Wednesday 3 October 2012

အမျိုးသမီးငယ် တစ်ဦး ကာဘော်လစ်ဆီသောက် သေဆုံး

ရန်ကုန် ၊အောက်တိုဘာလ ၃

သံလျင် မြို့နယ် ဖားကူး ကျေးရွာတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး ကာဘွန်လစ် ဆီ သောက်၍ သေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်း က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါမိန်းကလေးမှာ ဖားကူးကျေးရွာတွင်နေထိုင်ကာ ဈေးရောင်း လုပ်ကိုင်သူ တစ်ဦး ဖြစ်ပြီး၊ ချစ်သူဖြစ် သူက မကြာခင်ရက်ပိုင်းအတွင်းက လမ်းခွဲခဲ့ကြောင်း၊ အလုပ်လုပ်ကိုင်သော ကုန်စုံဆိုင်မှ ကာဘွန်လစ်ဆီ ပုလင်းအား ယူ၍ နေအိမ်တွင် သောက်သုံးခဲ့ခြင်း ဖြစ်သည်ဟု မှုခင်း မှတ်တမ်းများအရ သိရသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်းအမှတ် ၃/၁၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သရက်ပင်ချောင် ရဲစခန်းထံမှ သိရသည်။

REF: The Voice Weekly

No comments:

Post a Comment