Wednesday 3 October 2012

အီရန်နိုင်ငံ၏ အခြေခံ အဆောက်အအုံများ၊ ဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီများ ဆိုက်ဘာတိုက်ခိုက်မှုခံ ရ

 
အီရန်နိုင်ငံ၏ အခြေခံ အဆောက်အအုံများ၊ ဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီများ ဆိုက်ဘာတိုက်ခိုက်မှုခံ ရပြီးနောက် တစ်နိုင်ငံလုံးတွင် အင်တာနက်သုံးစွဲမှု အခက်အခဲများ တွေ့ကြုံခဲ့ရကြောင်း အီရန်အစိုးရ တာဝန် ရှိသူတစ်ဦးက ယနေ့ ထုတ်ဖော်ပြောကြားသည်။
ကမ္ဘာ့ရေနံတင်ပို့မှုအများဆုံး နိုင်ငံများတွင် နံပါတ် ၅ အဆင့်၌ ရပ်တည်နေသည့် အီရန်သည် ၂၀၁၀ ခုနှစ်က Stuxnet ကွန်ပျူတာဗိုင်းရပ်စ်ဖြင့် တိုက်ခိုက်ခံရပြီးနောက်ပိုင်း နိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးကို တင်းကျပ်ထားခဲ့သော်လည်း ယခုကဲ့သို့ ဆိုက်ဘာတိုက်ခိုက်မှု နောက်တစ်ကြိမ် ခံခဲ့ရခြင်းဖြစ်သည်။ အင်္ဂါနေ့က ဆိုက်ဘာတိုက်ခိုက်မှု အများအပြား တွေ့ကြုံခဲ့ရသဖြင့် နိုင်ငံတွင်း အင်တာနက်သုံးစွဲမှုကို ကန့်သတ်ခဲ့ရကြောင်း အီရန်တာဝန်ရှိသူကဆိုသည်။
 
ref:planet

No comments:

Post a Comment