Wednesday 3 October 2012

တပ်မတော်သာဒီမိုကရေစီလမ်းကြောင်းပေါ်တွင်မားမားမတ်မတ်ပြည်သူများနှင့်အတူတူလျှောက်ပြီဆိုပါကနောက်ကြောင်းပြန်လှည့်ရန်အလားအလာမရှိသလောက်ဖြစ်သွားမည်ဟုမြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပြောကြား




ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆန်ဖရန်စစ္စကိုရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် တွေ့ရစဉ်  Photo:suu-sf.blogspot.com

တပ်မတော်သာဒီမိုကရေစီလမ်းကြောင်းပေါ်တွင်မားမားမတ်မတ် ပြည်သူများနှင့်အတူတူလျှောက်ပြီဆိုပါက နောက်ကြောင်း ပြန်လှည့်ရန်အလားအလာမရှိသလောက် ဖြစ်သွားမည်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
စက်တင်ဘာလ၂၉ရက်နေ့က ပြုလပ်ခဲ့သောအမရေိကန်နိုင်ငံဆန်ဖရန်စစ္စကို မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် မြန်မာပြည်နိုင်ငံရေးအခြေအနေသည်မည်သည့်အဆင့်ရောက်ပါက နောက်ကြောင်းပြန်မလှည့်နိုင်ပါဘူးဟုယူဆပါလဲ၊ထိုအခြေအနေရောက်အောင်ဘယ်လိုဝိုင်းဝန်းပြီးတော့လုပ်ကြရပါမည်လဲဟူသော
မေးခွန်းအား၎င်းက ပြန်လည်ဖြေကြားရာတွင်ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။နောက်ကြောင်းမပြန်နိုင်သည့်အဆင့်ဆိုသည်မှာမရှိနိုင်ပါကြောင်း၊အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည်စစ်အုပ်ချုပ်မှုအောက်ကို ရောက်သွားသည့်၁၉၆၂ခုနှစ်ကဆိုလျှင်ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊အဆိုပါဒီမိုကရေစီနိုင်ငံတစ်ခု၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည့်အစိုးရအုပ်ချုပ်သည့်အနေအထားမှ နေ့ချင်းညချင်းစစ်အုပ်ချုပ်မှုအောက်ကို ရောက်သွားကြောင်း၊ထို့ကြောင့် နောက်ကြောင်း ပြန်လှည့်ရန်မရသည့်အခြေအနေဆိုသည်မှာအင်မတန်မှ ပြောရခက်ပါကြောင်း၊တကယ်ပဲရှိနိုင်သလားဆိုပါကမူရှိနိုင်ပါကြောင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကထည့်သွင်းဖြေကြားခဲ့သည်။
''နောက်ကြောင်း ပြန်မလှည့်နိုင်တဲ့အခြေအနေကဘယ်လိုလဲဆိုတော့ ပြည်သူလူထုအားလုံးဟာ နောက်ကြောင်းပြန်လှည့်ဖို့ကိုလုံးဝမလိုလားတဲ့အချိန်ရောက်မှပါ။အဲဒီဟာကတော့ တော်တော်အချိန်ယူရမှာပါ။အခုလောလောဆယ်တော့ကျွန်မတို့အနေနဲ့ဒီလောက်ရောက်လို့ရှိရင်၊ဒီအခြေအနေရောက်ရင် နောက်ကြောင်းပြန်လှည့်မှာမဟုတ်ဘူးလို့ ပြောရမှာခက်ပါတယ်။တစ်ခုတော့ကျွန်မပြောချင်ပါတယ်။ကျွန်မတို့ မြန်မာနိုင်ငံကတပ်မတော်ဟာဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မားမားမတ်မတ်ပြည်သူတွေနဲ့အတူတူ လျှောက်ပြီဆိုရင်တော့ နောက်ကြောင်း ပြန်လှည့်ဖို့အလားအလာမရှိသလောက် ဖြစ်သွားမယ်လို့တော့ကျွန်မတို့ယုံကြည်လို့ရပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ယနေ့တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက်သာဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရန်အတွက်အုပ်ချုပ်ရေးပိုင်းမှာဝင်ရောက်စွက်ဖက်ရန်မရှိကြောင်း၊ နိုင်ငံရေးအပိုင်းတွင်လည်းဖွဲ့စည်းပုံအခြေခံဥပဒေကိုအကာအကွယ်ပေးသည့်သဘောသာရှိကြောင်း၊တပ်မတော်၏အဓိကအလုပ်မှာတိုင်းပြည်ကိုကာကွယ်ရန်သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတက စက်တင်ဘာလ၂၈ရက်နေ့ကအမေရိကန်တွင် မြန်မာမီဒီယာသမားများနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။ထို့ပြင်စက်တင်ဘာ၂၉ရက်နေ့တွင်BBC၏Hardtalkအစီအစဉ်နှင့် တွေ့ဆုံခန်းတွင်လည်း နိုင်ငံတော်သမ္မတကလွှတ်တော်တွင်၂၅ရာခိုင် နှုန်းနေရာယူထားသောစစ်တပ်အနေဖြင့်တိုင်းပြည်၏နိုင်ငံရေးတွင်အဓိကကျသည့် အခန်းကဏ္ဍမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Form- Eleven Media Group

No comments:

Post a Comment