Tuesday 25 December 2012

ရုရှားသို့ ရောက်ရှိ လာတဲ့ Sony Xperia V

ရုရှားနိုင်ငံအတွက် ဆိုနီကုမ္ပဏီရဲ့ ထုတ်ကုန် Xperia စမတ်ဖုန်းများ ဈေးကွက်ထဲသို့ စတင် ရောက်ရှိလာခဲ့ပြီး ပြိုင်ဘက် စမတ်ဖုန်းများနဲ့ယှဉ်ရင် အတန် ငယ် ဈေး ပိုမြင့်နေတာကို တွေ့ရှိရပါတယ်။  Xperia V စမတ်ဖုန်း ဟာ ဆီနီ Xperia T ရဲ့ ရေစိုခံနိုင်ငံတကာ ဗားရှင်းဖြစ် ပြီးသောကြာနေ့မှာ ရုရှားနိုင်ငံသို့ စတင်တင်ပို့ခဲ့ပါတယ်။ Xperia V ရဲ့ တန်ကြေးဟာ အတန်ငယ် မြင့်မားနေပြီး contract မပါတဲ့ ဗားရှင်း Xperia V စမတ်ဖုန်း
တစ်လုံးကို ရုရှားငွေကြေး ရူဘယ်လ် ၂၄၉၉၉ ဖြင့် ရောင်းချမှာဖြစ်ကာ အမေရိကန် ဒေါ်လာ ၈၁၅ သို့မဟုတ် ယူရို ၆၂၃ သို့မဟုတ် စတာလင် ၅၀၅ နှင့် ညီမျှပါတယ်။ ဒါ့ကြောင့် ပြိုင်ဘက် စမတ်ဖုန်းများနှင့် တန်ဖိုး ကွာဟနေပြီး Tablet တစ်လုံးရဲ့ ဈေးနှုန်းခန့် ရှိနေပါတယ်။ အနက်ရောင် Xperia V ကို အွန်လိုင်းမှ စတင် မှာယူနိုင်ပြီ ဖြစ်ပြီး ရက်အနည်းငယ် အကြာမှာ ပေးပို့သွားမှာပါ။ အခြား လက်လီ အရောင်းဆိုင်များ သို့လည်း ဒီဇင်ဘာ ၁၆ ရက်နေ့မှာ စတင် ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အဖြူရောင် Xperia V ကတော့ သင်္ဘောဖြင့် တင်ပို့နေဆဲဖြစ်ပြီး ကြိုတင်အမှာစာ လက်ခံနေပြီ ဖြစ်ပေမယ့် ရောက်ရှိလာမယ့် ရက်စွဲ ကိုတော့ မသိရှိရသေးပါဘူး။ ပြင်သစ်နိုင်ငံမှာ ဖြန့်ချိဖို့ ကြောညာထားခဲ့တဲ့ Sony Xperia V စမတ်ဖုန်းတွေ ကတော့ မျှော်လင့်ထားတာထက် နောက်ကျခဲ့ပြီး Jelly Bean OS ဖြင့် လာမယ့်ဇန်နဝါရီလမှသာ ပါရီမြို့သို့ ရောက်ရှိလာ နိုင်မယ်လို့ယူဆရပါတယ်။ ဆိုနီဟာ Xperia VL နဲ့ Xperia AX စမတ်ဖုန်း များကိုလည်း ဂျပန်နိုင်ငံ ပြည်တွင်း စမတ်ဖုန်း ဈေးကွက်သို့ တင်ပို့ခဲ့ပါတယ်။ ဆိုနီ Xperia V ဟာ 4.3" အရွယ် TFY Display ပါဝင်ပေမယ့် 342 ppi pixel Density ရှိတာကြောင့် အလွန် ကြည်လင်တဲ့ HD ရုပ်ထွက်ကို ထောက်ပံ့ ပေးနိုင်မှာပါ။ အချိုးအစားက 129×65×10.7 mm (5.08×2.56×0.42 လက်မ) ဖြစ်ပါတယ်။ Micro Sim အမျိုးအစား ဖြစ်ပြီး 120 g (ပေါင်ဝက်ခန့်) သာ လေး ပါတယ်။ ခြစ် ရာဒဏ်ခံနိုင်တဲ့ မှန်ပြင်အသုံးပြုထားပြီး ရေစိုဒဏ်၊ ဖုန်ဒဏ်တို့ကိုလည်း မြင့်မားမစွာ ခံနိုင်ရည်ရှိပါတယ်။ Storage 8GB ပါဝင်ကာ Micro SD Card ဖြင့် 32 GB အထိ ထပ်မံ တိုးချဲ့နိုင်တယ်။ ရုရှနိုင်ငံအတွက် ဗားရှင်းမှာ Android 4.0.4 ICS ကိုသာ သုံးစွဲထားပြီး Jelly Bean Update ရရှိနိုင်မှာ ဖြစ်ပါတယ်။ Xperia V ကို အနက်၊ အဖြူ၊ ပန်းရောင် ၃ မျိုးဖြင့် ထုတ်လုပ်မှာပါ။
Ref : Yatanarpon

No comments:

Post a Comment