပါတီ အတွင်းရှိ အယူအဆ တင်းမာသူများနှင့် မကြာမီက ပစ်လွှတ်ခဲ့သည့် တာဝေးပစ် ဒုံးပျံ အစီ အစဉ်ကြောင့် မြောက်ကိုရီးယားအစိုးရကို ပြစ်ဒဏ်ချမှတ်ရန်စီစဉ်နေသော နိုင်ငံတကာအသိုက် အဝန်းကြောင့် တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာစေရန် ကြိုးပမ်းလုပ်ဆောင် ရာတွင် ပါ့ခ် အနေဖြင့် ကန့်သတ်မှုများနှင့် ကြုံတွေ့ရဖွယ် ရှိသည်ဟု လေ့လာသူ များက ပြောကြားထား သည်။

သမ္မတ ရွေးကောက်ပွဲတွင်ပါ့ခ် အနိုင်ရရှိမှုအပေါ် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ချီးကျူး ပြောကြားခဲ့ပြီး တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့သည် စီးပွားရေးနှင့် လုံခြုံရေး တွင် အနီးကပ် ပူးပေါင်း လုပ်ဆောင်လျက် ရှိကြောင်း ဖော်ပြ ခဲ့သည်။

ပါ့ခ်ဂွမ်ဟေးသည် အိမ်ထောင်မရှိသူ လူလွတ်တစ်ဦး ဖြစ်ပြီး ဆိုးလ်မြို့တော်ရှိ ဆုန်ဂန်း တက္ကသိုလ်မှ အင်ဂျင် နီယာဘွဲ့၊ ထိုင်ဝမ်နိုင်ငံ မွန်းဝါဒ် တက္ကသိုလ်မှ စာပေနှင့် ပတ်သက်၍ ဂုဏ်ထူးဆောင် ဘွဲ့ကို ရရှိ ခဲ့သည်။

မြ၀တီ

No comments:

Post a Comment