Tuesday 25 December 2012

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ရပ်မိရပ်ဖ လူကြီးကို လက်သီးနှင့်ထိုး

ရန်ကုန်တိုင်း မှော်ဘီမြို့ နယ် ၄ ရပ်ကွက်တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၉နာရီခန့် က ပြုလုပ်သော ရပ်ကွပ်အုပ် ချုပ်ရေး မှူး ရွေး ချယ်ပွဲတွင် လက်ရှိရာအိမ်မှူးက ရပ်မိရပ်ဖ ၅ ဦးထဲမှတစ်ဦးအား လည်ပင်း ညှစ်၍ လက်သီးနှင့် ထိုးခဲ့ကြောင်း မြင်တွေ့ခဲ့ရသူ ရက်ကွက်နေ ဦးကျော်သက်ထွန်းက The Voice Weekly သို့ ပြော ကြားသည်။

အဆိုပါ ရပ်ကွက်၏ ငါးဦး ကော်မတီက ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် လက်ရှိ အုပ်ချုပ်ရေး မှူးနှင့် အဖွဲ့ဝင်များကို ရည်ရွယ်၍ မဆိုင်သည့်လူများ အပြင်ထွက်ရန် ပြောကြားခဲ့သည့်ကို လက်ရှိ အုပ်ချုပ်ရေး မှူး ဦးသိန်းဝင်းက “ခင်ဗျားဘယ်လောက် အဆင့်ရှိလို့လဲ။

 ဘယ်လောက် အကျိုးသက်ရောက်မှု ရှိလို့လဲ” ဟုဆိုကြောင်း ယင်းနောက် လက်ရှိရာအိမ်မှူး ဦးသိန်းထိုက်က ရပ်မိရပ်ဖအဖွဲ့ဝင် ဦးမြင့်သန်းကိုလည်ပင်းညှစ်၊ လက်သီးနှင့် ထိုးခဲ့ ကြောင်း ၄င်းက ရှင်းပြ သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မှော်ဘီမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ၊ လက်ရှိအဆိုပါ ရာအိမ် မှူးကို အရေးမယူ သေးကြောင်း နာယကအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးမြင့်သန်းက The Voice Weekly သို့ပြောဆိုသည်။ “အရင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲက ဥပဒေနဲ့မသွားပဲ ဥပဒေအပြင်ဘက်ကနေ သွားနေတယ် “ ဟု ခံလိုက်ရသူ နာယက အဖွဲ့ဝင် ဦးမြင့်သန်းက ဆိုသည်။

အဆိုပါရပ်ကွက်တွင် ဆယ်အိမ်စုမှူး ၂၀ဝဝန်းကျင်ရှိပြီး ယင်း ဆယ်အိမ်စုမှူးများထဲမှ အုပ်ချုပ်ရေး မှူးကို ရွေးချယ်မည်ဖြစ်ပြီး ယင်းရန်ပွဲကြောင့် အုပ်ချုပ်ရေးမှူးရွှေးချယ်ပွဲကို ဒီဇင်ဘာလ၂၆ရက်နေ့ သို့ပြောင်းရွှေးထားကြောင်း ယင်း ရပ်ကွက် ရပ်မိရပ်ဖများထံမှ စုံစမ်းသိရှိရသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရေးအဖွဲ့ နာယကဖြစ်သူ ဦးမြင့်သန်း က မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့တိုင်ကြားခဲ့ရာ အဆိုပါရဲတပ်ဖွဲ့စခန်းက ရာအိမ်မှူးဦးသိန်းထိုက် ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၂၉၄/၁၄၄/၃၂၅ တို့ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

The Voice Weekly

No comments:

Post a Comment