Tuesday 25 December 2012

ရာဇဂြိုလ်ဆည်စီမံကိန်း ၂၀၁၅ တွင် အပြီးတည်ဆောက်မည်



ကလေးမြို့နယ်ရာဇဂြိုဟ်ရွာ အနီးတွင်နေရဉ္စရာမြစ်ကိုပိတ်၍ တည်ဆောက်နေသောရာဇဂြိုဟ်  ဆည် စီမံကိန်းကိုသက်ဆိုင်ရာမှလာ မည့် (၂၀၁၅) ခုနှစ်တွင် အပြီးတည်  ဆောက်မည်ဖြစ်ပြီးထိုရာဇဂြိုဟ်
ဆည်ကြီးပြီးစီးပါကကလေးတစ်နယ် လုံးလျှပ်စစ်မီးပြည့်ပြည့်စုံစုံရရှိတော့ မည်ဖြစ်ကြောင်း သိရသည်။ ယခု အခါကလေးမြို့ပေါ်နှင့် အချို့ ကျေးရွာတို့တွင် ကလေးမြို့ အနောက်ဘက်တွင်တည်ရှိသော ဇီးချောင်းရေ အား လျှပ်စစ်မှလျှပ်စစ်  မီးကိုခွဲတမ်းဖြင့်အသုံးပြုနေရ ကြောင်း သိရသည်။
“ရာဇဂြိုဟ်ဆည်စီမံကိန်းပြီး ရင်လျှပ်စစ်ဓာတ်အားတွေသုံးမကုန် အောင်ပိုနေဦးမှာပါ။ အခုရည်ရွယ်  ထားတဲ့ ရေအားလျှပ်စစ်ဓာတ်အား  က (၄)မဂ္ဂါဝပ်ဖြစ်ပါတယ်။ နှစ်စဉ်လျှပ်စစ်စွမ်းအား (၂၁) ကီလိုဝပ် နာရီသန်းပေါင်းထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ကလေးနယ်တစ်နယ်လုံး လျှပ်စစ်မီးပေးထားနိုင်မှာဖြစ်ပါ တယ်”ဟု စီမံကိန်းတာဝန်ရှိသူတစ် ဦးကပြောသည်။
ယခုတည်ဆောက်နေသော  ရာဇဂြိုဟ်ဆည်စီမံကိန်းကို (၂၀၀၃) ခုနှစ်တွင် စတင် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး မြန်မာငွေ  ကျပ်သန်းပေါင်း (၅၆၆၀၀)၊ (အမေရိကန်ဒေါ်လာ ၆ဒဿမ ၈ သန်း) ကုန်ကျ မည်ခန့်မှန်းကြောင်း  သိရသည်။ ရာဇဂြိုဟ်ဆည်ကြီး ပြီးစီးပါက လယ်ယာမြေဧက (၈၅၀၀) ကို ရာသီမရွေးရေပေးဝေ နိုင်မည်ဖြစ်သည်။ ယခုအခါဆည်ကြီး၏ (၄၀) ရာနှုန်းပြီးစီးနေဖြစ် ကြောင်းနှင့် ရာဇဂြိုဟ် ဆည်တည် ဆောက်ရေးစီမံကိန်းသည်သဘာ ၀ပတ်ဝန်းကျင်ပျက်စီးမှုနည်းပါးပြီး၊  ထိုဆည် စီမံကိန်းကြောင့်မည်သည့် ကျေးရွာမျှပြောင်းရွေ့ဖယ်ရှားခြင်း မရှိကြောင်း သိရသည်။ 

From..Hows New

No comments:

Post a Comment