Wednesday 3 October 2012

သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ(MSMA)မှ ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒထုတ်ဖော်ရန် နိုးဆော်ခြင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားဒေသ၊ ရာမူး(ပန်းဝါ)မြို့စသော နေရာအချို့တွင် ဗုဒ္ဓဘာသာ ဘုန်းေ တာ် ကြီးကျောင်းများ၊ ဘုရားဆင်းတုတော်များ၊ လူနေအိမ်များနှင့် စာသင် ကျောင်းကို အစ္စလာမ်ဘာသာဝင် မွတ်စလင်လူမျိုးများက ပြီးခဲ့သည့် စက်တင်ဘာလ ၂၉-ရက်နေ့မှစတင်ကာ ၀င်ရောက်မီးရှို့ ဖျက်ဆီးေ နကြ ပါ သည်။   ထိုကဲ့သို့ ဗုဒ္ဓဘာသာဝင် ညီအစ်ကို မောင်နှမများ တစ်ဖက်သတ် အနိုင်ကျင့်၊
အစော်ကား ခံနေရသည့်အရေးကို ဗုဒ္ဓဘာသာရဟန်း တော်များအနေဖြင့် လျစ်လျူရှုမထား သင့်သောကြောင့် Buddhist Cultural Centre (BCC) ဆရာတော် ဘဒ္ဒန္တ၀ိမလဇောတိ ခေါင်းဆောင်  ၍ သန်ဖက် ခါ (၀၄.၁၀.၂၀၁၂) ကြာသပတေးနေ့ တွင် ကိုလံဘိုမြို့၊ မြို့တော်ခန်းမ(Town Hall)မှ ကုလသ မဂ္ဂကိုယ်စားလှယ်(UN)ရုံးရှေ့အထိ လမ်းလျှောက်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ပါသည်။ 
ထို ဆန္ဒ ထုတ် ဖော်ရာတွင် ပူပေါင်း ပါဝင်ကြရန် BCC ဆရာတော်က ဘုန်းကြီးဦးပဏ္ဍိတမှ တစ်ဆင့် တပည့် တော် တို့ သီရိလင်္ကာ ရောက် မြန်မာရဟန်းတော် တို့အားလည်း ဖိတ်ကြားခဲ့ပါသည်ဘုရား။ သို့ဖြစ်ပါ၍ ပူပေါင်း ပါဝင် ဆန္ဒထုတ်ဖော်လိုကြသော သံဃာတော်များအနေဖြင့် သီရိလင်္ကာရောက် မြန်မာကျောင်း သား ရဟန်းတော်များ(MSMA)အဖွဲ့ရုံးခန်းသို့ တိုက်ရိုက်ဖြစ်စေ၊ ဖုန်း 075 4135359 သို့ဖြစ်စေ စာရင်းပေး သွင်းနိုင်ကြပါသည် ဘုရား။ ကြိုပို့အတွက် ကားစီစဉ်ပေးမည်ဖြစ်ပါ၍ မနက်ဖြန်(၀၃.၁၀. ၂၀၁၂)ဗုဒ္ဓ ဟူးနေ့ နောက်ဆုံးထား စာရင်းများ ပေးသွင်းတော်မူကြပါရန် လည်း အသိပေး လျှောက်ထားအပ် ပါသည်ဘုရား။

ဆန္ဒထုတ်ဖော်ပွဲကို (၀၄.၁၀.၂၀၁၂)ရက်၊ နေ့လည် ၁.၃၀ မိနစ်တွင် စတင်မည်ဖြစ်ရာ မကုဋာ ရာမ၊ ဗောဓိပင်အောက်သို့ နေ့လည် ၁၂.၃၀ မိနစ်အရောက် ကြွရောက်ပေးတော်မူကြပါရန် စာရင်းပေးသွင်းထားကြသော သံဃာတော်အရှင်မြတ်တို့အား ကြိုတင်အသိပေးလျှောက်ထား အပ်ပါ သည် ဘုရား။

သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များ(MSMA)အဖွဲ့
 
ref:ဒီမိုဝေယံ

No comments:

Post a Comment