Wednesday, 3 October 2012

ခရိုနီ နှင့် ဒီမိုကရေစီ တွေ့ကြပြီ

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အင်းလျားလိပ်ဟိုတယ်ဝင်းအတွင်းရှိ ဒီဂျေဘားတွင် ယမန်နေ့ည သန်းခေါင် အချိန်မှာ လူငယ်များ အချင်းများရာမှ ကားဖြင့် တိုက်သည့်အတွက် မောင်ဝေအောင် အမည် ရှိ ဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိသည်။

ဖြစ်ပွားပုံမှာ ဒီဂျေဘားတွင် လူငယ်များအချင်းများကြပြီးအဆိုပါ ဆေးကျောင်း သား
မောင်ဝေအောင် နှင့် သူငယ်ချင်း များ ပြန်ထွက်လာစဉ် လူငယ်တစ်ဦးမှာ လန်ခရူဆာမော်တော် ကားဖြင့် လိုက်လံတိုက်သဖြင့် ရှောင်တိမ်းသော်လည်း မောင်ဝေအောင်ကို ၀င်ရောက်တိုက် ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆေးတက္ကသိုလ်ကျောင်းသား မောင်ဝေအောင်၏ ဦးလေးဖြစ်သူ ၈၈ မျိုးဆက်ကျောင်း သား ကိုဌေးကြွယ်က “ဒီဖြစ်စဉ်က ရမ်းကားမှုတစ်ခုပဲ။ သူ့လက်ထဲ မှာ သေနတ်ရှိနေ ရင် သေနတ်နဲ့ ပစ်မှာပဲ။ မြန်မာပြည်မှာ ဥပဒေစိုးမိုးမှုရှိအောင် လုပ်ကြမယ်ဆိုရင် ဒီလိုကိစ္စ မျိုးတွေကို တိတိ ကျကျ ကိုင်တွယ် ကြရလိမ့်မယ်”ဟု ဆိုသည်။

အလားတူ ဦးလေးတစ်ဦးဖြစ်သူ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြိုးမင်းသိန်းက “ဒီလူ ငယ်လေးက ဒါမျိုးဖြစ်တာ ဒါပထမအကြိမ် မဟုတ်ဘူး။ သူ့မိဘ အ၀န်းအ၀ိုင်းက အကာအကွယ်ပေး ကြတယ်။ နောက်ကြရင် ဒီထက် ပိုဆိုးသွားလိမ့်မယ်။ ဒီကလေးကို ဥပဒေဆိုတာ ဘာလဲ၊ ဥပဒေ ဘာကြောင့် လိုက်နာဖို့လိုအပ်သလဲဆိုတာသိအောင် လုပ်ဖို့က သူ့မိဘနဲ့ အ၀န်းအ၀ိုင်းမှာ လည်း တာဝန်ရှိ တယ် ” ဟု ဆိုပါသည်။

အဆိုပါကျောင်းသား မောင်ဝေအောင်မှာ ဦးခေါင်းနှင့် မျက်နှာတို့တွင် ကားတိုက်ခံရသော ဒဏ်ရာများ ရရှိထားပြီး ညာဘက်ညှပ်ရိုးကျိုးသွားကြောင်း သိရသည်။ ဦးနှောက်နှင့် အာရုံကြောဌာန ရန်ကုန်ဆေးရုံကြီး တွင် ကုသလျက်ရှိသည်။
 
ref:The Myanmar Independent News Journal

No comments:

Post a Comment