Tuesday 25 December 2012

ဖြူးမြို့တွင် သံဃာတော်များမှ မြို့နယ်ဆေးရုံရှိဆိုင်းဘုတ်များအား ဖျက်ဆီး


၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖြူးမြို့၊ ဘူတာတောင် ရပ်ကွက်၊ သပြေတန်းဘုန်းကြီး ကျောင်းမှ အရှင်ဆန္ဒိမာ ( ၁၆)နှစ် သည် ဖြူးမြို့ နယ်ပြည်သူ့ဆေးရုံတွင် သွေးဝမ်းသွား သွေး အန် သည့်ရောဂါဖြင့် ဆေးကုသမှုခံယူနေစဉ် ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်တွင် ပျံလွန်တော်မူသွားခဲ့ပါသည်။ ထိုကဲ့ သို့ ပျံလွန်တော်မူခြင်းနှင့် ပတ်သတ်ပြီး သပြေတန်းကျောင်းတိုက် ဆရာတော် ဥူးဝါယမိန္ဒနှင့် ကျောင်း တိုက်ရှိ သံဃာ ၅ ပါးတို့မှ နေ့လည် ၂ နာရီအချိန်တွင် ဆေးရုံသို့ရောက်ရှိလာပြီးမြို့နယ် ဆရာ ၀န်နှင့် ဆေးရုံ ၀န်ထမ်းများအား ကျေနပ်မှုမရှိကြောင်း ဆူပူ ကြိမ်းမောင်းခဲ့သဖြင့် ဆေးရုံဝန်ထမ်းများမှ ဖြူးမြို့နယ် ရဲစခန်းအား အကြောင်းကြားခဲ့သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူးတို့ ရောက်ရှိလာပြီး ဆရာတော် များကို တောင်းပန်ခဲ့ရာ နေ့လည် ၂ နာရီခွဲခန့် တွင် ကျောင်းတိုက်သို့ ပြန်ကြွသွားကြောင်း သတင်းရရှိခဲ့ပါ သည်။
ဆက်လက်ပြီး ၄င်းဖြစ်စဉ်အား မကျေနပ်သဖြင့် ရွှေတောင်ကျောင်း စာသင်တိုက်မှ သံဃာတော် အပါး ၃၀ ခန့်သည် ညနေ ၅ နာရီခန့်တွင် မြို့နယ်ပြည့်သူ့ဆေးရုံသို့ရောက် ရှိလာ ပြီး ဆေးရုံ နံရံတွင် ရေးသား ထားသော“လူနာများကို နွေးထွေးစွာကြိုဆိုပါ၊ စေတနာနှင့်ပြုစုကုသပါ ” ဟူသော ဆိုင်းဘုတ်အပါအ၀င် ဆိုင်းဘုတ် ၂ ခုအား ရိုက်ချိုးဖျက်ဆီးခဲ့ပါသည်။ သံဃာတော်များဖျက်ဆီးမှုကြောင့် ညနေ ၆ နာရီခန့်တွင် ကျော်လှစု ကျောင်းတိုက်ဆရာတော်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး တို့ ရောက်ရှိ လာပြီး ဖျောင်းဖျတောင်းပန် လျှောက်ထားသဖြင့် အဆိုပါသံဃာတော်များသည် ညနေ ၆နာရီ ခန့်တွင် ရွှေကျင်ကျောင်း တိုက်သို့ ပြန်လည် ကြွရောက်သွားကြောင်း သတင်းရရှိပါသည်။

အမေ့အိမ်

No comments:

Post a Comment