မျက်နှာ နှစ်ခုနဲ့ ကြောင် (Two Faced Cat) အပြင်မှာ တကယ် ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ ဖြစ်ပြီး အသက် ၃ နှစ်သား ဝန်းကျင် ရှိပါတယ်။ ဘယ်ဘက်မျက်နှာက အနက်ရောင်ဖြစ်ပြီး ညာဘက် အနက်ရောင်ကတော့ ရွှေရောင်
ဖြစ်ပါတယ်။ ခန္ဓာကိုယ်က အရောင် ကွဲပြားမှုဟာ မသိသာပေမယ့် မျက်နှာကျတော့
တော်တော်လေး သိသာနေပါတယ်။တစ်ဖက်ကအနက်ရောင် တောက်တောက် ဖြစ်နေပြီး
မျက်လုံးက အစိမ်းရောင်ဖြစ် ပါတယ်။ ရွှေရောင် မျက်နှာဘက်အခြမ်း ကျတတော့
အပြာရောင် မျက်လုံးနဲ့ ဖြစ်ပါတယ်။
၂၀၁၂ သြဂုတ်လ ကုန်ပိုင်းက ပိုင်ရှင်ထုတ်ဖော်ပြသခဲ့ပြီး အင်တာနက်မှာ လူသိများခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်က ဇီဝေဗေဒပညာရှင်၊ ပရောဖက်ဆာများ ကိုယ်တိုင်စစ်ဆေးမှုများ ပြုလုပ် ခဲ့ရာ ယင်း ကြောင်ဟာ ဇိဝလက္ခဏာဆောင် ဓာတုပစ္စည်း (DNA) နှစ်မျိုးတောင် ပိုင်ဆိုင် ထာကြောင်း သိရ ပါတယ်။ သာမန်ကြောင် တစ်ကောင်က ပေါက်ဖွားပေ မယ့် DNA နှစ်ခု ပါဝင်နေခြင်း ဖြစ်ပါတယ်။ ဒီလို ထူးခြားချက်များရှိလို့ သူ့ကို Venus လို့အမည်ပေးထားပြီး ထူးခြားသော အသွင်အပြင်ကို ပိုင်ဆိုင်သူ - Chimera လို့ အမွမ်းတင် ခေါ်ဆို ကြကြောင်း သိရပါတယ်။
--
Ref: NGC
International news for myanmar

No comments:
Post a Comment