အမေရိကန် လေတပ်သည် ၎င်းတို့ တီထွင် ထုတ်လုပ်ထားသော
Convair B-58 Hustler အမျိုးအစား ဗုံးကြဲဂျက် လေယာဉ်အား စမ်းသပ်ပျံ
သန်းခဲ့စဉ်က ယင်းလေယာဉ်၏ ဒုံးကန်အားသုံး အရေး ပေါ် ထိုင်ခုံပေါ်တွင် ဝက်ဝံတစ်ကောင်ကို လိုက်ပါစေလျက် စမ်းသပ် ခဲ့ခြင်း ဖြစ်ကြောင်း အင်တာနက် သတင်း
တစ်ရပ်အရ သိရသည်။
Convair B-58
Hustler အမျိုးအစား ဗုံးကြဲဂျက် လေယာဉ်ကို ၁၉၅ဝ ပြည့်နှစ် များအတွင်း
အမေရိ ကန် လေတပ်က တီထွင်ထုတ်လုပ် ခဲ့ခြင်းဖြစ်ပြီး ဒုံးကန်အားသုံးအရေးပေါ်
ထိုင်ခုံပေါ်တွင် လူသားများ လိုက်ပါလျက် လေယာဉ်မှ တွန်းကန်ထုတ်သည့်စနစ်ကို
အစောပိုင်းကာလများတွင် စမ်းသပ်မှုများပြု လုပ်ခဲ့ သော်လည်း လူများသေဆုံး
ခဲ့သည့်အတွက် စမ်းသပ်မှုမှာ အောင်မြင်ခြင်း မရှိခဲ့ပေ။ လူသားများနေ ရာတွင် ဝက်ဝံများကို အစားထိုးစမ်းသပ်ရန် စီစဉ်ခဲ့ကြသည်။
ထို့နောက် လူသားများနှင့် အရွယ်အစားအားဖြင့် နီးစပ်မှုရှိသည့် ဟိမဝန္တာနှင့် အမေရိကန် ဝက်ဝံနက်များကို အသုံးပြု၍ စမ်းသပ်မှုများပြုလုပ်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြ သည်ဟု သိရသည်။
၁၉၆၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် Edwards လေတပ် အခြေစိုက် စခန်းအထက်အမြင့်
ပေ ၃၅ဝဝဝ အကွာ၌ အသံထက် ၁ ဒသမ ၃ဆ အမြန်နှုန်းဖြင့် ပျံသန်းနေ သော လေယာဉ်မှ
ဝက်ဝံတစ်ကောင်ကို တွန်းကန်ထုတ်ခဲ့ကြောင်း၊ ရှစ်မိနစ်နီးပါးအကြာတွင်
ဝက်ဝံနှင့်တကွ အရေးပေါ်ထိုင်ခုံသည် ဘေး အန္တရာယ် ကင်းစွာဖြင့်
မြေပြင်ပေါ်သို့ ဆင်းသက် လာခဲ့ကြောင်း သိရသည်။
၎င်းအရေးပေါ်ထိုင်ခုံကို လေထဲတွင်လွင့်မျောနေ စေရန်တီထွင်ထားပြီး ၎င်းထိုင်ခုံတွင်
အစား အစာများ၊ လေထီးနှင့် အခြား အသက်ကယ် ပစ္စည်းများကိုလည်း
တပ်ဆင်ထားကြောင်း သိရသည်။
မြ၀တီ
အမေရိကန် လေတပ်သည် ၎င်းတို့ တီထွင် ထုတ်လုပ်ထားသော
Convair B-58 Hustler အမျိုးအစား ဗုံးကြဲဂျက် လေယာဉ်အား စမ်းသပ်ပျံ
သန်းခဲ့စဉ်က ယင်းလေယာဉ်၏ ဒုံးကန်အားသုံး အရေး ပေါ် ထိုင်ခုံပေါ်တွင် ဝက်ဝံတစ်ကောင်ကို လိုက်ပါစေလျက် စမ်းသပ် ခဲ့ခြင်း ဖြစ်ကြောင်း အင်တာနက် သတင်း
တစ်ရပ်အရ သိရသည်။
Convair B-58 Hustler အမျိုးအစား ဗုံးကြဲဂျက် လေယာဉ်ကို ၁၉၅ဝ ပြည့်နှစ် များအတွင်း အမေရိ ကန် လေတပ်က တီထွင်ထုတ်လုပ် ခဲ့ခြင်းဖြစ်ပြီး ဒုံးကန်အားသုံးအရေးပေါ် ထိုင်ခုံပေါ်တွင် လူသားများ လိုက်ပါလျက် လေယာဉ်မှ တွန်းကန်ထုတ်သည့်စနစ်ကို အစောပိုင်းကာလများတွင် စမ်းသပ်မှုများပြု လုပ်ခဲ့ သော်လည်း လူများသေဆုံး ခဲ့သည့်အတွက် စမ်းသပ်မှုမှာ အောင်မြင်ခြင်း မရှိခဲ့ပေ။ လူသားများနေ ရာတွင် ဝက်ဝံများကို အစားထိုးစမ်းသပ်ရန် စီစဉ်ခဲ့ကြသည်။
ထို့နောက် လူသားများနှင့် အရွယ်အစားအားဖြင့် နီးစပ်မှုရှိသည့် ဟိမဝန္တာနှင့် အမေရိကန် ဝက်ဝံနက်များကို အသုံးပြု၍ စမ်းသပ်မှုများပြုလုပ်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြ သည်ဟု သိရသည်။
၁၉၆၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် Edwards လေတပ် အခြေစိုက် စခန်းအထက်အမြင့် ပေ ၃၅ဝဝဝ အကွာ၌ အသံထက် ၁ ဒသမ ၃ဆ အမြန်နှုန်းဖြင့် ပျံသန်းနေ သော လေယာဉ်မှ ဝက်ဝံတစ်ကောင်ကို တွန်းကန်ထုတ်ခဲ့ကြောင်း၊ ရှစ်မိနစ်နီးပါးအကြာတွင် ဝက်ဝံနှင့်တကွ အရေးပေါ်ထိုင်ခုံသည် ဘေး အန္တရာယ် ကင်းစွာဖြင့် မြေပြင်ပေါ်သို့ ဆင်းသက် လာခဲ့ကြောင်း သိရသည်။
၎င်းအရေးပေါ်ထိုင်ခုံကို လေထဲတွင်လွင့်မျောနေ စေရန်တီထွင်ထားပြီး ၎င်းထိုင်ခုံတွင် အစား အစာများ၊ လေထီးနှင့် အခြား အသက်ကယ် ပစ္စည်းများကိုလည်း တပ်ဆင်ထားကြောင်း သိရသည်။

No comments:
Post a Comment