Wednesday 3 October 2012

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးကော်မတီ အရွယ်မရောက်သေး သူများအရေး ထိရောက်စွာဆောင်ရွက်နိုင်မှု မရှိသေး

မြန်မာနိုင်ငံအနေဖြင့်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကော်မတီများအား မြို့နယ်တိုင်းတွင် ဖွဲ့ စည်း ထားသော်လည်း ကလေးသူငယ်များ ၏ အခွင့်အရေးအားထိရောက်စွာ ကာကွယ်နိုင်ခြင်းမရှိသေးေ ကြာင်း၊ ပြည်ကြီးခင်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်နွယ်ဇင်အေးက ပြောသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ၏ ကလေးသူငယ်အခွင့် အရေးများ ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ဝင် နိုင်ငံအဖြစ် သဘောတူ လက်မှတ်ရေးထိုးကာ ပြည်နယ်နှင့် တိုင်းဒေသကြီးအအသီးသီးရှိ မြို့ နယ်များ၌ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးကော်မတီ(CRC) များကို ဖွဲ့စည်းထားကြောင်း သိရ သည်။ ထိုကော်မတီ၌ လူမှုဝန်ထမ်း ဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာန စသောဌာနဆိုင်ရာများအပြင် ပြည် တွင်း ပြည်ပNGO အဖွဲ့အစည်းများ လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး CRCကော်မတီအေ နဖြင့် ကလေး သူငယ်များ ၏ အခွင့်အရေးများ အား ကာကွယ်စောင့်ရှောက်ရန် အတွက် နှစ်စဉ်စီမံကိန်း များ ပြုလုပ်   နေသော်လည်း လက်တွေ့တွင် အကောင်အထည် ဖော်ဆောင် ရွက်နိုင်မှုနည်းပါးခြင်း၊ ဝန်ကြီးဌာနများ၏
ပေါင်းပါဝင်မှု မရ  ရှိခြင်း နှင့် နည်းပါးခြင်း၊ အထက်အဖွဲ့ အစည်းနှင့် အောက်ခြေအဖွဲ့အစည်း များအကြား ကွာ ဟချက်များ ဖြစ်နေ ခြင်းတို့ကြောင့် ကလေးသူငယ်များ ၏ အခွင့်အရေး အားထိရောက်စွာ ကာ ကွယ်ပေးနိုင်ြ ခင်း မရှိသေး ကြောင်း ၄င်းက ရှင်းပြသည်။

''ကလေးသူငယ်တွေရဲ့ အခွင့် အရေးရဖို့ CRC ကော်မတီအနေ နဲ့ အလုပ်မလုပ်ဘူးလား ဆိုတော့ လည်း အလုပ်တော့ လုပ်တယ်။ ဒါပေမဲ့ လက်တွေ့ အကောင် အထည်ဖော်မှု နည်းပြီး On Paper ပေါ်မှာပဲ အလုပ် ကရှိတာ များ တယ်။ နောက်တစ်ချက်က အချို့ သော ဝန်ကြီးဌာနတွေက ဝန်ထမ်း အရာရှိကြီးတွေ ကိုယ်တိုင် ကလေး သူငယ်အခွင့်အရေးတွေကို မသိနား မလည်လို့လည်း ဖြစ်နိုင်သလို၊ ပူးပေါင်းပါဝင် မှုလည်း မရှိတဲ့အခါ ကျတော့ နိုင်ငံတော်အဆင့် နဲ့ အောက်ခြေအဆင့်မှာ ကွာဟချက် တွေ ရှိနေပြီး ထိထိရောက်ေ ရာက် ဆောင်ရွက်လို့ မရဘူးဖြစ်နေတယ်။ ဒါ့အပြင် ကော်မတီအနေနဲ့ ရပ်ရွာ အခြေပြု လူထုကို ကလေးသူငယ် ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အသိ ပညာပေးမှုတွေ နည်းပါးနေသေးတဲ့ အပြင် ချိတ်ဆက်ဆောင်ရွက် မှုတွေ လည်း နည်းနေသေးတယ်'' ဟု ၄င်းက ဆိုသည်။

ထိုသို့ CRC ကော်မတီနှင့် ရပ်ရွာလူထု အခြေပြု လူမှုအဖွဲ့ အစည်းများ အနေဖြင့် ကလေးသူ ငယ်များ၏ အခွင့် အရေးအား ထိ ရောက်စွာ ကာကွယ်စောင့်ရှောက် မှု မပေးနိုင်သည့်အတွက် ကလေး သူငယ်များ အကြား ရပိုင်ခွင့်များ ဆုံးရှုံးကာ အရွယ်မရောက်မီ စစ်မှု ထမ်းရခြင်း၊ လူကုန်ကူး ခံရခြင်း၊ လိင်အကြမ်း ဖက်မှုခံရခြင်း၊ မတရား ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် အတင်း အဓမ္မတောင်းရမ်း စားသောက် ရန် စေခိုင်း ခံရခြင်းများကို တွေ့ကြုံနေ ရဆဲဖြစ်ကြောင်း ထပ်မံသိရသည်။

ရန်ကုန်တိုင်း ဒေသကြီး လူမှု ဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးတင်ဇော်မိုးက ကလေးသူ ငယ်များ၏ ရပိုင်ခွင့် အခွင့်အရေး များအား ဆောင်ရွက်ရာ၌ နိုင်ငံ တော်အစိုးရပိုင်း တစ်ခု တည်းဖြင့် ဆောင် ရွက်ခြင်း မှာ အောင်မြင်မှု မရရှိနိုင်ဘဲ ရပ်ရွာအခြေပြု ပြည်သူ လူထုက ဝိုင်းဝန်းကူညီမှသာလျှင် ကလေးသူငယ် များ၏ အခွင့်အရေး အား အပြည့်အဝ ကာကွယ်နိုင် မည် ဖြစ်ကြောင်း၊ ထိုသို့ ကူညီ ဆောင်ရွက်ပါက ကလေး သူငယ် ဆိုင်ရာ အခွင့်အရေးများ ချိုးဖောက် ခံနေရသော ကလေးသူငယ် များ သာမက လေ လွင့်နေသော ကလေး ငယ်များပါ လျော့ပါးသွားနိုင်မည် ဖြစ်ကြောင်း ပြောသည်။
 
ref:popular

No comments:

Post a Comment